အပိုင်း ( ၈ )

28 0 0
                                    

ဟိုလှိမ့်ဒီလှိမ့်ဖြင့်အချိန်သုံးနာရီခန့်ကုန်ဆုံး
ပြီးသကာလ။
kaozuသည်အိပ်မပျော်နိုင်သောရောဂါစွဲ
ကပ်နေသူမဟုတ်ပါဘဲအဘယ်ကြောင့်အိပ်
မပျော်ရသနည်း။
မျက်လုံးမှိတ်လိုက်တိုင်းနေ့လည်ကငြိမ်းချမ်း
မေ၏ပုံကိုသာမြင်ယောင်လာမိလေသည်။
သူမိန်းကလေးများရေချိုးနေသည်ကိုအကြိမ်ပေါင်းများစွာတွေ့ရဖူးသည်။တစ်ခါမှ
ယခုကဲ့သို့ခံစားမှုမျိုးမဖြစ်ခဲ့ဖူးချေ။
ရေချိုးနေသောထိုမိန်းကလေး၏ပုံရိပ်
သည်သူ့အာရင်ခုန်စေသည်မှဆန်းကြယ်
သည်ဟုယူဆမိသည်။
'ရှင်မအိပ်သေးဘူးလား..'
အသံရုတ်တရက်ထွက်လာသည်မို့လှည့်
ကြည့်လိုက်မိတော့..
သူမ၏မျက်လုံးတို့သည်ဖြာကျနေသော
လရောင်အောက်ဝယ်တလက်လက်။
'သြော်..အိပ်မပျော်လို့ပါ..'
'ဆန်းကြယ်ပါပေ့..kaozuကအမြဲအိပ်ယာထဲ
ဝင်လိုက်တာနဲ့အိပ်ပျော်သွားပြီးမနက်ကြမှ
နိုးလာတတ်သူပဲ..ခုမှအိပ်မပျော်ဘူးဆိုတော့
ဆန်းကြယ်တယ်နော်..'
သက်သက်ငေါ့၍ပြောနေခြင်းလားမပြောတတ်မိမိရင်ထဲခံစားရသမျှငြိမ်းချမ်းမေအား
ထုတ်ပြောလိုက်ချင်ပါ၏..
​မသိစိတ်ကတော့သူမကိုချစ်နေမိသော်လည်း
သိစိတ်ကလက်မခံချင်သေး။
ပြီးတော့ဖွင့်ပြောလိုက်သည်ပင်ထားဦး
ဟိုကတစ်မျိုးအထင်ခံရမှာကိုလည်းစိုးသည်။
ထို့အတူသံယောဇဥ်လျော့သွားမှာကိုလည်း
စိုးမိသည်သာ။
....................
မနက်ရောက်တော့မနက်စာစားပြီးတာနှင့်
စံလွန်းအိမ်တို့အိမ်ဘက်တစ်ယောက်တည်း
ထွက်လာခဲ့သည်။
ရင်ထဲမှာမြိုသိပ်မထားနိုင်တော့ပြီ..
ကာယကံရှင်မဟုတ်သော်ငြားသူက
အကူအညီတော့ပေးနိုင်မည်ထင်သည်။
'စံလွန်းအိမ်..စံလွန်းအိမ်ရေ..'
အိမ်ထဲမှစံလွန်းအိမ်ထွက်လာကာ..
'kaozu..လာလေ..'
'အင်း..ငြိမ်းချမ်းမေမပါတော့ဘူး..
သူကျန်ခဲ့တယ်..'
'ကဲ..ဘာကြောင့်စောစောစီးစီးထွက်လာရ
တာလဲ..'
'ဒီလို..တိုင်ပင်စရာလေးရှိလို့'
'တိုင်ပင်မယ်..ဟုတ်လား..'
'ကိုယ်ရေးကိုယ်တာနဲ့နည်းနည်းတော့
ဆက်စပ်တာပေါ့လေ'
'အင်း. ပြောကြည့်ပါ..'
'ကျွန်မ..ကျွန်မငြိမ်းချမ်းမေကိုချစ်နေမိပြီ
ထင်တယ်...'
'ဘာ...ဘာရယ်..kaozu'
စံလွန်းအိမ်ကိုယ့်နားကိုယ်ပင်မယုံနိုင်....သို့ရာ
တွင်ကန့်ကွက်ဖို့တော့သူမကြိုးစားမိ..
ရေစက်ဟုသာသူယူဆပါသည်။
ချစ်သူတို့ရေစက်ဆုံသည်ဆိုသည်မှာ
ယောက်ကျ်ားလေးနှင့်မိန်းကလေးမှ
ရေစက်ဆုံတတ်ကြသည်မဟုတ်ပဲ။
'ဟုတ်တယ်..ကျွန်မတစ်ယောက်ယောက်ကို
ထုတ်မပြောပဲမနေနိုင်တော့လို့ပါ'
'အင်း...ရေစက်လို့ပဲဆိုရမှာပေါ့ရှင်..
ကျွန်မကတော့ခုအချိန်ဖွင့်မပြောစေချင်
သေးဘူး..ဘာလို့ဆို..ငြိမ်းချမ်းမေနဲ့ရှင်က
ရင်းနှီးတာသိပ်မှမကြာသေးပဲ..
ဒီတော့ဒီအတိုင်းဘာမှမဖြစ်သလိုနေလိုက်
ပါ..'
kaozuဝမ်းသာမိပါ၏..သူ့ကိုအကြံပေး
သောလူတစ်ယောက်ရှိနေပြီမို့ပင်..။
သူဖွင့်ပြောရင်ဟိုကပြန်ချစ်ဖို့မျှော်လင့်ရတာ
ပေါ့..ပြန်မချစ်တော့လဲကံပဲပေါ့လေ..
'စံလွန်းအိမ်..ရှင်သိလား...ကျွန်မသာ
ယောကျာ်းလေးဆိုရင်သူ့ကိုခုချက်ချင်း
ဖွင့်ပြောမိမှာပဲ..ခုဟာက..'
'ရှင့်ခံစားချက်ကိုကျွန်မနားလည်ပါတယ်..
ရေစက်ဆိုတာပါလာရင်ဆုံကိုဆုံရမှာပါ..
ဘယ်သူတွေဘယ်လောက်ခွဲခွဲပေါ့...
ရှင်နဲ့ငြိမ်းချမ်းမေကလူမျိုးမတူတာတောင်
အတူဆုံဆည်းခွင့်ရသေးတာပဲ..သူ့ကို
တစ်ချိန်ချိန်မှာချစ်ခွင့်ရှိလာမှာပါ...'

KaozuWhere stories live. Discover now