'နင်အဲ့လိုပဲသူ့ကိုပြောခဲ့တာလား..နင်ကငါ
တို့နှစ်ယောက်ကိုအောင်သွယ်နေတာလား'
စံလွန်းအိမ်ကခပ်တိုးတိုးရယ်လိုက်ကာ...
'နင်ခုထိချစ်တဲ့သူမတွေ့သေးဘူး..ဟုတ်
အဲ့တော့နင်သူ့ကိုချစ်လိုက်ပါဟာ..'
'ဒါပေမဲ့..မိန်းကလေးအချင်းချင်းကြီးလေ..'
စံလွန်းအိမ်သက်ပြင်းချကာ..
'ဒီမှာ..ဒါမျိူးကမသင့်တော်ဘူးဆိုတာငါသိတယ်..တကယ်ဿိုယ့်စိတ်ပဲဟ..နင်တကယ်
မကြိုက်တဲ့ယောက်ကျားတစ်ယောက်ကိုယူ
ပြီးစိတ်ဆင်းရဲနေတာထက်စာရင်နင့်အတွက်
ပေးဆပ်မဲ့မိန်းကလေးကပိုကောင်းပါတယ်'
'ကဲပါ...ငါသွားတော့မယ်..'
စံလွန်းအိမ်ဆီအကြံဉာဏ်သွားတောင်းရာ
ခုတော့ kaozuအားကြိုက်လိုက်ရန်သာ
အကြံပေးခံလိုက်ရသည်။
သူစိတ်ကိုမသေချာဖြစ်နေလို့မဖြစ်ဆိုတာ
သူသိပါသည်။..သို့ရာတွင်ပါးစပ်မရဲ
ပြန်ပါ..။
.................
'ပြန်လာပြီလား..'
kaozuကပြုံးလျှက်မေး၏
'အင်း..'
ခပ်ပြတ်ပြတ်ပြောကာစာအုပ်တစ်အုပ်ကိုဆွဲ
ယူပြီးဖတ်နေသယောင်လုပ်နေပြန်၏
ကျွန်မဘယ်လိုပြောရမလဲ..ကျွန်မရှင့်ကို
ချစ်ပါသတဲ့ဆိုပြီးတော့ပဲအဖြေပြန်ပေးရမလား..ငြင်းလိုက်ကောင်းမလားမသိပါဘူးလေ..။
အမှန်တော့သူမငြင်းရဲပါ..ငြင်းလိုက်လို့
ဟိုကစိတ်မကောင်းဖြစ်သွားမှာကိုလည်း
သူမလိုလားပြန်ချေ။ငြိမ်းချမ်းမေသည်
တစ်သက်လုံးရည်းစားစကားအပြောမခံခဲ့ရဖူးပေ။..သူ့ကိုလည်းကြိုက်မည့်ရွာသားမှမရှိပဲ..။
...................
'အမေ..သမီးတို့နှစ်ယောက်လမ်းလျှောက်
ထွက်ဦးမယ်..'
သူအပြင်သို့လှမ်းငေးရင်းပြောလိုကိသည်။
kaozuကအပြင်မှာရပ်စောင့်နေသည်။
ဒီညကြမှဘာလို့ရင်တွေခုန်နေမှန်းသူမသိတော့ပါ..ညမွှေးပန်းတို့၏ရနံ့..အေးမြသော
လေညှင်းတို့ကလဲမမေ့နိုင်ဖွယ်ရာညတစ်ည
ကိုဖော်ဆောင်ပြန်ပါသည်။
ရှေ့မှလျှောက်နေသော kaozuအားမေး
လိုက်သည်။
'kaozu...ဒီညရှင့်စိတ်ထဲရောဘယ်လိုဖြစ်နေလဲ'
'ခံစားချက်တစ်ခုဖြစ်နေတယ်..'
'ဘယ်လိုမျိုးလဲ'
ငြိမ်းချမ်းမေတစ်ယောက်သိချင်ဇောဖြင့်မေး
လိုက်သည်။
'စကားနဲ့ပြောဖို့ခက်တယ်..ဘယ်လိုပြောရပါ့
မလဲ..ရှင်နားလည်အောင်..'
ငြိမ်းချမ်းမေသည်သူ့ရှေ့က kaozuကိုကြည့်ရင်းပြုံးမိလာပါသည်။
'ဒီလိုဆိုရင်ကော..'
'ဟင်..ရှင်..ဘာလုပ်..'
နှုတ်ခမ်းချင်းထိသွားသည့်တစ်ခဏ..
ငြိမ်းချမ်းမေကရုတ်တရက်ဖက်နမ်းလိုက်တော့kaozuကအငိုက်မိသွားသည်။
'ချစ်လို့လေ..ရှင်လေးကို..ကျွန်မခံစားချက်ကိုသိသွားပြီသိလား..ရှင့်ကိုချစ်တယ်..'
နမ်းနေရာမှခွာ၍ငြိမ်းချမ်းမေဝန်ခံမိသည်။
'သိသားပဲ..ရှင်ကတော်တော်မူနိုင်တယ်နော်..'
'မူရမယ်လေ..တစ်ဘဝလုံးစာရည်ရွယ်တော့လဲမူရတာပေါ့..'
'ပြောတတ်တယ်နော်..'
ခေါင်းလေးအားအသာအယာနမ်းရှိုက်လိုက်ပြီးသူမပြုံးလိုက်မိသည်။
ဒီအကြောင်းကိုစံလွန်းအိမ်သာသိပါက
မည်မျှပျော်လိမ့်မည်နည်း။
....................
YOU ARE READING
Kaozu
Romansaဒီficကတော့အရင်နဲ့မတူဘဲ၁၉၄၂ရဲ့အငွေ့အသက်တွေကို ခံစားရမဲ့GL ficတစ်ပုဒ်ပါ။