တစ်ခုသောနေ့လည်ခင်းတွင်ဖြစ်သည်။
ငြိမ်းချမ်းမေတစ်ယောက်စာအုပ်များကို
ဗီရိုထဲမှဆွဲထုတ်နေသည်။
နေ့ခင်းနေ့လည်အားလျှင်စာအုပ်များကိုဖတ်
နေတတ်သည်ကသူ့အကျင့်ဖြစ်သည်။
'ငြိမ်းချမ်းမေ..ထွဠ်ရန်နိုင်ရော..'
'အော်..သိတဲ့အတိုင်းပဲရွာထဲသွားတယ်'
ငြိမ်းချမ်းမေ၏မိခင်ကတော့တစ်ဖက်ရွာကို
ခရီးထွက်သွားတာတစ်လပင်ပြည့်တော့မည်။
ပြောခဲဖူးသည့်အတိုင်းသူတို့နေသောရွာကား
ခေါင်သည်။တောနက်ထဲတွင်ထူးထူးခြားခြား
တည်ရှိနေသောရွာလေးဖြစ်သည်မို့
မိမိကစာတစ်စောင်ရေးပို့လိုက်လျှင်ပြန်စာ
ရောက်လာဖို့မသေချာနိုင်..အကြောင်းမှာ
စစ်တွင်းကာလဖြစ်နေသောကြောင့်ပင်
ဖြစ်သည်။
'ရှင့်ကိုနမ်းချင်လို့..'
ပါးပြင်ပေါ်သို့နှုတ်ခမ်းတစ်စုံကျရောက်သွား
သည်။
'ငြိမ်းချမ်းမေ..စစ်ကြီးပြီးရင်ရှင့်ကိုဂျပန်
ခေါ်သွားမယ်..သိလား..'
'အင်းပါ..ကျွန်မအမေကလက်ခံတယ်ဆို
ရှင်နဲ့လိုက်ခဲ့မယ်လေ..'
ငြိမ်းချမ်းမေလည်းkaozuအားပြန်နမ်းလိုက်
သည့်အချိန်ထွဠ်ရန်နိုင်အိမ်ပေါ်တက်လာ
သည်နှင့်ကြုံတော့သည်။
သူတို့သုံးဦးလုံးခဏမျှငြိမ်နေကြသည်။
ဦးစွာသတိဝင်လာသူကားkaozu။
'ကျွန်မတောင်းပန်ပါတယ်..ကျွန်မလေ..'
တောင်းပန်သံကိုထွဠ်ရန်နိုင်ကဂရုမစိုက်..
'kaozu..ခင်ဗျားဗျာ..ကျုပ်..အစ်မနဲ့..'
အောင့်သက်သက်ဖြစ်နေသောလေသံ
ဖြင့်ပြောသည်။
ပြသနာကလွယ်မှာမဟုတ်။
'ထွဠ်ရန်နိုင်..ငါတောင်းပန်ပါတယ်ဟာ..
အမေ့ကိုအဲဒီအကြောင်းမပြောပါနဲ့နော်'
ငြိမ်းချမ်းမေကပါတောင်းပန်တော့သည်။
ထွဠ်ရန်နိုင်သည်kaozuကိုပဲအပြစ်ပြောရ
မလား..ထိုအရာကိုတွေ့ဖြစ်အောင်တွေ့လိုက်သောမိမိကိုယ်ကိုပင်အပြစ်တင်ရမလား
စဥ်းစားရကျပ်သွား၏။
'ဟာ..မမဘာသာပဲလုပ်တော့ဗျာ..ကျွန်တော်
ဝင်မပါတော့ဘူး..အစတည်းကပြောခဲ့တယ်
ဒီဇာတ်လမ်းမမစတာလို့'
ထိုင်ခုံပေါ်တွင်ခြေပစ်လက်ပစ်ထိုင်ချလိုက်ကာပြောလိုက်သည်။
'ဒါဆို..ဒီဟာကိုဖုံးထားပေးမယ်မဟုတ်လား
ဟင်..'
'အင်း..သူများချစ်ခြင်းကိုခွဲပြန်တော့လည်း
စိတ်မချမ်းသာဖြစ်ရဦးမယ်..ပြသနာကို
စတဲ့သူကကိုယ့်ရဲ့အစ်မအရင်းဖြစ်နေတော့
ခက်ပါဘိ'
မည်သို့ပင်ဆိုစေ..စိတ်တော့အေးသွားရပြီ
ဖြစ်၏..
ရေတစ်ခွက်ကိုမော့ချလိုက်ပြီးမှ
ထွဠ်ရန်နိုင်ကဆိုသည်။
'ဒါဆို..မမတို့ကချစ်သူတွေဖြစ်နေကြပြီပေါ့'
'အင်း..'
kaozuကမဆိုင်းမတွပင်ဖြေသည်။
'အင်း..တယ်လည်းဆန်းကြယ်တာပဲ..
ကိုယ့်အစ်မရဲ့ဖူးစာဖက်ကယောက်ကျာ်းလေးလို့ထင်ခဲ့တာ'
'ဒါပေမဲ့ဟာ..ဘယ်တတ်နိုင်ပါ့မလဲ..'
'ဟိုဟာလေ..နင်အမေ့ကိုတော့ပြန်မပြောဘူး
မဟုတ်လား..'
'အဲ့တာကျွန်တော့်နဲ့မှမဆိုင်တာ..မမတို့နဲ့ပဲ
ဆိုင်တာလေ..ပြီးတော့ချစ်ခြင်းကိုလဲ
မခွဲချင်ပါဘူးဗျာ'
သူတို့နှစ်ယောက်ဝမ်းသာသွားကြသည်။
.............
'ကျွန်မရွာထဲသွားမလို့..'
kaozuကပြောသည်။
'မသွားပါနဲ့တော့လား..မှောင်တောင်နေပြီ'
'ရပါတယ်..ခုလေးတင်ပြန်လာမှာ..
လမ်းခဏထွက်လျှောက်မလို့'
ဒီလိုနှင့်ရွာလမ်းမပေါ်ရောက်လာခဲ့သည်။
ထိုစဥ်သူ၏ရှေ့တည့်တည့်မှာထွဠ်ရန်နိုင်
ပြောဖူးသောလူကြီးဖြင့်ဆုံသည်။
ကုတ်အရှည်ကြီးနှင့်စစ်ဘောင်းဘီကို
ဝတ်ထားသည်။..ကုတ်အက်ျီ၏ခေါင်းစွပ်ကို
ချွတ်လိုက်သောအခါ..သူမအံ့သြသွားရ
သည်။
'အဖေ..'မကြာခင်အခန်း၂ရောက်တော့မယ်နော်
YOU ARE READING
Kaozu
Romanceဒီficကတော့အရင်နဲ့မတူဘဲ၁၉၄၂ရဲ့အငွေ့အသက်တွေကို ခံစားရမဲ့GL ficတစ်ပုဒ်ပါ။