အပိုင်း( ၃ )

40 0 0
                                    

'မငြိမ်းချမ်းမေ...ကျွန်မကိုရေလေးနည်းနည်း
လောက်..'
'အင်း..ရမယ်..ဒါနဲ့ကျွန်မကိုမငြိမ်းချမ်းမေလို့
ခေါ်နေရတာထောက်မနေဘူးလား..ငြိမ်းချမ်း
မေလို့ပဲခေါ်ပါ'
'ဟို..မလေးစားရာကျမှာစိုးလို့ပါ'
'ရပါတယ်..ဒါတွေမလိုပါဘူး'
စကားတပြောပြောဖြင့်သူမ၏မိခင်ရှိရာရွာဆီသို့ရောက်လာကြသည်။
ထိုရွာသို့တောလမ်းကျွမ်းကျင်သူများသာ
လာရောက်နိုင်သဖြင့်ဂျပန်များအလွယ်တကူ
ရှာမတွေ့နိုင်..ထို့အပြင်သူတို့ရွာတွင်လည်း
ဂျပန်ဘက်ကပါမည့်သူမရှိပေ။
ဒီတော့ငြိမ်းချမ်းမေတစ်ယောက်မာတာမိခင်
ကြီးအားနားလည်အောင်ရှင်းပြရပေဦးမည်။
သူမအသက်ငယ်စဥ်တည်းကအဖေဆုံးခဲ့
သဖြင့်ဖခင်ဖြစ်သူ၏မျက်နှာကိုပင်
သူမမှတ်မိခဲ့..အခြားသူများက
'နင့်အဖေကဘယ်လိုမျိုးလဲ'ဟုမေးလာခဲ့လျှင်သူမဆွံ့အနေရသည်ချည်းသာ..။
'အမေ..အမေ..'
မိခင်ဖြစ်သူသည်အိမ်ထဲမှထွက်လာသည်။
'သမီးရယ်..လာတော့လည်းချက်ချင်းကြီး
စာလေးဘာလေးပို့တာလည်းမဟုတ်ဘူး'
'ချက်ချင်းကြီးထွက်လာရလို့ပါ..ခါတိုင်းဆို
အမေ့ဆီစာပို့ပြီးမှလာတာပဲလေ'
'အေးပါ..ညည်းမှန်တယ်..ငါပဲမှားတာ..'
'ဟီး..ဒါကသမီးသူငယ်ချင်းလေ..kaozuတဲ့'
'kaozu..ဘယ်လို...ဂျပန်စစ်သားလား!'
'တိုးတိုးအမေရ..သမီးရှင်းပြမယ်..သူက
သမီးတို့ဘက်က..အမေ့အစ်ကိုကမယုံလို့
တော်တော်ပြောယူထားရတယ်'
'နင်ပြောမှသတိရတယ်..နင့်ဦးလေးကော'
'သူကဟိုဘက်ရွာမှာကျန်ခဲ့တယ်..'
'ဒီလိုအန်တီ..မနက်ဖြန်ဆိုဂျပန်စစ်သားတွေ
ငြိမ်းချမ်းမေတို့ရွာကိုဝင်စီးမှာ..ကျွန်မက..'
kaozuကခဏစဥ်းစားလိုက်ကာ..
'တပ်ပြေးဆိုပါတော့..'
'နင်တို့ဟာကမဟုတ်သေးပါဘူး
ဂျပန်တွေဝင်စီးမယ်လဲပြောသေး..
နင့်ဦးလေးကဘာလို့ဒီကိုလိုက်မလာတာတုံး
မသိရင်သူ့မှာအသက်အပိုပါသလိုလိုနဲ့'
'အဲဒါပြောတာပေါ့အမေရာ..ကျွန်တော်တို့ကို
သက်သက်ရွဲ့တဲ့သဘောပေါ့..'
'အင်းနော်..သူကလဲ..'
'ဒီအတိုင်းဆိုနင်တို့ရွာကပြာကျမှာတော့
ကျိန်းသေတယ်'
'အင်း..ရွာကအသိတွေတောင်နှုတ်မဆက်
လိုက်ရဘူး..'
'ဟာ..မမကလဲ..ကိုယ်မသေတာပဲကံကောင်း
တယ်..kaozuအချိန်မီရောက်မလာရင်
ကျွန်တော်တို့သေမလားရှင်မလားမသိဘူး'
'ဟုတ်တယ်..ငြိမ်းချမ်းမေ..ရှင်တို့ပြောတာ
မှန်တယ်..ကျွန်မပြောရဲတယ်..ရှင်တို့ရွာက
လူတွေအမှုန့်တောင်ကျန်မှာမဟုတ်ဘူး
ကျွန်မအဖေကဇက်ရဲလက်ရဲနဲ့'
.....................
ရေနံဆီမီးအိမ်ထွန်းထားသောအခန်းတွင်
လူနှစ်ယောက်ထိုင်နေကြသည်။
ထွဠ်ရန်နိုင် နှင့် သူ၏မိခင်ဖြစ်သည်။
'ရှင့်တို့ပြောတဲ့ထဘီဆိုတာဘယ်လိုကြီးလဲ
ဝတ်ရတာမသက်မသာကြီး'
'အဲဒါဝတ်ခါစမို့ပါ..နောင်ဆိုရှင်အသားကျ
သွားမှာ'
'ဟိုနှစ်ယောက်တော်တော်ကြာနေပြီနော်..'
ထွဠ်ရန်နိုင်ကလှမ်းနောက်၏..
ငြိမ်းချမ်းမေ၏ခပ်ဆတ်ဆတ်အသံထွက်လာသည်။
'ငထွဠ်..ဒီမှာဘယ်လောက်ခက်ခက်ပြောယူ
နေရသလဲသိလား..kaozuကဂျင်းဘောင်းဘီ
ပဲဝတ်တာတဲ့..ဂျင်းဘောင်းဘီကမြို့တက်
ဝယ်ရမှာ..ပိုက်ဆံတွေကုန်လှချည်ရဲ့မို့..'
'အော်..မမရဲ့မဟာအလုပ်ကြီးကဘယ်လောက်ခက်ခဲကြောင်းသိပါပြီဗျာ..
ဟား..ဟား..ဟား..'
ငြိမ်းချမ်းမေတစ်ယောက်စိတ်ကိုမနည်းထိန်း
နေရသည်။..ဒီကောင်ရဲ့ခေါင်းကိုစိတ်ရှိလက်ရှိခေါက်စမ်းချင်စမ်းပါဘိ။
'တော်ပါတော့ရှင်ရယ်..လူကပုသလောက်..
ဒေါသကချက်ချင်းထွက်တော့တာပဲနော်..'
kaozuကပါအရွှန်းဖောက်ပြန်ရာ..
ငထွဠ်မှာအတောမသတ်တော့ပါချေ။
သြော်..ထိုအိမ်ငယ်လေးတွင်ထာဝရ..
ရယ်သံတို့လွှမ်းခြုံနေစေချင်ပါသည်။
.....
ကဲ..ဒီရက်ပိုင်းနည်းနည်းနားမယ်နော်
နောက်တပိုင်းနဲ့အတူပြန်လာခဲ့ပါ့မယ်..
Love








KaozuWhere stories live. Discover now