အပိုင်း ( ၁ )

1 0 0
                                    

"ငထွဠ်ရေ..ငထွဠ်"
ငြိမ်းချမ်းမေကငထွဠ်၏အိပ်ခန်းထဲပြေးဝင်လာကာအော်ခေါ်သည်။
"မမရာ..ဘယ်အချိန်ရှိသေးလို့လဲ..အစောကြီးဟာကို"
"ဟဲ့..ဦးလေးအောင်ရောက်နေပြီ"
"ဟင်..ဟုတ်လား"
ငထွဠ်အောက်ထပ်ဆင်းသွားသည်။
မနက် ၆နာရီကျော်ပြီမို့အမေဘုန်းကြီးကျောင်းသို့ဆွမ်းသွားကပ်ပြီးပြန်လာတော့မည်။
အမေကအစောဆုံးထနိုင်သူဖြစ်သည်။
ရွာဦးကျောင်းဆီမှတုံးမောင်းခေါက်လျှင်
သူနိုးပြီ။ဆွမ်းချက်ခြင်းနှင့်အခြား
ဆောင်ရွက်စရာများပြီးစီးသည်နှင့်
မနက်၆နာရီထိုးခါနီးလောက်ဆို
သူထွက်သွားပြီဖြစ်သည်။
.....
"တော်သေးတာပေါ့ဦးလေးရယ်..
ဦးလေးကစာမလာသတင်းမကြားနဲ့
တစ်နှစ်နီးပါးလောက်ပျောက်သွားတာကိုး"
"ပျောက်ဆိုငါကဟိုမှာငြိမ်နေရတာကိုးဟ
စစ်အခြေအနေနဲ့ဒီကိုဝုန်းခနဲတန်းလာလို့
မှမရသေးတာပဲ..ဒါနဲ့မေးပါဦးမယ်
နင်နဲ့တွေ့နေကျဂျပန်မလေးရော
မရှိပါလား"
ထိုစကားကငြိမ်းချမ်းမေ၏ဒဏ်ရာကို
ပြန်ဆွသလိုဖြစ်သွားသည်။
"ခုသူပြန်သွားပါပြီ..."
"အင်းလေ..နင်လဲခံစားမနေပါနဲ့..
နင်သူငယ်ချင်းပြန်လာချင်လာနိုင်ဦးမှာပါ"
"သြော်..ဒါနဲ့ဦးလေး..ဦးလေးနေခဲ့တဲ့ရွာက
လူတွေအကြောင်းပြောပြပါဦးဗျ"
ရှေ့တိုးရမလား..နောက်ဆုတ်ရမလား
အခြေအနေကိုငထွဠ်ကဝင်ထိန်းပေးလိုက်သည်။
.......
ထိုရွာမှကျောင်းထိုင်ဆရာတော်ကြီးမှာ
အဆစ်အမြစ်ကိုက်ခဲသောရောဂါကိုခံစား
နေရသည်မှာကြာခဲ့လေပြီ။
အစပိုင်းတွင်းကောင်းမလိုနှင့်နောက်ပိုင်းတွင်
ပို၍သာဆိုးသာလေသည်။
ရွာသားများထိုကိစ္စနှင့်အငြင်းပွား
နေကြတုန်းဦးလေးအောင်ကကုသပေး
လိုက်ရာပျောက်ကင်းသွားလေ
သည်။
ထိုမှစ၍ဦးလေးအောင်ကိုရွာသားများက
"ဆရာကြီး"ဟုဆိုကာကြည်ညိုလေးစား
ကြလေသည်။
ရွာကခေါင််သည်မို့ရွာသားတွေက
ကျန်းမာရေးဗဟုသုတနည်းပါးကြသည်မှာ
အပြစ်မဆိုသာပေ..ရွာသားတွေက
စားစရာများကိုဆရာကြီးအတွက်ဟု
ဆိုကာလာလှူဒါန်းတတ်လေသည်။
ရဟန်းသံဃာများစွန့်ကြဲသော
ဆွမ်းနှင့်ဆွမ်းဟင်းများ၊ရွာသားများ
ကျောင်းသို့လာလှူဒါန်းသော
မုန့်နှင့်သွားရည်စာများအပြင်ကပ္ပိယကြီးက
ပါနေစရာစီစဥ်ပေး အိပ်ရာစီစဉ်ပေးနှင့်မို့
ဦးလေးအောင်အတွက်မပူရပေ။
တစ်ရက် ရဟန်းသံဃာများဆွမ်းဘုဉ်းပေး
ပြီးချိန် ဦးလေးအောင်တစ်ယောက်
နေ့လယ်စာစားရန်ပြင်နေလေ၏။
ဟင်းကတော့ ဟင်းပေါင်းသာရှိသဖြင့်
အနည်းငယ်ထည့်ပြီးစားမည်အပြုတွင်
"ဆရာကြီး..ဆရာကြီးရေ..လုပ်ပါဦးဗျို့"
"ဟာ..ကပ္ပိယကြီးအလန့်တကြားနဲ့ပါလား"
"ရွာထဲမှာရွာသားတစ်ယောက်ပိုးထိလို့ဗျ
အဲ့တာဆရာကြီးလိုက်ခဲ့မှရမယ်
တစ်ရွာလုံးဆရာကြီးကိုသွားပင့်ပါ
တောင်းဆိုနေလို့"
"ဘယ်ဖြစ်မလဲ..ခင်ဗျားရှေ့ကသွား
ကျုပ်လွယ်အိတ်ယူပြီးလိုက်ခဲ့မယ်"
.....
ရွာထဲတွင်လူအုပ်ကြီးသည်စုရုံးလျှက်
"ဟာ..ဆရာကြီးလာပြီဟေ့..ဘေးဖယ်ကြ"
ရွာသားတစ်ယောက်ကအော်လိုက်တာမို့
လူအုပ်ကြီးဘေးသို့လမ်းဖယ်ပေးကြသည်။
လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးမှာ
လဲနေပြီးသူ့ခြေသလုံးတွင်မြွေသွားရာက
အထင်းသား။
ရွာသားတစ်ယောက်ကဒဏ်ရာကို
ပုဆိုးစုတ်တစ်ခုဖြင့်ပတ်၍စည်းပေးရန်
ပြင်နေသည်။
သူ့ပုဆိုးစုတ်ကစုတ်ပြဲရာအပြည့်နှင့်
ဖုန်အလိမ်းလိမ်းတက်နေသည်မှာ
မြင်ရက်စရာမရှိ..ထိုသို့ဆိုလျှင်ဒဏ်ရာ
ပိုးဝင်သွားနိုင်သည်။
"ဟေ့..ဟေ့ဖယ်ကြ..ဖယ်ကြ..
ရေသန့်သန့်နဲ့အဝတ်သန့်သန့်သွားယူခဲ့
ဒီလူရဲခြေသလုံးအရှည်အတိုင်း
ဝါးလုံးတစ်ချောင်းရယ်..ကြိုးတစ်ချောင်း
ရောပဲ..ကြိုးက ကျစ်ထားတဲ့ကြိုး
ဖြစ်စရာမလိုဘူး..မြန်မြန်သွားယူချေ"
ဒဏ်ရာကိုရေဖြင့်သေချာစွာဆေးကြောကာ
အဝတ်ဖြင့်စည်းပေးလိုက်ပါ၏
ထို့နောက်တွင်ကားဝါးလုံးကိုခြေထောက်နှင့်
တွဲချည်ပေးလိုက်သည်။
"ဒီမယ်..ရွာနားမှာဆေးပေးခန်းဖြစ်ဖြစ်ရှိကြလား"
"ရှိပါတယ်ဆရာကြီး..လှည်းပေါ်တက်ပါ"
လှည်းမောင်းသည့်လူငယ်လေးကား
သူ့ကိုရွာခေါ်လာပေးသည့်လူငယ်လေးပင်ဖြစ်တော့သည်။
ယခုလည်းဆေးပေးခန်းသို့လူနာတစ်ယောက်နှင့်ခရီးနှင်ကြချေပြီ။

You've reached the end of published parts.

⏰ Last updated: Jul 25 ⏰

Add this story to your Library to get notified about new parts!

KaozuWhere stories live. Discover now