အပိုင်း( ၅ )

32 0 0
                                    

'ဆိုပါဦး..ဘယ်ကဘယ်လိုမျက်စိလည်လာ
ကြတာလဲ'
စံလွန်းအိမ်၏အမေးကိုငြိမ်းချမ်းမေက
သက်ပြင်းချရင်းဖြေသည်။
'ငါတို့ရွာဂျပန်တွေဝင်စီးလို့ဟ..အဲ့တာငါနဲ့
ငါ့မောင်နဲ့ထွက်ပြေးလာရင်းဒီရောက်လာ
တာ'
'ဟင်..ဒါဆိုနင့်ဦးလေးရော..'
'သူကရွာမှာကျန်ခဲ့တယ်..'
စံလွန်းအိမ်သည်ငြိမ်းချမ်းမေ၏အဖြေကိုကြားပြီးမျက်နှာပျက်သွားသည်။
'အေးပါ..နင့်ဦးလေးအသက်ရှင်ပါစေလို့
ငါမျှော်လင့်ပါတယ်'
'အော်..ဒါနဲ့..သူက..'
စံလွန်းအိမ်ကငြိမ်းချမ်းမေ၏ဘေးတွင်ထိုင်
နေသောမိန်းကလေးကိုကြည့်ရင်းမေးလိုက်
သည်။
'သူကငါတို့ဘက်က..ဂျပန်တပ်ပြေးဆိုပါတော့'
'သူက..'
'အင်းလေ..'
'ငြိမ်းချမ်းမေ..နင်ငါ့နဲ့ခဏလိုက်ခဲ့'
ငြိမ်းချမ်းမေကိုအိမ်ထဲခေါ်လာပြီးမှ
'သူကငါတို့ဘက်ကဆိုတာသေချာရဲ့လား'
'သေချာပါတယ်ဟာ..ဒီရွာကိုဘာမှမလုပ်ဘူး
ပူမနေစမ်းနဲ့..'
ငြိမ်းချမ်းမေ ခတ်ပြတ်ပြတ်ပြောလိုက်တော့
မှစံလွန်းအိမ်ကသက်ပြင်းချသည်။
ထိုဂျပန်မိန်းကလေးသည်ရွာကိုဘာလုပ်
မည်မပြောနိုင်..သူ့သူငယ်ချင်းကတော့
ရဲရဲကြီးအာမခံနေသည်။
'ဟူး..ခက်တယ်ငြိမ်းချမ်းမေရယ်'
စကားခဏပြောပြီးနှစ်ယောက်သားပြန်လာ
ခဲ့ကြသည်။
..........................
'ဒီကျောင်းပဲ..ဆရာ'
'အေး..ငါတက်သွားလိုက်မယ်..ကျေးဇူးပ
မောင်ရင်'
'ဟုတ်ကဲ့'
ကျောင်း၏အပေါ်ထပ်သို့တက်လာမိသည်။
အသက်၁၄နှစ်လောက်သာရှိဦးမည့်ဘုန်း
ကြီးကျောင်းသားတစ်ဦးနှင့်အိပ်ယာထက်တွင်ကျိန်းစက်နေသောရဟန်းတစ်ပါးကို
တွေ့ရသည်။
'ဆရာတော်ဘုရား..ကျောင်းကိုဧည့်သည်
တစ်ဦးရောက်လာပါတယ်ဘုရား..'
ဆရာတော်ကကျိန်းနေရာမှထတော်မူသည်။
ထို့နောက်..'ဒကာကဘယ်သူတုန်းကွဲ့'
'တပည့်တော်ကဆေးဆရာအောင်ဘုန်းရှိန်
ပါ..(.....)ရွာမှရောက်လာခဲ့တာပါဘုရား'
ဆရာတော်ကခေါင်းညိတ်၏
'အရှင်ဘုရားရဲ့ရောဂါကိုတပည့်တော်ကို
ကုခွင့်ပြုပါဘုရား..'
ဦးလေးအောင်၏လျှောက်တင်ချက်ကို
ဆရာတော်ကလက်ခံသည်။
ဆေးကုနေရင်းဆရာတော်အား
ထပ်မံလျှောက်တင်လိုက်ပြန်သည်။
'တပည့်တော်ကိုဒီကျောင်းမှာတည်းခွင့်
ပေးပါဘုရား'
'အင်း..ဒကာတည်းမယ်ဆိုတည်းနိုင်ပါတယ်'
ဤသို့ဖြင့်ဦးလေးအောင်သည်ဘုန်းကြီး
ကျောင်းတွင်တည်းခိုခွင့်ရရှိသွားသည်။
စစ်ပွဲကားပြင်းထန်နေသလိုနေရာတိုင်းတွင်
လည်းဂျပန်တို့ကရှိနေသည်မို့စစ်ပွဲငြိမ်သည့်
အချိန်မှငြိမ်းချမ်းမေတို့မောင်နှမကိုရှာမည်
ဟုဆုံးဖြတ်လိုက်သည်။
.......................
'ကျွန်မခဏအိပ်မလို့..ရှင်ရောနေ့ခင်း
တရေးတမောအိပ်ပါလား'
ငြိမ်းချမ်းမေကတရေးအိပ်ရန်kaozuအား
ကမ်းလှမ်းလိုက်သည်။
'ကျွန်မတရေးမအိပ်တတ်ဘူး.ငြိမ်းချမ်းမေ
ရဲ့ခဏနေရင်ရွာထဲသွားမလို့..ဟိုဟာ..
ရှင့်ရဲ့မောင်ရော..'
'သြော်..ငထွဠ်လား..သူကအမေနဲ့ယာခင်းထဲ
လိုက်သွားတယ်..ညနေမှပြန်လာမယ်ထင်'
'ဒါဆိုဘယ်လိုလုပ်ရမလဲ..'
'ရှင်တစ်ယောက်တည်းသွားပါလား..မနက်က
ရွာလမ်းတွေကိုကျွန်မရှင်းပြခဲ့တာပဲ..'
'အင်း..ကျွန်မဒီရွာရဲ့လမ်းတွေကိုတော့
သိသင့်သလောက်သိနေပါပြီ'
'အင်း..ကျွန်မအိပ်တော့မယ်နော်..'
'အင်း..'
ငြိမ်းချမ်းမေဆီမှခွင့်ပြုချက်ရပြီမို့..
kaozuတစ်ယောက်ရွာလမ်းမဖက်ထွက်ခဲ့
တော့သည်။
မကြာမီစပါးရိတ်သိမ်းချိန်ရောက်တော့မည်
မို့စပါးတို့သည်ရင့်မှည့်ကာ..လေတိုက်ရာသို့
လွင့်လျှက်..
ထိုစဥ်ငါးမျှားတံတစ်ယောက်တစ်ချောင်းစီ
ကိုင်ကာလျှောက်လာသောလူငယ်နှစ်ဦး
နှင့်ဆုံသည်..ပြီးတော့သူတို့နှစ်ယောက်မှာ
ခြင်းတစ်ခြင်းလည်းပါသေးသည်။
'ရှင်တို့ကဘယ်သွားကြမလို့လဲ'
'ငါးမျှားသွားကြမလို့ဗျ..'
တစ်ဦးကဖြေသည်။
'ဘယ်မှာသွားမျှားကြမှာလဲဟင်'
'တောအုပ်ထဲကရေကန်ကြီးဆီသွားပြီး
မျှားကြမှာ'
'ဟုတ်လား..ကျွန်မလည်းလိုက်ခဲ့ချင်လို့
ရမလားဟင်'
မိုးပြာရောင်ထဘီကိုဝတ်ကာခပ်ပါးပါး
အက်ျီ..အသားဖြူဖြူနှင့်အမျိုးသမီးကို
လူငယ်နှစ်ဦးကအကဲခတ်နေကြသေးသည်။
ပြီးမှ
'ခင်ဗျားလိုက်မယ်ဆိုလဲလိုက်ခဲ့လေ'
........................................
''ဝါး..ရေကန်ကတော်တော်လှတယ်နော်..'
'အင်း..ကြည်နေတော့ငါးတွေပေါက်ဖွားကြ
တယ်..ကျုပ်တို့လိုတံငါတွေအတွက်လည်း
ဒီရေကန်ကြီးကထမင်းကျွေးနေတာပေါ့ဗျာ'
ခပ်လှမ်းလှမ်းကသစ်ပင်ကြီးကိုမှီကာ
kaozuတစ်ယောက်ငါးမျှားကြသည်ကို
ကြည့်နေမိသည်။
ရေကန်၏တစ်ဖက်မှာလည်းပန်းပေါင်းစုံ
ဖူးပွင့်ကာလေကလည်းတဖြူးဖြူးဆိုတော့
သူလည်းမှေးခနဲအိပ်ပျော်သွားတော့သည်။
............................
'မမ...မမ..ထပါဦးမမရဲ့'
နေဝင်ရီတရောအချိန်...
ထွဠ်ရန်နိုင်၏နှိုးမှုကြောင့်သူမနိုးသွားသည်။
'ဘာဖြစ်လို့လဲ..'
'ညနေဘက်ကြီးအိပ်မနေနဲ့လေ..မမရာ..'
'ဒါနဲ့..kaozuရော..'
'မသိဘူးလေ..သူဘယ်ရောက်နေတာလဲ'
'နေ့ခင်းတုန်းကအပြင်ထွက်သွားတာ
ခုထိမရောက်ရော့သေးဘူး..ပြသနာပဲ'
'ဟာ..မမကဘာလို့သူ့ကိုတစ်ယောက်တည်း
လွှတ်လိုက်ရတာတုန်း..'
'ငါလဲအိပ်ချင်ဇောနဲ့ပြီးပြီးရောပြောလိုက်တာ
ဟေ့..တောထဲရောက်ပြီလားမသိဘူး..'
'တောထဲမှာကျားတစ်ကောင်သောင်း
ကျန်းနေတယ်တဲ့နော်..တော်ကြာ..'
'ကျစ်...တော်စမ်း..ငထွဠ်..ငါတို့မြန်မြန်
ရှာကြမှာဖြစ်မယ်..နင်ကအမေ့ကိုလိုက်ရှာ
ပြီးတော့ရွာသူကြီးကိုသွားပြော..'
'အင်း..မမကရော..'
'ငါကတောထဲသွားမယ်..'
'ဟာ..တစ်ယောက်တည်းလား..'
ရေနံဆီမီးအိမ်ကိုယူကာသူမပြန်ပြောလိုက်
သည်။
'အေးပေါ့ဟဲ့..မြန်မြန်သာလုပ်စမ်းပါဟာ..
ငါသွားပြီ..'
'ဟာမမ..တစ်ယောက်တည်းမသွားနဲ့လေ'
နောက်ဆီမှစကားများကိုသူမဂရုမစိုက်တော့
ပေ..တောနက်ထဲဝယ်လူပျောက်ရှာပုံတော်
ဖွင့်ရချေပြီတကား...။

KaozuWhere stories live. Discover now