သူမအိပ်ယာနိုးချိန်တွင်မိုးချုပ်နေပီဖြစ်သည်။
ပတ်ဝန်းကျင်တစ်ခုလုံးလည်းအမှောင်ဖုံးနေကာလေတိုက်သံသာကြားနေရသည်။
...............
ငြိမ်းချမ်းမေသည်မီးအိမ်တစ်လုံးကိုင်စွဲလျက်တောထဲသို့ဝင်လာခဲ့သည်။
သူနေ့လည်ကအိပ်ချင်ဇောဖြင့်အပြင်သွား
ခွင့်ပြုလိုက်သည်မှာမှားသွားပီလား။
အကယ်၍သူသာသေဆုံးသွားလျှင်ရွာမျက်
နှာပျက်ရပေမည်။
ပြီးတော့ရွာသူကြီးလည်းအရှက်ရစရာဖြစ်
တော့မည်မို့အသက်နှင့်ရင်းကာတောထဲထွက်ခဲ့ရခြင်း။
ထိုတောသည်သားရဲများရှိ၍ယခင်ကတား
မြစ်နယ်မြေဖြစ်ခဲ့သည်။
ဒါကိုရွာကလူငယ်များကခိုး၍သွားကြခြင်း
ဖြစ်သည်။
သူတို့ကရွာလမ်းတွေနားလည်သူမို့ပြသနာမရှိပေမဲ့ထိုဂျပန်သူလေးတော့လမ်းပျောက်ရပြီ။
'ကိုခင်ရွှေ..ဗျိုး..ကိုခင်ရွှေ..'
'အေး..ထွဠ်ရန်နိုင်..ဘာတုန်းကွ..'
'ခင်ဗျားသားနှစ်ယောက်ထုတ်ခဲ့စမ်းဗျာ'
'ပြသနာရှိလို့လား'
'ရှိတာမှအကြီးကြီးဗျ...'
'ဟိုတစ်ရက်ကဒီရွာရောက်လာတဲ့ဂျပန်မလေးသိလား...'
'အေး..သိတယ်လေ'
'သူအခုတောထဲပျောက်သွားတယ်..ခင်ဗျား
သားနှစ်ယောက်ပယောဂမကင်းဘူး..'
'ဟုတ်လား..မလွယ်ပါလားကွာ'
'အင်း..တောထဲသွားလေတယ်..နေ့လည်က
အဲဒီဂျပန်မလေးလဲပါသွားတယ်..'
'ကျစ်..ဟိုညီအကို..လာခဲ့စမ်း..'
သူ၏သားနှစ်ယောက်ခပ်ကုပ်ကုပ်ရောက်လာသည်။
'နေ့လည်ကမင်းတို့ဘယ်သွားကြလဲ'
'ဟို..ငါမျှားသွားကြပါတယ်အဖေ'
'အေး..မင်းတို့နှစ်ကောင်လုပ်ပုံကောင်းကြသေးရဲ့လား..ဧည့်သည်တစ်ယောက်ပျောက်
သွားရော့တာ..ခပ်အေးအေးနေနိုင်ကြသလား'
ဦးခင်ရွှေဒေါသတော်တော်ထွက်နေပြီ။
'ဒေါသထွက်နေလို့မပြီးဘူးဦးခင်ရွှေ..
ကျွန်တော်တို့ရှာကြမှဖြစ်မယ်'
'အင်း..အချိနိမလင့်ခင်ရှာကြရော့မယ်'
.................
သူမမျက်နှာမှမျက်ရည်တို့တသွင်သွင်စီးနေ
လေသည်။.
ယခုအချိန်တွက်ငြိမ်းချမ်းမေသာရှိခဲ့ပါလျှင်
သူ့ကိုနှစ်သိမ့်နေမည်သာ..။
'kaozu...'
နာမည်အားခေါ်သံနှင့်အတူမီးရောင်လက်ခနဲ
ဖြစ်သွား၏..
'ငြိမ်း..ငြိမ်းချမ်းမေ..'
'စိတ်ပူလိုက်ရတာ..ရှင်ဘာလို့တောထဲထွက်
လာရတာလဲ..ရွာကလူတွေစိတ်ပူကုန်ပြီသိရဲ့လား..'
'ရှင်ပဲခွင့်ပြုလိုက်တာလေ..'
'ခွင့်ပြုပေမဲ့တောထဲလာရသလား..ရွာသား
တွေအခုခေါင်းကြီးကုန်ကြပြီ..'
'မမ..မမငြိမ်းချမ်းမေ..'
ရွာသားတို့သည်မီးအိမ်ကိုယ်စီဖြင့်ထွဠ်ရန်နိုင်ကရှေ့မှဦးဆောင်လျှက်။
'ရွာသူကြီးကိုစိတ်ပူအောင်လုပ်မိလို့ကျွန်မ
တောင်းပန်ပါတယ်ရှင်.ခွင့်လွှတ်ပေးပါနော်'
'ဟင်..ခက်ပါပေ့..ဒီတောကတားမြစ်ထား
တယ်ဆိုတာမသိလေရော့သလားကလေးမ'
'ကျွန်မမနေ့ကမှစရောက်သူမို့မသိပါဘူး'
'အင်း..ဒါဆိုနောက်လဲမှတ်ထားရော့..
ဒီကတားမြစ်နယ်မြေပ..'
...............
နောက်နေ့ငြိမ်းချမ်းမေစျေးမှပြန်လာချိန်
အိမ်ရှေ့တွင်အမေနှင့်စကားပြောနေသော
ဦးခင်ရွှေကိုတွေ့ရလေသည်။
'ရပါတယ်ရှင်..ကျွန်မတို့မှားတာပါ..တစ်ရွာ
လုံးကိုစိတ်အနှောက်အယှက်ဖြစ်သွားစေတယ်မဟုတ်လား...'
'အဲ့လိုလည်းဘယ်ဟုတ်ပါ့မလဲဗျာ..ကျုပ်သားနှစ်ယောက်ကိုကျုပ်မဆုံးမထားလို့ခုလို
ဖြစ်ရတာပါ..တားမြစ်နယ်မြေထဲမဝင်ရဘူး
ဆိုတာသိရဲ့သားနဲ့'
လက်ထဲမှငါးနှစ်ကောင်အားအမေ့ထံပေးလိုက်ကာ..
'ကျုပ်သွားပြီ..'
ဦးခင်ရွှေပြန်သွားပြီးနောက်ငြိမ်းချမ်းမေက
'ဒီနေ့ငါးဟင်းချက်ရမယ်ထင်တယ်..'
'အင်း..သမီးငါးတွေစျေးကဝယ်လာသေးလား'
'အိမ်ယာထတာနောက်ကျသွားလို့အမေရေ
ကြက်သားပဲရခဲ့တယ်..'
'ဒါနဲ့..kaozuရော'
'နင့်သူငယ်ချင်းကမနိုးသေးဘူးဟေ့..
မကြာခင်ဆွမ်းလောင်းရမဲ့အချိန်တောင်
ရောက်တော့မယ်..'
သူတို့ရွာမှာကမနက်ကိုးနာရီဆိုလျှင်ဆရာတော်သည်ဆွမ်းခံကြွတတ်သည်။
ရွာဦးကျောင်းတွင်ကျောင်းထိုင်ဆရာတော်
နှင့်ကိုရင်အချို့သာရှိ၏။
'ခက်တော့တာပါပဲ..'
'kaozu..kaozu..'
အမည်ကိုအော်ခေါ်ရင်းအိပ်ခန်းထဲဝင်လာ
သည်။..မယ်မင်းကြီးမကတုပ်တုပ်မျှမလှုပ်..
ညတုန်းကလဲတစ်ရွာလုံးအုတ်အော်သောင်းနင်းဖြစ်အောင်လုပ်ပြီးယခုသူမဟုတ်သည့်အတိုင်း..
'kaozu..'
'ကျွန်မအိပ်ချင်နေသေးလို့..ငြိမ်းချမ်းမေရဲ့'
'နေမြင့်နေပြီလေ..မကြာခင်ကျွန်မဟင်းချက်
ရဦးမယ်..မနက်စာတောင်ရှင့်အတွက်ဘာမှ
မရှိဘူးရယ်'
'ငြိမ်းချမ်းမေ..ငြိမ်းချမ်းမေ..'
စံလွန်းအိမ်၏အသံကိုကြားရသည်။
YOU ARE READING
Kaozu
Romanceဒီficကတော့အရင်နဲ့မတူဘဲ၁၉၄၂ရဲ့အငွေ့အသက်တွေကို ခံစားရမဲ့GL ficတစ်ပုဒ်ပါ။