မကြည်သောအကြည့်သည်ဦးလေးအောင်
ဆီမှစတင်သည်။..ထို့အတူထွဠ်ရန်နိုင်သည်
လည်းသူ့အားစိုက်ကြည့်လျှက်..
ငြိမ်းချမ်းမေကတော့ယုံသည်။
'ရှင်တို့ပြေးကြပါ..ဂျပန်တွေဝင်လာခဲ့ရင်
အသက်ရှင်ဖို့ကမလွယ်ဘူး..'
နိုင်ငံရေးသုံးသပ်သူများကလည်း
ဂျပန်နှင့်(BIA)တပ်များပူးပေါင်းကာ
ဗြိတိသျှများအားတိုက်ခိုက်ကြခြင်းကို..
'ဂျပန်သည်အများကောင်းကျိုးကိုလိုလား
၍ပူးပေါင်းသည်မဟုတ်..အကျိုးလို၍ညောင်
ရေလောင်းနေခြင်းဖြစ်ကြောင်း' သုံးသပ်သည်။..
'ရှင့်ကိုကျွန်မယုံပါတယ်..'
'မမ...'
ထွဠ်ရန်နိုင်၏အသံထွက်လာသည်။
'မမကသူများပြောတာကိုယုံတယ်ပေါ့..
သူလှည့်ဖျားနေတာလည်းဖြစ်နိုင်တာပဲလေ'
'ဒီမှာ..ငထွဠ်..လူမျိုးကိုကြည့်ပြီးလူကောင်း
လူဆိုးမခွဲနဲ့..သူသာငါတို့ကိုသေစေချင်ရင်
ဒီရွာအထိရောက်မလာဘူး..'
ထွဠ်ရန်နိုင်တွေသွားသည်။..
ဘယ်သူကမှမိမိတို့တပ်ကိုပြန်၍ဖော်ကောင်
လုပ်မည်မဟုတ်ပေ..ငြိမ်းချမ်းမေပြောတာ
သည်လည်းမှန်နေသည်။
'နင်ကဘယ်လိုရောက်လာတာလဲ..ထွက်ပြေး
လာတာလား'
'ဟုတ်ပါတယ်..ကျွန်မကဂျပန်ဗိုလ်ချုပ်ကြီး
တစ်ဦးရဲ့သမီးပါ...အဲဒီညကပေါ့..ကျွန်မ
အဖေနဲ့ကျွန်မစကားများခဲ့ကြတယ်..
သူကရွာတစ်ရွာကိုဝင်စီးဖို့..အကြမ်းဖက်ဖို့
တပ်သားတွေကိုလှုံ့ဆော်နေတဲ့အချိန်ပါ..
ကျွန်မကဝင်တားပါတယ်..တကယ်တိုက်ရ
မှာသည်ရွာသားတွေမဟုတ်ဘဲဗြိတိသျှတွေကိုသာတိုက်ရမှာလို့ပြောပါတယ်...အဖေက
လက်မခံဘဲသူများလူမျိုးအတွက်ဘာလို့
ပူနေစရာလိုသလဲလို့ပြောပါတယ်..
အဲ့ဒီနေ့ညကျွန်မဒီရွာကိုတောလမ်းအတိုင်း
လာခဲ့တာပါ..ဖော်ကောင်လုပ်တယ်လို့
ထင်လဲထင်ခံရပါစေတော့..တကယ်က
အပြစ်မရှိသူတွေဓားစာခံမဖြစ်ဖို့ပါပဲ..'
ဦးလေးအောင်ကယုံသေးပုံမပေါ်..
'ကျွန်တော်တို့မနက်ဖြန်မနက်သွားကြရအောင်'
ငြိမ်းချမ်းမေဝမ်းသာသွားမိသည်..သူ့ဖက်
ပါသူတစ်ယောက်ရှိလာပြီမဟုတ်ပါလား။
'ဦးလေးမလိုက်ရင်လဲကျွန်မအတင်းမခေါ်ပါ
ဘူး..'
'အေးပါ.
လိုက််မယ်လို့လဲမပြောမိပါဘူး''နင်တို့ကောင်းကောင်းသွားကြဦး..'
ဦးလေးအောင်ကဆိုသည်။
မနက်ဖြန်ပင်ဂျပန်တို့ဝင်စီးမည်ကိုမသိသည်
မဟုတ် သိသိကြီးနှင့်အဘယ်ကြောင့်သွေးအေးနေသည့်ဟန်ပေါ်နေရသနည်း။
သို့မဟုတ် ဟန်ဆောင်နေခြင်းလား။
သူကိုယ်တိုင်သာသိပေမည်။
ဦးလေးဖြစ်သူအားနှုတ်ဆက်ကာ
မိခင်ရှိရာရွာဆီလျှောက်ခဲ့တော့သည်။
ထိုခေတ်ကရွာတစ်ရွာနှင့်တစ်ရွာသွားလျှင်
တောတစ်တန်..တောင်တစ်တန်သွားရသည်။
နွားလှည်းများရှိသော်လည်းမစီးရဲဓားပြများ
ရန်ကိုကြောက်ရသေးသည်။
ငြိမ်းချမ်းမေတို့မှာလည်းလက်ဝတ်လက်စား
ဝတ်နိုင်သူတို့မဟုတ်ကြပါ..။
'နာမည်က..kaozu..နော်'
'ဟုတ်တယ်..ကျွန်မအဖေပေးခဲ့တာလေ..'
'သြော်..ဒါနဲ့..ဘယ်လိုလုပ်ပြီးမြန်မာစကားကို
ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တာလဲ'
'ကျွန်မအဖေရဲ့တပ်ထဲမှာလည်းမြန်မာ
စစ်သားတွေရှိတယ်လေ..သူတို့ကသင်ပေးတာရယ်..မြန်မာတွေနဲ့ဆက်ဆံရမှာမို့
မြန်မာစကားကိုလေ့လာတာရယ်ကြောင့်ပါ..'
'ဒီတော့..ရှင်တို့တပ်ထဲကမြန်မာစစ်သား
တွေကရောသဘောကောင်းကြတယ်မဟုတ်
လား..'
'မငြိမ်းချမ်းမေ..ကျွန်မအမှန်အတိုင်းပဲ
ပြောမယ်နော်..'
'ဟုတ်..'
'သဘောကောင်းတာကတော့ဟုတ်ပါတယ်..
သိလည်းသိပါတယ်..ဒါပေမဲ့..
ကိုယ်အချောင်ရဖို့အတွက်နဲ့ကိုယ့်လူမျိုးကိုယ်စွန့်သွားတာကိုတော့တော်တော်
ချဉ်မိတယ်'
kaozuပြောတာလည်းဟုတ်သည်..
ထိုခေတ်ကရွာမှာရော..မြို့ပေါ်မှာပါစီးပွားရေးမပြေလည်ကြ...ဒီတော့
ငွေကြေးတတ်နိုင်သူတွေကအဆင်ပြေလာ
သော်လည်းမရှိသူအဖို့ကတော့ထမင်းတနပ်
စားရဖို့အရေးရုန်းကန်ရတော့သည်။
ကြာတော့ထိုဖိအားများကိုမခံနိုင်တော့ဘဲ
ဂျပန်စစ်တပ်ထဲသို့သာဝင်ကြရတော့သည်။
(ထိုစဥ်ကBIAသည်လူသိထင်ရှားသေးသော
အချိန်မဟုတ်သဖြင့်နေရာတကာဂျပန်နှင့်
ဗြိတိသျှတို့သာအုပ်စိုးထားသည်)
တပ်ထဲမှာကတော့စားဖို့သောက်ဖို့မပူရသ
ဖြင့်အဆင်ပြေသေးသည်။ဒါမျိုးကလည်း
လူတစ်ချို့သာရှိပါသည်။
YOU ARE READING
Kaozu
Romanceဒီficကတော့အရင်နဲ့မတူဘဲ၁၉၄၂ရဲ့အငွေ့အသက်တွေကို ခံစားရမဲ့GL ficတစ်ပုဒ်ပါ။