နေရောင်သည်အချို့နေရာများကသာ
တောနက်ကြီးကိုအလင်းပေး၏..
ကျေးငှက်တို့အသံအပြင်လူတစ်ယောက်၏
ခြေသံကလည်းထူးခြားစွာထွက်ပေါ်နေသည်။
သူကားအခြားမဟုတ်..ဦးလေးအောင်ဖြစ်သည်။
ရွာကတော့ခြိမ်းခြောက်သံ..ငိုသံ..တောင်းပန်သံတို့နှင့်စိတ်မချမ်းမြေ့ဖွယ်ရာအတိဖြစ်ပြီး
ကျန်ခဲ့ရှာပြီ..သူတစ်ယောက်သာတောနက်ထဲ
ပြေးလွှားနေသည်။
..........................
ရွာလမ်းထဲတွင်ငြိမ်းချမ်းမေနှင့်kaozuတို့
လမ်းလျှောက်လာခဲ့ကြသည်။..ဒီမနက်
kaozuကရွာထဲသွားချင်သည်ပူဆာသော
ကြောင့်ရွာအကြောင်းရှင်းပြရင်းလမ်းလျှောက်ထွက်ခဲ့ကြသည်။
'အခုဘယ်ကိုသွားနေတာလဲ'
'ရှင့်ကိုရွာစျေးကိုလိုက်ပြမလို့..'
'စျေးဆိုတော့မှသတိရတယ်..ရှင်ဒီနေ့
စျေးမသွားဘူးလား..'
'ကျွန်မအမေသွားတာလေ..ကျွန်မကမနက်
၈နာရီလောက်မှနိုးတဲ့သူဆိုတော့အဲ့အချိန်လောက်သွားမယ်ဆိုအသားကောင်းကောင်း
ရှာမတွေ့တော့ဘူး'
'အင်း..ရန်ကုန်လိုမြို့ပေါ်မှာကျဒီလိုမဟုတ်ဘူးနော်..'
'မြို့နဲ့ရွာဘယ်တူမလဲ..မြို့ပေါ်ကလူတွေကျ
အသားငါးသိပ်မလတ်လဲဘာမှပြသနာမရှိ
ဘူးရယ်..စားကြတာပဲ..အသားငါးကတော့
စောစောသွားဝယ်ရင်တော့လတ်တာစား
ရတာပေါ့..'
'ရွာကကျတော့ရော..'
ငြိမ်းချမ်းမေ၏စကားကိုkaozuစိတ်ဝင်စား
နေပုံထောက်သည်။
'ရွာမှာကအသားငါးဆိုလတ်မှစားကြတဲ့လူ
မျိုးတွေပြီးတော့လတ်လတ်ဆတ်ဆတ်အသားဆိုတာမျိုးကလဲစောစောကမဝယ်
ရင်ကုန်တာနဲ့တိုးရော..နောက်တစ်ချက်က
ရွာကလူတွေကစောစောထသူတွေများတယ်'
'အော်..လုဝယ်ရတဲ့သဘောပေါ့..'
'အင်း..မြို့မှာကစောစောထကြသူသိပ်မရှိဘူး
လူကြီးပိုင်းတွေလောက်ပဲထကြတာ..
ကျွန်မတို့လိုလူငယ်တွေကတော့အိပ်ကောင်း
တုန်းလေ'
ငြိမ်းချမ်းမေသက်ပြင်းရှည်ကြီးချလိုက်မိ
သည်။မြို့နှင့်ရွာစျေးဝယ်ပုံကွာခြားပုံကို
မနည်းရှင်းပြလိုက်ရသည်။
'ပြီးရင်ကျွန်မသူငယ်ချင်းအိမ်သွားစရာရှိ
သေးတယ်..'
'ဟုတ်လား..'
'အင်း..ရှင်လျှောက်နိုင်ရင်တော့လိုက်ပေါ့'
'ဒါနဲ့ရှင့်သူငယ်ချင်းနာမည်ကရော..'
'စံလွန်းအိမ်..တဲ့..'
..............................
ဦးလေးအောင်တစ်ယောက်ရွာတစ်ရွာသို့
ရောက်လာခဲ့သည်။ထိုရွာသည်တော်တော်
ခေါင်သည်။အိမ်ခြေကလည်းအနည်းငယ်သာရှိမည်။
'ဆရာတော်ခေါင်းခဲတဲ့ရောဂါကမပျောက်သေးဘူးတဲ့..ကျုပ်ဘယ်လိုလုပ်ရပါ့..'
'အင်း..တစ်ခြားရွာကဆေးဆရာတစ်ယောက်
သွားပင့်ပါလား..'
'အော်..ခင်ဗျားကတော့လုပ်ပြီ..သွားပင့်ပါပြီရဲ့ဗျာ..အနာနဲ့ဆေးတွေ့လားမတွေ့လား
မကျိန်းသေဘူးလေ..လှည်းခကုန်တာပဲအဖတ်တင်တော့မပေါ့..'
'မောင်ရင်တို့ဘာဖြစ်နေကြတာလဲ'
ဦးလေးအောင်ကမေးသည်ကိုရွာသားနှစ်
ယောက်ကကြောင်ကြည့်နေကြသည်။
ပြီးမှ..
'ဒီလို..ဦးရီးရေ..ဆရာတော်ကခေါင်းခဲတဲ့
ဝေဒနာစွဲကပ်နေသဗျ..အဲ့တာ..'
'ဟုတ်ပြီ..ဆရာတော်သီတင်းသုံးတဲ့ကျောင်းကိုခေါ်သွားပေးနိုင်မလား..ကျွန်တော်က
ဆေးဆရာတစ်ယောက်ပါ..(.......)ရွာက
လာခဲ့တာ..'
ရွာသားနှစ်ယောက်ပြုံးပျော်သွားကြသည်။
'ကျုပ်လှည်းပေါ်သာတက်ခဲ့ပါဆရာ..'
'အင်း..'
.......................
'ဟဲ့..စံလွန်းအိမ်'
စံလွန်းအိမ်သည်ထမင်းအိုးကိုမီးဖိုပေါ်မှချ
လိုက်ရင်းမိမိ၏အမည်အားခေါ်သံတစ်ခုကြောင့်အိမ်ရှေ့ထွက်လာလိုက်သည်။
'ဟယ်..ငြိမ်းချမ်းမေ..နင်ဘယ်လိုရောက်
လာတာတုန်း..လာ..'
အိမ်ထဲသို့ဝင်လာပြီးကွပ်ပျစ်ပေါ်သုံး
ယောက်သားထိုင်လိုက်ကြသည်။
စံလွန်းအိမ်ကအိမ်ထဲခနပြန်ဝင်သွားကာ
ရေနွေးကြမ်းအိုးသွားယူသည်။
'ကဲ..ဆိုပါဦး..ဘယ်ကမျက်စိလည်လာတာ
လဲ'
YOU ARE READING
Kaozu
Romanceဒီficကတော့အရင်နဲ့မတူဘဲ၁၉၄၂ရဲ့အငွေ့အသက်တွေကို ခံစားရမဲ့GL ficတစ်ပုဒ်ပါ။