ချစ်သည်ကိုမျိုသိပ်ထားရသည့်ခံစားချက်အားခံစားဖူးသူတွေသိကြပါလိမ့်မည်။
kaozuနှင့်ငြိမ်းချမ်းမေသည်နီစွေးစွေး
မြေနီလမ်းပေါ်လမ်းလျှောက်လာကြသည်။
လယ်ကွင်းတွေ..ရေလာခပ်သောမိန်းမပျိူတွေစသည့်ရွာ၏ညနေခင်းအလှကိုခံစားရင်း
ပေါ့။
ဖွင့်ပြောလိုက်ချင်ပါ၏...သူ၏ချစ်ရသော
မိန်းမပျိုလေးသည်သူ့အားငြင်းခဲ့ပါလျှင်..
အို..သူမတွေးချင်တော့ပြီ..ဖွင့်ပြောလိုက်ချင်
စိတ်နှင့်ထိုစိတ်အားတားမြစ်နေသောကြောက်စိတ်တို့လွန်ဆွဲနေကြ၏
မတတ်နိုင်သည့်အဆုံး...
'ငြိမ်းချမ်းမေ..ကျွန်မငြိမ်းချမ်းမေကို
ချစ်တယ်'
'ဘာပြောတယ်'
တလမ်းလုံးတိတ်ဆိတ်လာသောkaozuသည်
သူ့အားချစ်စကားပြောရန်ရည်ရွယ်ခဲ့သည်လား။
သူစိတ်ထဲတွင်ခံစားမှုတစ်ခုကားတိုးဝင်လို့
လာချေသည်။..ချစ်သည်လဲမဟုတ်ပါ..
မုန်းသည်ဟုလည်းမဆိုလိုပြန်ပါ..။
'ရှင်ဘာဖြစ်လို့..'
'တကယ်ပြောတာငြိမ်းချမ်းမေ..ကျွန်မရှင့်ကို
တကယ်ချစ်တာပါ..'
'ရှင်ဆက်မပြောရင်ကောင်းပါလိမ့်မယ်'
ထိုစကားသည်ဘာကိုဆိုလိုကြောင်းငြိမ်းချမ်းမေသာသိမည်။
kaozu၏မျက်ရည်သည်သူ၏လက်ဖျံပေါ်ကျသွားခဲ့သည်။
kaozu..ရှင့်ရဲ့မျက်ရည်ကိုကျွန်မလက်နဲ့သုတ်ပေးချင်ပေမဲ့....
..................
ငြင်းသည်လား..
သူစဉ်းစားမရချေ...ငြိမ်းချမ်းမေသည်kaozuဆီမှမိန်းကလေးချင်းချစ်စကားဆိုခံရ၍မုန်းခြင်းမဟုတ်ပါ။
သူမအပေါ်မတင်မကျစကားဆိုခဲ့သည်မှာ
သူကိုယ်တိုင်ကလိပ်ပြာမလုံသောကြောင့်
ဖြစ်သည်။
သူလည်းkaozuကိုချစ်နေမိသည်သာ...သို့
သော်သူ့ကိုယ်သူမသေချာသေး။
ညစာစားချိန်တွင်တိတ်နေကြသူနှစ်ယောက်
ကားချစ်စကားဆိုခဲ့သူနှင့်မသေချာသူဖြစ်
သည်။ထွဠ်ရန်နိုင်ကပြုံးကာ
'ခါတိုင်းဆိုဆူညံလို့ရယ်..ခုကဘယ်လိုဖြစ်ကြတာလဲ..ထူးဆန်းနေသလိုပဲ'
'ဟုတ်တယ်သမီး..နင်တို့နှစ်ယောက်ညနေ
တည်းကစကားမပြောကြတော့တာ
ရန်များဖြစ်ထားကြသလား..။
'အမေကလဲ..သူတိူ့လောက်ရင်းနှီးတာသူတို့ပဲ
ရန်ဖြစ်စရာလား...အကြောင်းတခုခုရှိလို့ထင်တယ်'
ထင်ကြေးပေးနေသူများအားလစ်လျူရှုကာ
သူမထမင်းစားပွဲမှထလိုက်သည်။
kaozuကတော့ညအိပ်မှချစ်သောအမျိုးသမီးလေး၏မျက်နှာအားခိုးကြည့်မည်ဟူသောအတွေးနှင့်သာ..
............
'နင်ဖွင့်ပြောလိုက်ပြီပေါ့..'
'အင်း..'
'သူ့ဖက်ကရောဘာပြန်ပြောလဲ..'
'မပြောဘူး..ကျွန်မအထင်သူများစိတ်ဆိုး
သွားပြီလား..'
'မဖြစ်နိုင်ဘူးဟ..ငါ့အထင်သူမူနေတာနေမယ်'
စံလွန်းအိမ်ကပြောသည်။
မူနေတာတဲ့..ဒါဆို..
အို..မျှော်လင့်ချက်ကလေးကပင်ကျေနပ်စရာ
ကောင်းနေပေပြီ။
ထိုမျှော်လင့်ချက်နဲ့ပင်သူဤခရီးအား
ဆက်လျှောက်ဖို့လုံလောက်ပြီ။
ချစ်တယ်ဆိုပျော်မိမယ်..ကျွန်မရှင့်ကိုချစ်သွားမယ်...မုန်းတယ်ဆိုလဲရှင့်ရဲ့စကားလုံး.တွေကိုနာနာကျည်းကျည်းမှတ်ထားပါ့မယ်...ကံကရှင့်လက်ထဲမှာပဲ..ငြိမ်းချမ်းမေ'
YOU ARE READING
Kaozu
Romanceဒီficကတော့အရင်နဲ့မတူဘဲ၁၉၄၂ရဲ့အငွေ့အသက်တွေကို ခံစားရမဲ့GL ficတစ်ပုဒ်ပါ။