အပိုင်း( ၇ )

31 0 0
                                    

'အေး..စံလွန်းအိမ်..လာခဲ့လေ..'
စံလွန်းအိမ်ကအိမ်ပေါ်တက်လာကာ..
'ညကkaozuတောထဲပျောက်သွားလို့ဆို..'
'အင်း..ဦးခင်ရွှေသားနှစ်ယောက်နဲ့ပါသွားတာ'
'အင်း..ဖြစ်ရမယ်..'
ငြိမ်းချမ်းမေညကတောထဲကိုတစ်ယောက်
တည်းသွားသည့်အကြောင်းစံလွန်းအိမ်
သိသွားသည်။ထိုအခါသူ့ဝသီအတိုင်း
တတွတ်တွတ်ပြောမဆုံးတော့ပါချေ...
'နင့်ကိုနင်မိန်းကလေးဆိုတာရောသိသေး
ရဲ့လားငြိမ်းချမ်းမေ..'
'သိပါတယ်ဟာ..ညတုန်းကလဲငါကအလျင်စလိုနဲ့မို့ပါ...'
kaozuကလဲစံလွန်းအိမ်ယူလာပေးသော
လက်ဖက်ရည်နှင့်ကိတ်မုန့်ကိုစားနေသည်။
'အင်း..ခက်တာပဲ'
'သမီးပဲဆုံးမစမ်းပါ..စံလွန်းအိမ်ရယ်..
ဒီကောင်မလေးကိုအဒေါ်လည်းမနိုင်လို့ပါ'
'စိတ်ချ..ဒေါ်လေး..စိတ်ချ..'
'အမယ်..ကောင်မ..'
ငြိမ်းချမ်းမေကမဲ့ကာပြောတော့
kaozuကရယ်သည်။
'ရှင်ကလဲဟုတ်လို့ပြောတာပဲဟာ..နော့'
စံလွန်းအိမ်နှင့်kaozuတို့အတိုင်အဖောက်ညီ
နေကြသည်။
...................
'စံလွန်းအိမ်..နင်ထမင်းစားပြီးမှပြန်မှာမဟုတ်လား'
'အင်းလေ..'
'အာ့ဆိုငါရေသွားချိုးဦးမယ်..'
'အင်း..ကောင်းသားပဲ..ငါထမင်းဝိုင်းပြင်ရင်း
စောင့်နေမယ်..'
'အေး..အေး..'
kaozuကငြိမ်းချမ်းမေနှင့်လိုက်ချင်သည်
လုပ်ပြန်သည်။
သို့ရာတွင်မိန်းကလေးအချင်းချင်းမို့ပြသနာ
မရှိဟုယူဆကာခေါ်လာခဲ့လိုက်သည်။
'ရှင်ကဒီလိုပဲ..စမ်းချောင်းတွေမှာရေချိုး
နေကြလား..'
'အင်း..ကျွန်မကရွာမှာပဲမွေး..ရွာမှာပဲကြီးခဲ့တာဆိုတော့ဒီလိုစမ်းချောင်းတွေမှာရေချိုး
ရတာသဘောကျတယ်..မြို့သူတွေကတော့
ဒီလိုဘယ်ဟုတ်ပါ့မလဲ..'
'အင်းနော်..ကျွန်မကတော့မြို့မှာပဲကြီးခဲ့တော့ဒါတွေမသိခဲ့ဘူး..'
'ရှင်တို့ဂျပန်နိုင်ငံမှာကျေးလက်ဒေသတွေ
မရှိဘူးလား..'
'ရှိပါတယ်..ဒါပေမဲ့..အဖေကကျေးလက်ဒေသတွေဆီခေါ်မသွားဖူးတော့တောနဲ့မြို့
ကွာခြားပုံတွေမသိခဲ့ဘူးပေါ့ရှင်'
'အင်း..ကျွန်မရေချိုးဦးမယ်..'
ငြိမ်းချမ်းမေရေထဲဆင်းသွားကာသူ၏ကိုယ်
အောက်ပိုင်းသည်ရေထဲမြုပ်သွားကာခါး
အပေါ်မှစ၍သာမြင်ရတော့သည်။
kaozuကလည်းစမ်းချောင်းနံဘေးတွင်ထိုင်ကာငြိမ်းချမ်းမေရေချိုးနေသည်ကိုကြည့်နေ
သည်။
'ရှင်ရောတခါတည်းရေချိုးလိုက်ပါလား..'
'ရပြီ..အိမ်ရောက်မှပဲချိုးတော့မယ်..'
ထိုစဥ်kaozu၏ရင်ထဲ၌အမျိုးအမည်မသိသောခံစားမှုကြီးတစ်ခုအားခံစားလိုက်ရသည်။
အမျိုးသမီးတစ်ယောက်ရေချိုးနေသည့်
ပုံစံကသူ့ရင်ကိုလှုပ်ခတ်စေလေသလား..
အဖြေမရှိပါချေ။
ငြိမ်းချမ်းမေကထဘီရင်လျားဖြစ်နေသော
ကြောင့်ကြည်လင်သောအသားအရည်
တို့ကိုမြင်သာစေသည်။
ငြိမ်းချမ်းမေသည်တောသူဖြစ်သော်လည်း
အသားဖြူသည်မှာထူးခြားချက်တစ်ခု။
နေရောင်ကအသားကိုထိုးနေသောကြောင့်
အသားမှဝင်းနေသည်။
ခေါင်းကိုတစ်ဖက်သို့လှည့်လိုက်သောအခါ
ဖြောင့်စင်းသောနှာတံ၊ကော့သောမျက်ခုံးနှင့်
ပန်းနုရောင်နှုတ်ခမ်းသားတို့ကိုမြင်စေပြန်
သည်။
kaozuသည်ထိုမြင်ကွင်းကိုကြည့်ရင်းရင်သည်ပေါက်ကွဲတော့မတတ်ခုန်နေသည်။
ဘုရားရေ..ငြိမ်းချမ်းမေဟာဒီလောက်တောင်
လှသတဲ့လား..။
'ကြည့်လှချည်လား...ဘာဖြစ်လို့လဲ..kaozu'
ရုတ်တရက်ငြိမ်းချမ်းမေ၏အသံထွက်လာ
သည်မို့သူ့ကျောထဲစိမ့်ခနဲဖြစ်သွားကာ..
'ဘာမှမဟုတ်ဘူး..ဆက်ချိုး..ဆက်ချိုး'
မျက်နှာကိုတစ်ဖက်သို့လွှဲလိုက်မိပါသည်။
ထိုခံစားချက်ကြီးအားအဖြေရှာရန်သူ
စိတ်ကူးမိလိုက်သည်။


KaozuWhere stories live. Discover now