အပိုင်း( ၁၃ )

18 0 0
                                    

kaozuတစ်ယောက်ပါးစပ်အဟောင်းသား
ဖြစ်နေစဉ်တစ်ဖက်မှအသံထွက်ပေါ်လာသည်။
'သမီးလေးရယ်..စိတ်ပူလိုက်ရတာကွယ်'
'အဖေ..အဖေ..ဟုတ်ပါတယ်နော်'
'ဟုတ်ပါတယ်ကွယ်..အဖေတို့ဘက်မှာတိုက်ပွဲတွေတအားဖြစ်နေလို့လာမခေါ်အားတာပါ..သမီးကဒီကိုဘယ်လိုရောက်နေတာလဲ'
'သမီးသူငယ်ချင်းတစ်ယောက်ကခေါ်ထားပေးတာပါ..'
သူငယ်ချင်းဟုအမည်နာမတပ်ရသော်လည်း
တကယ်ကထိုထက်ပိုပါသည်။
'သူငယ်ချင်းကမြန်မာလား..'
'ဟုတ်တယ်လေ'
'သမီးကိုဂျပန်လူမျိုးဆိုပြီးဘာလုပ်ကြသေးလဲ..ဟို..အကြမ်းဖက်တာတို့ဘာတို့လုပ်ကြ
သေးလား..'
'မလုပ်ပါဘူးအဖေရဲ့..သဘောတောင်ကောင်းကြသေးတယ်'
'အင်း..ခုသမီးကိုပြန်တွေ့ပြီဆိုတော့သမီးဂျပန်ကိုပြန်လိုက်ခဲ့ပါ..မြန်မာပြည်မှာ
ဖြစ်နေတာကြောင့်ရောပြီးတော့..စစ်ပွဲဖြစ်နေတဲ့အခြေအနေကြောင့်ရောပေါ့..စစ်ဖြစ်နေတဲ့
အချိန်လူမျိုးခြားတစ်ယောက်ရှိနေတာမသင့်တော်ဘူးသမီး'
ဟုတ်တော့လည်းဟုတ်သည်။
ငြိမ်းချမ်းမေမို့လို့သာသူ့ကိုကြင်ကြင်နာနာ
နှင့်ကျွေးမွေးပြုစုထားခြင်းဖြစ်သည်။
သူ့နေရာမှာအခြားတစ်ယောက်ဆိုသတ်ပစ်
လိုက်တာကြာရောပေါ့..ဂျပန်ဆိုတာနဲ့
အ​သေသတ်ချင်နေကြချိန်ကိုး..။
'ဟုတ်ပါပြီအဖေရယ်..သမီးလည်းသမီးရဲ့
ကျေးဇူးရှင်တွေကိုသွားပြန်နှုတ်ဆက်ပါဦး
မယ်'
'အင်းလေ..ကိုယ့်ကိုကျွေးမွေးထားခဲ့ဖူးတော့လည်းနှုတ်ဆက်ပေါ့ကွယ်'
..........
ခွဲခွာရချိန်သည်မြန်လွန်းလှသည်။
kaozuအဖို့မြန်မာကိုပြန်လာဖို့ဆိုစစ်ကြီးပြီး
မှပင်ပြန်လာခွင့်ရတော့မည်။
အင်း...ကံပဲပေါ့..ဘယ်တတ်နိုင်မလဲဟုတွေး
ရင်အိမ်ပြန်ခဲ့ပါ၏
....
'kaozuကလည်းကြာလိုက်တာနော်..'
ငြိမ်းချမ်းမေသည်အိမ်ရှေ့မှာလည်ပင်းရှည်
နေပြီ..သူစိတ်ပူနေသည်ကားဟိုတလော
ကလိုတောထဲပျောက်သွားမှာကိုသာဖြစ်သည်။ခုတစ်ကြိမ်ထပ်ပျောက်သွားပါလျှင်အသက်အာမမခံနိုင်တော့ချေ။
ကံဆိုတာနှစ်ခါမှမကောင်းတတ်ပဲ။
'kaozu..ရှင်ကလဲကြာလိုက်တာ..'
kaozuကိုမြင်လိုက်ရ​တော့မှရင်ထဲကအပူလုံး
ကြီးကျသွားသည်။
'မျက်နှာလည်းမကောင်းပါလား..ဘာဖြစ်လာတာလဲ'
'ကျွန်မအဖေနဲ့တွေ့ခဲ့တယ်..မနက်ဖြန်သူနဲ့
ဂျပန်ပြန်လိုက်ခဲ့ရမယ်တဲ့'
'ရှင်ကဘာပြောလိုက်လဲဟင်'
'အဖေရဲ့စကားဆိုတော့ဘယ်ငြင်းဆန်လို့
ရပါ့မလဲ..လက်ခံလိုက်ရတာပေါ့'
'အင်း..ရှင်ကဧည့်သည်ပဲဟာ..အချိန်တန်ရင်
ပြန်ရမှာပါပဲလေ..'
စကားတို့ပင်မဆုံးသေး..မိမိအသံသည်တိမ်ဝင်သွားသည်။
ကံတရားသည်ဆန်းကြယ်၏..မိမိနှင့်
နည်းနည်းကလေးတောင်သွေးမတော်သားမစပ်သူကိုသံယောဇဉ်ကြီးနေမိသည်။
အချစ်ဆိုတာတခဏပါပဲ..ခဏတာတွေ့ရပြီးရင်ဘယ်လောက်ချစ်ချစ်ခွဲရတာပါပဲ။
.......
'ကောင်းကောင်းသွားနော်..ရှင့်ကိုသတိရနေမှာသိလား'
ရွာအဝင်လမ်းလေး၏ထိပ်တွင်လူသုံးယောက်ရပ်နေကြသည်။
ကုတ်အက်ျီနှင့်လူကတော့ခပ်လှမ်းလှမ်းတွင်
ရပ်စောင့်ကာနေသည်။
စကားပြောနေသူသုံးယောက်ကတော့
မျက်ရည်တွေနဲ့ခွဲရမဲ့လူနှစ်ယောက်ရယ်
အချစ်ကြီးတဲ့မိန်းကလေးတစ်ယောက်ရဲ့မောင်ရယ်..တဲ့
ထွက်ခွာသွားသောလူနှစ်ယောက်နှင့်ကျန်ရစ်ခဲ့သောလူနှစ်ယောက်ရှိလိမ့်မည်။
သူတို့နှစ်ယောက်ကရောပြန်ဆုံပါဦးမလား။
..........
အခန်း (၁)ပြီးပါပြီ
ဖတ်ပေးကြတဲ့တစ်ဦးတစ်ယောက်ချင်းစီကို
ကျေးဇူးတင်ပါတယ်
သိပ်မကြာခင်အခန်း(၂)တင်ပေးမယ်နော်
ဒီficကသုံးခန်းတည်းရှိတာပါ။

KaozuWhere stories live. Discover now