ယနေ့နှင့်ဆို Kaozu သူမဆီမှထွက်သွားသည်မှာ ၅လမြောက်ခဲ့ပြီဖြစ်သလို
၁၉၄၂သည်လည်းကုန်ဆုံးခဲ့ပြီ။
အစကတော့သူမလည်းချစ်သူကိုတွေးကာ
နေ့တိုင်းတမှိုင်မှိုင်သာရှိတော့သည်။
မမျှော်လင့်ဘဲရောက်လာပြီးမမျှော်လင့်ဘဲ
ပြန်ထွက်ခွာသွားရက်သူ...
ယခုဆိုသူဘယ်လိုရှိနေမည်မသိပါ။
သူမဘေးမှသူမ၏မောင်အပါအဝင်
စံလွန်းအိမ်ကလည်းလာရောက်နှစ်သိမ့်
သည်မို့သူမထိုအခြေအနေကိုသူမကျော်လွှား
နိုင်ခဲ့သည်။
စံလွန်းအိမ်က
"ငါဖွဲ့နွဲ့ပြီးတော့မပြောတတ်ဘူး
ငြိမ်းချမ်းမေ..ဒါပေမဲ့ Kaozu ပြန်လာမှာပါ
ငါသူ့ကိုယုံတယ်..ခုစကားကနင့်ကိုနှစ်သိမ့်ချင်လို့သက်သက်ပြောတာမဟုတ်ပါဘူး"
ဟုပြောခဲ့လေသည်။
ငြိမ်းချမ်းမေသည် အချစ်မီးတောက်လောင်
နေရသောကြောင့်လူတစ်ဦးကိုလုံးဝမေ့လျော့နေခဲ့သည်။အချိန်အားဖြင့် ၁၉၄၃ ခုနှစ်၏အစပိုင်း
BIA တပ်များသည်ဂျပန်နှင့်ပူးပေါင်းကာ
ဗြိတိသျှများကိုတိုက်ခိုက်နေကြပြီ။
ထိုကြားထဲတွင်မြေစာပင်ကပြည်သူများသာ
ဖြစ်၏။
"စစ်အခြေအနေပိုပြီးဆိုးမလာခင်တပည့်တော်ရဲ့တူမရှိတဲ့ရွာကိုပြန်ခွင့်ပြုပါဦးဘုရား"
"ဒကာကြီးမှာတူမရှိတယ်..ဟုတ်စ"
"တင်ပါ့ဘုရား..တပည့်တော်ညီမရဲ့သမီးပါဘုရား"
"ဦးဇင်းခွင့်ပြုပါတယ်ဒကာကြီး..
လမ်းခရီးမှာလည်းဂရုတစိုက်သွားဦး"
"တင်ပါ့ဘုရား"
"ဦးဇင်းတို့ရွာကဒကာကြီးကိုအမြဲသတိရနေမှာပါ..ခုတော့ကံကုန်တယ်လို့ပဲယူဆတယ်
ဒကာ..စစ်ကြီးပြီးရင်ဒီရွာကိုပြန်လာဖို့
စိတ်ကူးရှိရဲ့လား"
"တပည့်တော်ဆက်ဆက်လာခဲ့ပါ့မယ်
ဘုရား"
ဦးလေးအောင်၏ခရီးကားစတင်လေပြီ
ရွာသားများကလည်းဝမ်းနည်းဝမ်းသာဖြင့်
နှုတ်ဆက်ကြလေသည်။
......
အရင်ကဆိုစောစောမနိုးဘဲသူမနှိုးမှထတတ်သော Kaozu ကိုသတိရမိသည်။အမှတ်တရဟူသည်ရင်ထဲတွင်ပျောက်သွားရိုးထုံးစံမရှိသည်တော့အမှန်..
ထွဠ်ရန်နိုင်အရင်ကငါးတွေဘာတွေ
သွားမျှားဖူးသေးသည်။
သူမပြောသောကြောင့်သူမမျှားတော့
အကြောင်းမှာသူ၅နှစ်သားတုန်းက
ရွာထဲက သူငယ်ချင်းများနှင့်
ကစားရင်းသူငယ်ချင်းတွေကရေကူးကြ
ရန်တိုက်တွန်းသည်။
အချိန်က မိုးများသည်းထန်စွာရွာနေသည့်
ညနေပိုင်းအချိန်ဖြစ်၏။
ချောင်းကရေစီးတအားသန်သောအချိန်
သူကရေထဲဆင်းသွားပြီးကူးမည်အလုပ်
ရေ၏ရိုက်အားကိုတောင့်မခံနိုင်ဘဲ
ရေထဲနစ်တော့သည်။
သူ့သူငယ်ချင်းများလည်း
လန့်ဖျန့်ကာ ရွာသားများကိုခေါ်လာပြီး
ရေထဲမှသူ့အားဆင်းကယ်ခိုင်းရသည်။
ထို့ကြောင့်ငယ်ငယ်ကလို
သူ့ကိုရေထပ်နစ်မှာဆိုးသည်။
ထွဠ်ရန်နိုင်ကလည်းထိုအချိန်တည်းက
ရေကြောက်သွားလေသည်။
ရွာထဲမှာရေသွားကူးကြမည်ဆိုသူလုံးဝ
မလိုက်တော့ပေ။
ငြိမ်းချမ်းမေသည်တံမြက်စည်းကိုယူကာ
သစ်ရွက်ခြောက်အချို့အားလှည်းနေသည်။
သစ်ရွက်ခြောက်များကိုလှည်း၍သာထားသည်။မီးပုံရှို့တာမျိုးမလုပ်ချေ။
နံနက်ခင်းအလင်းသည်ပတ်ဝန်းကျင်၌
တစ်စတစ်စနေရာယူချေပြီ။
သူမတံမြက်စည်းကိုလက်တစ်ဖက်ကကိုင်လိုက်ကာခြံအနှံ့ကြည့်ရှုစစ်ဆေးနေသည်။
ထိုစဉ်ခြံရှေ့ရောက်လာသော
ခြေတစ်စုံ..
"ဟယ်..ဦးလေးအောင်"
"အေး..နင်ငါ့ကိုမှတ်မိသေးလို့တော်သေးတာပေါ့"
"ခဏနော်..ငထွဠ်နဲ့..အမေ့ကိုသွားခေါ်ဦးမယ်"
"ဟဲ့..ဟဲ့..ငြိမ်းချမ်းမေ..ရှပ်ပြာရှပ်ပြာနဲ့
ချော်လဲဦးမယ်"
"ဝမ်းသာလို့ပါဦးလေးရယ်"
ဦးလေးအောင်ထိုခဏ၌ပြုံးလိုက်မိသည်။
နောက်ဆုံး၌မိသားစုလေးဆုံဆည်းကြလေပြီ
...မြတ် Kaozu season (2)နဲ့အတူပြန်လာပါပြီ
ပစ်ထားမိလို့လည်းတောင်းပန်ပါတယ်နော်
ဖတ်ပေးသူများအားလုံးကိုကျေးဇူးတင်ပါတယ်။
Minminmyattu