အပိုင်း( ၁ )

36 1 0
                                    

ဦးလေးအောင်ကနေရာယူပြီးပြီမို့ငြိမ်းချမ်းမေလည်းဂျပန်စစ်သားအားဦးလေးအောင်
ရှေ့တွင်လှဲစေသည်။
'သူ့ဗိုက်မှာဒဏ်ရာနဲ့မေ့နေပုံရတယ် ဦးလေး'
'ထွဠ်ရန်နိုင်..ရေသန့်သန့်တစ်ခွက်ခပ်ခဲ့ချည်'
'ဟုတ်'ဟုပြောရင်းမောင်ဖြစ်သူသည်ပြေး
ဆင်းသွားသည်။
ငြိမ်းချမ်းမေသည်ဂျပန်စစ်သားဖြစ်ကြောင်း
ပြောရလိုက်လျှင်ကောင်းမည်ဟုတွေးနေ
သည်။
ထိုစဥ်ရေခွက်အားကိုင်ကာပြန်တက်လာသည်။
အရင်ဆုံးဦးလေးအောင်သည်ငြိမ်းချမ်း
မေကပ်ထားပေးထားဆေးရွက်များကိုဖယ်
သည်။...ငြိမ်းချမ်းမေလုပ်တာမှန်သည်...
သူတို့နှစ်ယောက်စလုံးမှာရေမပါသည့်အတွက်ဒဏ်ရာကိုရေဖြင့်ဆေးရန်အချိန်မရ
ခဲ့...တောထဲတွင်လည်းရေသွားရှာနေဖို့အချိန်မရှိတော့သည်မို့အနာသက်သာစေရန်သာ
ဦးစားပေးလိုက်ရသည်။
အဝတ်သန့်တစ်ခုအားယူကာလုံးပြီးရေခွက်ထဲနှစ်လိုက်သည်။..ပြီးမှဆယ်ယူပြီးဒဏ်ရာကိုဆေးသည်။ဒဏ်ရာကိုဆေးကြောနေစဉ်မှာပင်ဦးလေးအောင်သည်လက်မောင်းဆီ
သို့မျက်လုံးရောက်သွားသည်။
သူစိတ်ထဲတင်းခနဲတော့ဖြစ်သွားမိသည်။
သို့ရာတွင်ဆေးဆရာဟူသည်ရန်သူ
မိတ်ဆွေမခွဲခြားဘဲဆေးကုပေးရန်
တာဝန်ရှိသည်။..ဒါကိုဦးလေးအောင်လည်း
သိသည်။
ဆေးထည့်ပြီးသွားပြီ။..
'ကဲ..နင်ရေသွားချိုးမယ်ချိုးတော့..မှောင်ရော့
ပြီ..'
'ဟုတ်..'
ဦးလေး၏အလိုမကျသောမျက်နှာကိုသူမ
သိပါသည်။..
ခဏကြာတော့ရွာလယ်ပိုင်းကစမ်းချောင်း
ဆီသို့လာခဲ့သည်။
နောက်မှထွဠ်ရန်နိုင်လည်းလိုက်လာသည်။
သူကားသောက်သုံးရေခပ်ရန်အတွက်
ရေကန်ကြီးဆီသို့သွားမည်ဖြစ်သည်။
သူတို့ရွာတွင်သုံးရေအတွက်စမ်းချောင်းရေ
ကိုသုံးကြသည်..သောက်သုံးရေအဖို့ကတော့
ကန်ရေကိုသုံးကြသည်။..ထိုရေကန်ကြီးမှာ
အမြဲလိုလိုကြည်လင်နေတတ်သဖြင့်သောက်
ရေအတွက်ရွာသားများကအသုံးပြုကြခြင်း။
ထူးခြားသည်မှာအလွန်ပူသည့်နွေရာသီ
တွင်တောင်ရေကန်ကရေခမ်းသွားခြင်းမရှိ
ချေ...။
'ကဲ..ငါရေချိုးမယ်..နင်လဲရေခပ်စရာရှိတာ
သွားခပ်..'
စမ်းချောင်းတွင်..အချို့သောရွာရှိမိန်းမပျို
များရေချိုးနေကြသည်..တချို့ကလည်း
ဂျပန်များအကြောင်းပြောလျှက်သာ..
ဂျပန်များဝင်လာမည်ကိုတွေးပူနေကြခြင်း
သည်သူတို့တစ်ရွာတည်းသာမဟုတ်..
အနီးနားရှိရွာများမှာလည်းနေ့စဥ်လိုလို
ကျီးလန့်စာစားဖြစ်နေကြရှာသည်။
ဒီကြားထဲသူတို့ရွာနှင့်သိပ်မဝေးသည့်
ရွာတစ်ရွာတောင်ဂျပန်လက်ချက်ဖြင့်
ပြာကျသွားပြီးပြီ..ထိုသို့သောအကြောင်း
များကြောင့်ဂျပန်ဆိုမကြားချင်လောက်
အောင်မုန်းနေကြခြင်းသာ...
ခပ်သွက်သွက်ရေချိုးပြီးပြန်လာခဲ့သည်။
​အိမ်ရှေ့တွင်ရှိနေသောဦးလေးက..
'နင့်ကိုငါပြောစရာရှိတယ်..ပြီးရင်လာခဲ့'
'ဟုတ်..'
အဝတ်အစားလဲပြီးနောက်..
'ဟုတ်..ဦးလေး..ပြောပါ..'
'နင်ဘယ်သူ့ကိုအိမ်ပေါ်ခေါ်တင်လာလဲ
နင်သိတယ်နော်..ဂျပန်စစ်သားကိုများ
ခေါ်လာရတယ်လို့..'
'ကျွန်မလဲ..ကူညီချင်လို့ပါ..'
'အေး..နင်ကူညီတာကနောက်..အရင်ငါတို့
ရွာအဲ့ဒီစစ်သားကြောင့်တစ်စစီဖြစ်မှာ..'
'ဟို..သူသက်သာသွားတာနဲ့ကျွန်မတို့ပြန်လွှတ်လိုက်မှာပါ...ရွာထဲမှာမထားပါဘူး..'
'သြော်..တော်တော်ကောင်းတဲ့တူမလေးကို
ပိုင်ဆိုင်ထားတာပဲ..အဲ့စစ်သားကလူကောင်း
လား..လူဆိုးလားနင်ပြောနိုင်လို့လား..
လူကောင်းပဲထားဦး..သူဟန်ဆောင်နေတာ
ဖြစ်နိုင်တာပဲလေ..'
ထိုစဥ်ငထွဠ်အိမ်ပေါ်လှမ်းတက်လာသည်။
'ဟေ့ကောင်..မင်းအစ်မကိုမင်းမပြောတော့ဘူးလား..သူကြောင့်တစ်ရွာလုံးပြာကျသွား
နိုင်တယ်..'
'ကျွန်တော်တားသားပဲ..ဦးလေးရာ..သူက
အတင်းခေါ်လာမယ်ဆိုတာကိုး..'
'စောင့်ကြည့်ပါဦး..သူကလူကောင်းဖြစ်
ပုံရပါတယ်..'
'အေး..ဖြစ်ရင်အကောင်းပေါ့ဟာ..မဖြစ်ရင်
တော့တရားခံကနင်ပဲ..ငြိမ်းချမ်းမေ'
.............
ညအချိန်တွင်ဖြစ်သည်။
'ဟင်း..ဟင်း..မဖြစ်ရဘူး..ဒီလိုမဖြစ်ရဘူး'
ယောင်နေသောအသံကြောင့်သူမနိုးသွားသည်။..အိပ်ရာမှထကာဂျပန်စစ်သားကို
နှိုးသည်။ဦးလေးအောင်ရော..မောင်ဖြစ်သူ
ပါအခန်းထဲရောက်လာကြသည်။
ငြိမ်းချမ်းမေခပ်လာပေးသည့်ရေကိုသောက်ကာဂျပန်စစ်သားကစကားစသည်။
'ကျွန်မနာမည်kaozuပါ..ကျွန်မရှင်တို့ကို
သတင်းပေးဖို့ရောက်လာတာ..'
'သတင်းပေးဖို့..ဟုတ်လား.'
'ဟုတ်တယ်..သန်ဘက်ခါ..စစ်သားတွေ
ရှင်တို့ရွာကိုဝင်စီးလိမ့်မယ်....'







KaozuWhere stories live. Discover now