'ဒါဆို..နင်တို့တွေကချစ်သူတွေဖြစ်သွားကြ
ပြီလား'
'အေးပေါ့..စံလွန်းအိမ်ရဲ့'
kaozuကဂုဏ်ယူသလိုလိုပြောပါသည်။
ငြိမ်းချမ်းမေကတော့ရှက်မိသည်လား
မပြောတတ်ပေ..မနေ့ညကအကြောင်း
တွေးမိတိုင်းရင်ခုန်ရတုန်းပါ..kaozuသည်
မြေနီလမ်းလေးပေါ်၌ချစ်စကားဆိုခဲ့ပုံ..
မိမိကထိုလမ်းပေါ်၌ပင်အဖြေပေးခဲ့ပုံတွေကို
တွေးကြည့်ရင်းရင်ခုန်ရသည်။
'ငါထင်တော့ထင်သား..ဟိုတစ်ပတ်လောက်
တည်းကမရိုးမရွဖြစ်နေပုံထောက်ရင်နင်
တစ်ခုခုလုပ်တော့မယ်ဆိုတာသိသား'
'နင်ကဘယ်လိုသိတာလဲ'
'မိန်းကလေးချင်းပဲလေ..ဒါတော့အပျော့ပါဟာ'
'ဒါနဲ့..နင်တို့တွဲနေကြတာဘယ်သူသိပြီးပြီလဲ'
'ဟမ်..ဘယ်သူမှမသိသေးပါဘူး'
'အင်း..နင်တို့သာအနာဂတ်မှာလူဖြစ်ခွင့်
ရရင်ဒါတွေကိုကြောက်နေစရာမလိုဘူးသိလား'
'အဆင်ပြေပါတယ်ဟာ..ကဲ..ငါတို့သွားပြီ'
ပျော်ပျော်ပါးပါးတွင်ခြံထဲကထွက်သွား
ကြသောအတွဲလေးအားကြည့်ကာမိမိကြည်
နူးရပါ၏..အို..ထိုမနက်ခင်းသည်ဘယ်လောက်သာယာလိုက်ပါသလဲ။'ကျွန်မတို့ချစ်သူတွေဖြစ်တာယုံတောင်မယုံ
နိုင်ဘူးသိလား..ငြိမ်းချမ်းမေ.'
'အင်း..ရှင်ကိုချစ်မိသွားမယ်လို့ထင်မထားမိဘူး..အချစ်ကဆန်းကြယ်တယ်နော်..လူမျိုး
မတူတာတောင်ချစ်သူဖြစ်နေကြတယ်....
ဟာ..ရှင်ဘာလုပ်ပြန်တာလဲ'
စကားပင်မဆုံးသေး..မိမိနှုတ်ခမ်းအားနမ်း
လိုက်သောkaozuကြောင့်လန့်သွားသည်။
'လူမြင်ကွင်းကြီးမှာလေ..ရှင်စိတ်လေးဘာလေးလဲထိန်းဦး..'
ငြိမ်းချမ်းမေတားယူရတော့သည်။
ရွာသားတစ်ယောက်ယောက်ကမြင်သွားလျှင်
ပြသနာတက်မည်မဟုတ်လား..။
'ကိုယ့်မိန်းမလေးကချစ်ဖို့ကောင်းလို့ပါ'
'သွားပါ..ဘာကိုကိုယ့်မိန်းမလဲ'
(နင်တို့ပဲRoနေကြ)'မမတို့ပြန်အဆင်ပြေသွားကြတာလား..'
မောင်ဖြစ်သူ၏မေးမှုကြောင့်ငြိမ်းချမ်းမေ
ဘာပြောရမှန်းမသိ..သူ.များသတိထားမိသွား
လေသလားမပြောတတ်။
'ဟုတ်တယ်..ထွဠ်ရန်နိုင်ရဲ့..ဒီလိုပဲစိတ်အခန့်
မသင့်ဖြစ်ကြတာပါဟာ...'
kaozuကအချိန်မှီပြောလိုက်သောကြောင့်
တော်ရော့သည်။..သက်ပြင်းကိုတိုးတိုးချမိသည်။
'ပြောစရာရှိသေးတယ်..ရွာထဲမှာလူတစ်ယောက်ရောက်နေတယ်..'
'သြော်..ဧည့်သည်နေမှာပေါ့'
'မဟုတ်ဘူးဗျ..ကျွန်တော်တို့ရွာကိုဧည့်သည်
တချို့လာတတ်တာသိတယ်..သူ့ပုံစံကထူး
ဆန်းတယ်ဗျ'
'ဘယ်လိုမို့လို့လဲ'
'ကုတ်အရှည်ကြီးဝတ်ထားပြီးအောက်ကစစ်
ဘောင်းဘီနဲ့ဗျ..'
'ဟုတ်လား..ဘယ်မှာတွေ့ခဲ့တာလဲ'
'မနက်ကလက်ဖက်ရည်သွားသောက်ရင်း
တွေ့ခဲ့တာ..'
'အင်း..နင်ပြောသလိုဆိုစဉ်းစားစရာပဲ'
'သတိတော့ထားပေါ့လေ..'
ထွဠ်ရန်နိုင်ကပြောပြီးရွာထဲထွက်သွားသည်။
ဒီကောင်ကအမြဲဒီလိုပဲ..အိမ်ကပ်တယ်ကို
မရှိတာ။ဒီနေ့တိုမယ်နော်
နောက်တစ်ပိုင်းရှည်ပေးပါ့မယ်
Love
YOU ARE READING
Kaozu
Romanceဒီficကတော့အရင်နဲ့မတူဘဲ၁၉၄၂ရဲ့အငွေ့အသက်တွေကို ခံစားရမဲ့GL ficတစ်ပုဒ်ပါ။