3

2.8K 294 43
                                    

"ဟေး ဂျန်းနီ ဘယ်လိုလဲအဆင်ပြေရဲ့လား"

ဂျန်းနီ,အဆင်ပြေပါတယ် ဒါပေမဲ့ ဟိုနေ့က အဖွဲ့ခေါင်းဆောင်အမကြီးက အဖွဲ့၀င်ကောင်မလေးတစ်ယောက်ကို customer ရှိတယ်သွားမလားမေးတော့ ကောင်မလေးကမသွားဖူးဖြေလိုက်တာ အဲ့ဒါကိုပါးတေကြီးရိုက်တာဟေ့

ဟန်တင့်,အဲ့ဒါထုံးစံပဲ ညင်းလို့မရဖူးလေ

ဂျန်းနီ,အဲ့ဒီအလုပ်လုပ် လုပ်စားရတာလဲ ‌ကြောက်စရာကြီးဟယ် နင်ရောဘယ်လိုလဲ

ဟန်တင့်,ဟဲ့ ငါကအဲ့ဒီအလုပ်လုပ်တာမဟုတ်ဖူး စပွန်ဆာမမတစ်ယောက်ထဲနဲ့ပဲတွဲတာ သိတယ်မလား တစ်ယောက်ထဲဆိုတော့
အပွန်းပဲ့နည်းတာပေါ့

ဂျန်းနီ,ငါတော့ ဝိတ်တာလောက်လုပ်တာနဲ့အတော်အဆင်ပြေနေပြီ ပြီးတော့
F&K(car parts)ကုမ္မဏီမှာလည်း အလုပ်လျှောက်ထားသေးတယ်

ဟန်တင့်,ဟယ် ဟုတ်လား

ဂျန်းနီ,စာရင်းကိုင်ဟ အထက်တန်းအောင်ရင်ရပြီတဲ့

ဟန်တင့်,ငါသူငယ်ချင်း ကံဇာတာတေတက်လာပြီပဲ အချစ်ရေးပဲကျန်တော့တယ်

ဂျန်းနီ,အချစ်ရေးဆိုမှ ငါ့ညီမစက်ဘီးပြန်သွားပို့ရ‌အုန်းမယ် ဒီဟာမ ငါ့ကိုမေတ္တာပို့နေတော့မှာပဲ

_အချစ်ရေးဆိုတာနဲ့ မိသားစုကိုပဲတန်းသတိရတဲ့ ဂျန်းနီ
.............................................

"ဧည့်တွေ့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ကျွန်မက ဂင်ဂျီဆူးပါ ရှင့်အတွက်ရှေ့နေလိုက်ပေးမှာပါ"

ချယ်ယောင်း,မလိုဖူး

ဂျီဆူး,ဒီအမှုကနေ ရှင်လွတ်ဖို့ကျွန်မကူညီနိုင်တယ် ရှင့်ဘက်ကလဲ ညီမဖြစ်သူဘာကြောင့် သေဆုံးခဲ့လဲပြောပြပေးနိုင်မလား နှလုံးရပ်ပြီးသေတယ်ဆိုပေမဲ့ ဆေးစစ်ချက်အရ သူ့မှာနှလုံးရောဂါလည်းမရှိပါဖူး ကျွန်မအထင် ညီမဖြစ်သူမသေဆုံးခင် ပြင်းပြင်းထန်ထန်စိတ်ထိခိုက်စရာတစ်ခုကြုံခဲ့ရတယ်ထင်တယ်

ချယ်ယောင်း,ရှင်ပြန်လိုက်တော့

ဂျီဆူး,ဒီမှာမိန်းကလေး မင်းအတွက်ပြောနေတာ ဒီထောင်ထဲမှာအရိုးဆွေးသွားလိမ့်မယ်နော် မင်းပက်သက်မိတဲ့လူတေကF&Kကလူတေ တစ်ခုခုကိုလက်စားချေချင်တယ်ဆိုရင်တောင် ပထမဆုံးထောင်ကလွတ်မှဖြစ်မှာလေ

FourWhere stories live. Discover now