14

2.3K 262 25
                                    

"အာဒီဂူး အာဒီဂူး ငါ့သမီးလေး ပိန်လိုက်တာ အသာများများစားပေး ဒါက
၀က်သားပေါင်ခြောက်လေး အမေကိုယ်တိုင် နေလှန်းပြီးကင်ထားတာ"

လီဆာ,ဟုတ် အမေကောင်းကောင်းစားပါ့မယ်

ဒေါ်ရူဘီ,ဟဲ့ ဘာလုပ်နေတာလဲ ရေနွေးထည့်ပေးလေ သမီးလေးထမင်းစားနေတာကို အလိုက်မသိဖူး

_အမေဖြစ်သူက ဂျန်းနီကိုဟောက်ပါတော့တယ်

_ အိမ်ရှေ့အထိလိုက်ပို့ယုံပဲဆိုတဲ့လူက အခုတော့ ကျွန်မရဲ့မိဘတေကို သူ့မိဘလုပ်ပြီး ထမင်းပါ၀င်စားနေတယ်

ဒေါ်ရူဘီ,ဂင်ချီဟင်းချို ကြိုက်ရဲ့လား ဒီနေ့
ဂျန်းနီက အပြင်မှာသွားစားမယ်ပြောလို့ ဘာမှသိပ်မချက်ထားဖြစ်ဖူး နောက်နေ့ထပ်လာခဲ့နော် ဟင်းကောင်းကောင်းချက်ထားမယ်

လီဆာ,အခုတောင် အရမ်းစားကောင်းနေပါပြီ အမေရဲ့

_ဒေါ်ရူဘီ လီဆာ့မျက်နှာကိုတစိမ့်စိမ့်ထိုင်ကြည့်နေတယ်

ဆိုမီ,အမေ သူများထမင်းစားနေကို အဲ့လိုကြီးထိုင်ကြည့်မနေနဲ့လေ ရိုင်းရာကျတယ်

_ခုနကထဲက စာစာပွဲမှာ စာကျက်ချင်ယောင်ဆောင်ပြီး နားစွင့်နေတဲ့ အငယ်မ

လီဆာ,ဟင့်အင်း ကျွန်မအဆင်ပြေပါတယ် ဘယ်သူမှ ကျွန်မထမင်းစားတာကို အမေ့လိုသေချာကြည့်မပေးဖူးဘူး ကျွန်မကြိုက်ပါတယ်

_လီဆာ ဒီအခိုက်အတန့်ကိုတစ်ကယ်သဘောကျနေခဲ့တာပါ သူ မရခဲ့တဲ့မိသားစုဆိုတဲ့ အရသာပဲမလား

ဦးရူဘီ,ဒါနဲ့ သမီးကတစ်ဦးတည်းသော သမီးလား

လီဆာ,ဟုတ်ကဲ့အဖေ တစ်ခြားမိသားစုက မောင်နှမတေများပေမဲ့ ကျွန်မတို့မိသားစုကတော့ ကျွန်မတစ်ယောက်ထဲပါ

ဦးရူဘီ,အဖေ သိချင်တာတစ်ခုရှိတယ်

_ကျွန်မရဲ့အဖေလည်း လီဆာ့ကို ကြိုဆိုနေခဲ့တာလား သူ့ကိုသူ အဖေလို့ နာမည်စားသုံးပြီးတော့လေ

_အဖေဟာ လီဆာ့အနားကိုအသာလေးကပ်သွားတယ်

လီဆာ,ဟုတ်အဖေ

ဦးရူဘီ,ဟိုလေ သူဌေးတေကလည်း ရုပ်ရှင်တေထဲကလို အပြင်မှာ ထမင်းစားရင် စီးပွားရေးအကြောင်းပဲပြောတာလား

FourWhere stories live. Discover now