"လာလီဆာ နင်နောက်တစ်ခါ ငါ့ရုံးချိန်းတေ ဘယ်တော့မှမလာခဲ့နဲ့"
လီဆာ,ငါဘာလုပ်လို့လဲ
ဂျီဆူး,နင်နဲ့ ဟိုလူ မိတ်ဆွေဖွဲ့နေတာ စိတ်ပျက်စရာကောင်းတယ် သူတို့ကလူကောင်းမဟုတ်တာ သိရဲ့နဲ့
လီဆာ,ဟေး ရှေ့နေဆူး မေ့နေပြီလား မင်းရဲ့ချစ်သူကလည်း လူကောင်းမဟုတ်ဖူးဆိုတာ
ဂျီဆူး,နင်နဲ့ငါနဲ့ လမ်းခွဲပြီးပြီ လီဆာ နင်
_ဂျီဆူး နှုတ်ခမ်းကိုလီဆာ ဆွဲကပ်နမ်းလိုက်တယ် ဂျီဆူး လီဆာ့ရင်ဘက်ကိုတွန်းထုတ်ပြီး
"ဖြန်း💥"
_လီဆာ့ပါး တစ်ချက်ထဲနဲ့ အီစိမ့်သွားပါပြီ_သို့သော် ဂျီဆူးနှုတ်ခမ်းကိုအတင်းအကြပ် နောက်တစ်ကြိမ် စုပ်ယူနမ်းပြန်တယ်
"ဖြန်း💥"
_ဒုတိယတစ်ချက် လီဆာ့ပါးမှာ ဂျီဆူးလက်ယာ ကွက်တိထင်သွားပါပြီ_လီဆာဟာ အမှတ်မရှိ ဂျီဆူးနှူတ်ခမ်းကို ထပ်ပြီး နမ်းပြန်တယ်
_ရုံးခန်းထဲမှာ ဘယ်သူမှမရှိလို့တော်ပါသေးတယ် မဟုတ်ရင် နမ်းလိုက်ရိုက်လိုက်နဲ့ ဘယ်လိုအခြေအနေမှန်းကိုမသိ
_နောက်ဆုံးတော့ ဂျီဆူးရိုက်ချက်ကြောင့်
လီဆာ့ နှုတ်ခမ်းမှာသွေးထွက်သွားပြီလီဆာ,နင်ဘယ်လောက်ပဲလမ်းခွဲမယ်ပြောပြော ငါလမ်းခွဲမပေးနိုင်ဖူး ငါနင့်ကိုအရမ်းချစ်လို့လေ
ဂျီဆူး,နင့်အချစ်ကဘာကြီးလဲ တွေ့သမျှမိန်းမကိုချစ် တွေ့သမျှမိန်းမနဲ့ပျော် အဲ့လိုလား
လီဆာ,ဆူး မင်းအဲ့လိုမပြောသင့်ဖူး ငါ့အချစ်ကိုသိရဲ့သားနဲ့ မင်းကရော ငါ့ကိုဘယ်လောက်ထိချစ်ခဲ့လို့လဲ အရမ်းချစ်တယ်ဆိုရင်တောင် ဘယ်လောက်ထိချစ်ကြောင်းပြခဲ့လို့လဲ အမြဲတမ်းအလုပ်တေနဲ့ပဲရှုပ်နေခဲ့တာ
ဂျီဆူး,ငါနဲ့ဂျန်းနီ နှစ်ယောက်ထဲကတစ်ယောက်ကိုနင်ရွေး ကျန်တာငါမသိချင်ဖူး
လီဆာ,ငါဘယ်တော့မရွေးချယ်ဖူး နင်မဖြည့်ပေးနိုင်တဲ့ငါ့နှလုံးသားကွက်လပ်တေကို
ဂျန်းနီကဖြည့်ဆည်းပေးခဲ့တာ ဂျန်းနီမသိနိုင်တဲ့အချစ်တေကိုလည်းနင်ကပဲငါ့အတွက်ဖန်တီးပေးနိုင်တာ ငါနှစ်ယောက်လုံးကိုဘယ်တော့မှလက်မလွှတ်ဖူး