30

2K 181 7
                                    

_ဉက္ကဌကြီးဦးကွတ်ကီး မသိသေးတဲ့
လီဆာ့ရဲ့နောက်ကြောင်းတစ်စိတ်တစ်ပိုင်း_

"ညီမ တစ်ကယ်ပဲဆုံးဖြတ်လိုက်ပြီလား"

"ကျွန်မဆုံးဖြတ်ပြီးပြီ အကို ကျွန်မရဲ့
မာနိုဘန်းဆိုတဲ့ဘ၀ကိုစွန့်လွှတ်ပြီး အကို့ရဲ့
လယ်ထဲကိုလဲ လိုက်ခဲ့တော့မယ်"

"ဒါပေမဲ့ မဖြစ်နိုင်ပါဖူးညီမရယ် အကို့ရဲ့မယားကြီးနဲ့ ကွာရှင်းထားတာကလည်း
မကြာသေးဖူး"

"ညီမကို မထားခဲ့ပါနဲ့တော့အကို"

_ငယ်ရွယ်သူပီပီ အချစ်တစ်ခုကို ကိုးကွယ်ပြီး အဖေ့နောက်ကိုမျက်စိမှိတ်လိုက်ခဲ့တဲ့ ကျွန်မအမေ

_အမေဟာ ချမ်းသာတဲ့မျိုးရိုးကလာခဲ့သူမို့ ဆင်းရဲမှုဒဏ်ကိုကြာကြာမခံနိုင်ပါ အဖေ့ရဲ့လယ်စောင့်တဲမှာလဲ မပျော်နိုင်တော့ပါ

_ဒီလိုမပျော်ရွင်တဲ့အမေ့ကို အဖေဘယ်လိုကြည့်ရက်နိုင်မှာလဲ

_တစ်နေ့မှာတော့ အဖေဟာ မွေးပြီးခါစ ရက်သားအရွယ်ကလေးလေးတစ်ယောက်ကို အနှီးနဲ့ထုတ်ပြီး အမေ့ဆီပြန်ခဲ့တယ်

"အကို အဲ့ဒါဘယ်သူလဲဟင်"

"ညီမ အကို့ရဲ့မယားကြီးဆုံးသွားပြီ သူ မသေခင် အကို့ရဲ့ရင်သွေးလေးကိုမွေးခဲ့တယ်"

"ဘာလဲအကို အကိုကဒီကလေးကို တာ၀န်ယူဖို့ခေါ်လာတာလား ကျွန်မလုံး၀လက်မခံနိုင်ဖူး"

"အကိုတို့နှစ်ယောက်လည်း တစ်နှစ်သာကြာသွားတယ် ကလေးမှမရတာ သူ့ကိုပဲမွေးကြရအောင် ပြီးတော့ ကိုတို့ သူ့ကိုအကြောင်းပြုပြီး အဖေ့ဆီပြန်ကြရအောင်လေ မာနိုဘန်း ဆိုတဲ့မျိုးရိုးဆီကို"

_ထိုအခါ အမေဟာသေချာစဉ်းစားခဲ့ပြီး ထိုကလေးကိုမွေးဖို့ဆုံးဖြတ်ခဲ့တယ်

_ထိုကလေးဟာ နောက်တစ်ချိန်
လာလီဆာမာနိုဘန်း ဖြစ်လို့လာခဲ့တယ်

*၁၀နှစ်အရွယ် လာလီဆာမာနိုဘန်း နှင့် ၁၂နှစ်အရွယ် ဂင်ဂျီဆူးတို့ အုတ်ခုံပေါ်ထိုင်နေကြတယ်*

"ဂျီဆူး နင်ဘယ်သူ့ကိုမှမပြောရဖူးနော်
နင်သာသူများတေကို ပြောပြလိုက်ရင် ငါက မာနိုဘန်း လုပ်လို့မရတော့ဖူး"

Fourحيث تعيش القصص. اكتشف الآن