"ငါ့ကိုသွားခွင့်ပြုပါလီဆာ ငါ နင့်အနားမှာ ဆက်နေဖို့မဖြစ်နိုင်တော့ဖူး"
လီဆာ,ချယ် နင်ငါ့ကိုမထားခဲ့ဖူးဆို ငါတို့က သူငယ်ချင်းတေ ငါ့ကိုပစ်မသွားပါနဲ့
ချယ်ယောင်း,တော်တော့ လီဆာရယ် ငါတို့
မဆုံခဲ့သလိုပဲ သဘောထားကြရအောင်လီဆာ,ချယ် နင်မသွားရဖူး ငါ့ကိုပစ်ပြီး မသွားရဖူး
ချယ်ယောင်း,နင် ငါ့အကြောင်းကို မသိပါဖူး ငါက အစောကြီးထဲက နင့်ကိုစိတ်ဒဏ်ရာတေပေးဖို့ နင့်အနားကို ချဉ်းကပ်ခဲ့တာ
"ငါ နင့်ဘ၀ထဲကိုစ၀င်လာထဲက နင့်ကိုနှိပ်စက်ဖို့ပဲ"
လီဆာ,ငါ သိတယ် ငါအကုန်သိတယ်
"ငါ့ကြောင့် နင့်ညီမလေးသေရတာဆိုပြီး ငါ့ကိုဒုက္ခပေးဖို့ ငါ့ဘ၀ထဲ နင်၀င်လာခဲ့တာငါသိတယ်"
"နင့်ဗိုက်ကဓားထိုးခံရတဲ့ ဒဏ်ရာကလည်း ဘာကြောင့်ရတာလာလဲ ငါသိတယ်"
"နင် ဘင်ဂင့်ကိုသတ်ဖို့သွားခဲ့တယ်မလား သူ့တပည့်တေနဲ့ နင်တိုက်ခိုက်ခဲ့တယ်လေ ငါအားလုံးကိုသိပေမဲ့ ငါ သူ့ကို သေနတ်နဲ့ချိန်ခဲ့တယ်"
"နင့်ကိုကာကွယ်ပေးဖို့အတွက်လေ"
ချယ်ယောင်း, နင်အားလုံးကိုသိနေရဲ့သားနဲ့ ဘာဖြစ်လို့ ငါ့ကိုလက်ခံနေသေးလဲ
"ချစ်လို့ ငါနင့်ကိုချစ်လို့ ချယ်"
"ပြီးတော့ ကြောက်တယ် နင်ငါ့အနားကထွက်သွားမှာကို အဲ့ဒါကြောင့် ငါတိတ်တိတ်လေး ငြိမ်နေခဲ့တာ""နင့်ကို ငါ့ဘ၀ထဲက ဆွဲထုတ်ဖို့ကြိုးစားပါသေးတယ် ဒါပေမဲ့ အချိန်မမှီတော့ဖူး
ငါချစ်မိသွားပြီလေ"_လီဆာ ချယ့်လက်ကို သူ့လက်လေးနှစ်ဘက်နဲ့ ဆွဲထားတယ်
_တစ်ကယ့်ကို ကလေးလေးလိုပါပဲ
"မသွားပါနဲ့နော် ငါ့ကိုမထားသွားပါနဲ့"
ချယ်ယောင်း,ငါ့ကို ခွင့်မလွှတ်နဲ့ လီဆာ ငါဆုံးဖြတ်ပြီးသားမို့ ငါ့ညီမအတွက် ငါဒါကိုလုပ်ရမယ်
လီဆာ,ဒါဆို ငါ့အတွက်ကရောလို့ ငါ့အတွက်အရောလို့
"ငါ့အတွက်ကျ ဘာလို့ ဘယ်သူမှ အဲ့လိုပုံစံမဖြစ်ပေးကြတာလဲလို့ ငါမှငါ ဘာလို့မဖြစ်ကြတာလဲလို့"