"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ"
_လီဆာ ဖုန်းနံပတ်တစ်ခုကိုအသည်းအသန်ခေါ်နေခဲ့ပေမဲ့ လူကြီးမင်းနဲ့သာတွေ့နေတယ်
_5ခါမြောက်မှာတော့ ဟိုဘက်က ဖုန်းကိုင်ပါပြီ
"လာလီဆာ နင်ဘာဖြစ်နေတာလဲ ငါမနက်ဖြန် ရုံးချိန်းရှိတယ် နင်နဲ့တီတီတာတာ ပြောဖို့အချိန်မရှိဖူး"
_ပြောချင်တာပြောပြီး ချက်ချင်းဖုန်းချသွားတဲ့ ဂျီဆူး
_ဂျီဆူးလည်းတစ်ကယ်အလုပ်ရှုပ်နေခဲ့တာပါ မနက်ဖြန် ပတ်ချယ်ယောင်းအမှုအတွက် နောက်ဆုံးရုံးချိန်းဖြစ်ပြီး စီရင်ချက်ချမှာပါ ဉက္ကဌဘင်မာနိုတို့ဘက်ကို အနိုင်ယူရမှာမို့
ဂျီဆူး အများကြီးပြင်ဆင်နေရတယ်_လီဆာကရော ဘာတေအရေးကြီးနေခဲ့တာလည်း
_လီဆာ ဖုန်းနံပတ်တစ်ခုကိုထပ်ခေါ်ပြန်တယ် သူကရော ဖုန်းကိုင်ကောင်းပါရဲ့
📞ဟလို လီဆာပြော
📞ဂျန်းနီ အခုကို့ဆီလာပေးနိုင်မလားဟင်
📞လီဆာ ဘာဖြစ်လို့လဲ ကျွန်မကဘယ်ကိုလာရမှာလဲ ပြီးတော့ အခုအရမ်းမိုးချုပ်နေပြီလေ ပြီးတော့ ကျွန်မမုန့်ညင်းထုပ်
📞ကို့ခြေထောက်တေ လှုပ်လို့မရတော့ဖူး
ဂျန်းနီရယ် ကိုဆေးရုံသွားချင်တယ်📞 ကျွန်မအခုလာခဲ့မယ် ရှင့်အိမ်လိပ်စာ အခုပြော
_ဖုန်းထဲကနေ ဂျန်းနီချက်ချင်းပြေးလာနေပြီလို့ လီဆာခံစားရတယ်
_ဂျန်းနီက လီဆာမျှော်နေခဲ့တာလူများလား
_တစ်ချိန်လုံး လီဆာ့ကိုပဲကြည့်နေမယ့်သူ
..............................................."နောက်ပြီး တရားခံဟာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာမဟုတ်ပါဖူး မထင်မှတ်ပဲ စကားများကြရာကနေ တွန်းမိသွားတာပဲ"
"ဒါကြောင့် ကြိုတင်ကြံစဉ်မှုဆိုတဲ့ ဆွဲချက်ကို ယုတ်သိမ်းဖို့ တောင်းဆိုပါတယ် တရားလူကြီးမင်းရှင့်"
_ဂျီဆူး နဲ့ တစ်ဖက်ရှေ့နေတို့ အပြန်အလှန် ဆွဲချက်များကို တင်လိုက် ချေပလိုက်ဖြစ်နေတယ်