"ဒီမှာတွေ့လား ဒီအမြီှးလေးစိမ်းနေတာကို ယူရတယ် ဒါမှနာနတ်သီးက လတ်တာ ပြီးတော့ အဝါဘက်သန်းတာလေးယူရတယ် ဒါမှချိုတာ"
လီဆာ,အင်း ဟုတ်တယ် ငါအချဉ်မစားချင်ဖူး အချိုရွေးယူရမယ်
_လက်နှစ်ဘက်နဲ့ပွေ့ထားတဲ့ နာနတ်သီးနှစ်လုံးကို လီဆာပြန်ချလိုက်ပြီး ချယ်ယောင်းရွေးပေးတဲ့နာနတ်သီးကိုသာယူလိုက်တယ်
ချယ်ယောင်း,ပြီးရင် ထန်းညက်၀ယ်ရမယ်
_ချယ်နဲ့လီဆာ နာနတ်ယိုလုပ်ဖို့အတွက်
ဈေးထဲမှာလိုတဲ့ပစ္စည်းတေလှည့်ပတ်၀ယ်ကြတယ်"ချယ်ယောင်းရေ! ငါနာနတ်သီးကိုခြစ်နဲ့အကုန်ခြစ်ပြီးပြီ"
"ဟုတ်လား! ဒါဆို စင်ပေါ်တင်ပြီး နေခြောက်လှန်းလိုက်တော့"
_ချယ်နဲ့လီဆာ အိမ်ရှေ့နဲ့အိမ်နောက် အော်ပြောနေကြတယ်
_လီဆာက နာနတ်သီးလှီးနဲ့နေရာမှာတာ၀န်ယူပြီး ချယ်ယောင်းကတော့ ထန်ညက်ကြိုတဲ့နေရာမှာတာ၀န်ယူတယ်
လီဆာ,ဒါဆိူ နာနတ်သီးခြောက်ရင် အိုးထဲထည့်မွေးပြီး စားယုံပဲပေါ့
ချယ်ယောင်း,ဒါပေါ့
လီဆာ,ဝါး လွယ်လိုက်တာ နာနတ်ယိုက
နင့်မိသားစုနဲ့နင် အမြဲလုပ်စားနေကြလားဟင်ချယ်ယောင်း,ငါ့မှာ မိသားစုမရှိဖူး လီဆာ
လီဆာ,အော်
_ချယ်က မီးဖိုပေါ်က ထညက်အိုးကိုသာအားစိုက်မွှေနေတယ်
လီဆာ,နင် ငါ့ကိုတစ်ခုခုများ ပြောစရာမရှိဖူးလားဟင်
ချယ်ယောင်း,ဘာကိုလဲလီဆာရဲ့
_လီဆာ ချယ့်ကိုကြည့်ပြီး သက်ပြင်းသာချမိတယ်
"ချယ် နင့်ငါ့ကိုဘယ်လိုပဲပြုမူပါစေ ငါနင့်ကိုအမြဲခွင့်လွှတ်မှာ နင်သိတယ်မလားဟင်"
"ဘာလို့လဲဆိုတော့ နင်ကငါ့ရဲ့ တစ်ဦးတည်းသောသူငယ်ချင်းမို့လို့ပါ နင်ငါ့ကိုသတ်မယ်ဆိုရင်တောင် ငါအပြစ်မယူရက်ဖူး ချယ်"
"သတ်မယ်ဆိုရင်တော့ အသေသတ်ပြီးမှထွက်သွားပေးပါနော် ချယ် ငါ့ကိုတစ်ယောက်တည်းတော့ မထားခဲ့ပါနဲ့"