"ရှေ့နေ့ဆူး ဒီဘက်ကိုကြွပါ အခန်းနံပတ် ၃၀ပါ"
_ဂျီဆူး လီဆာ့အိမ်ကိုရောက်ခဲ့ပေမဲ့ လီဆာဆေးရုံမှာရှိတာကိုသိပြီး လိုက်လာခဲ့တယ်
ဂျီဆူး,ဘယ်လိုဖြစ်တာလဲ
စီစီ,မမလေးက ဆေးမသောက်တာ၂ပတ်လောက်ရှိပါပြီ အဲ့ဒါနဲ့ မမလေးရဲ့ရောဂါက ပြန်ထလာတာပဲ ကျွန်မလည်း မမလေးအနားမှာမရှိနေနိုင်တော့
ဂျီဆူး,ဘာလို့ဆေးမသောက်တာလည်း
လီဆာ,မေ့သွားလို့
ဂျီဆူး,ဘာ!
_ဂျွန်ဟဲနဲ့ ရွေအိုရောင်ဆံပင်နဲ့ ကောင်မလေး ဂျီဆူးအော်သံကြောင့် လန့်သွားတယ်
လီဆာ,ငါ့ကိုလာမအော်နဲ့ !နင်တောင် ငါ့ကိုဂရုစိုက်လို့လား ငါဖုန်းဆက်တာတောင် နင်
ချပစ်ပြီးတော့ဂျီဆူး,နင်ကလေးလား ဆေးလေးတစ်လုံးတောင်ပုံမှန်မသောက်နိုင်ဖူးလား
လီဆာ,နင်ကျတော့ရော ငါ့ကိုဘယ်လောက်ဂရုစိုက်ပေးနေလို့လဲ
ဂျီဆူး,ငါနင့်နားမှာပဲ တစ်ချိန်လုံးနေနေရအောင် နင့်အရုပ်မဟုတ်ဖူး ငါ့ကိုအဲ့ဒီ
အချိုးလာမချိုးနဲ့_လီဆာ အံကြိတ်လို့သာထားတယ်
ဂျွန်ဟဲ,ရှေ့နေဆူး စိတ်လေးလျှော့ပါအုန်း
ဉက္ကဌကြီးက နေမကောင်းဖူးလေ_ဂျီဆူး ရေတစ်ခွက်မော့သောက်ရင်း
ဆိုဖာပေါ်ထိုင်ချလိုက်တယ်ဂျွန်ဟဲ,ဉက္ကဌကြီး သက်သာရဲ့လား
_လီဆာ မျက်လုံးစိမ်းစိမ်းနဲ့မော့ကြည့်တယ်
_ဟင်း ခုနကတော့ဂျီဆူးနဲ့စကားပြောတုန်း အားနည်းတဲ့ယုန်သူငယ်လေး အခုတော့ ကျားဖြစ်သွားပြန်ပြီ
ဂျွန်ဟဲ,ဒါက ပတ်ချယ်ယောင်းပါ ဒီနေ့ပဲ
အမှုပြီးတာ_လီဆာ ရွှေအိုရောင်ဆံပင်နဲ့ကောင်မလေးကို လှန်းကြည့်လိုက်တယ် ထိုကောင်မလေးက အသားဖွေးဖွေးလေးရှိနေပြီး လေတိုက်ရင် လဲတော့မယ့်ပုံစံ အပြုံချိုချိုလေးရှိတာကိုလည်း လီဆာ သတိထားမိတယ်
ဂျွန်ဟဲ,တစ်ကယ်တော့ သူမက ဉက္ကဌ
ဘင်မာနို ဆီက နှောက်ယှက်တာကို ခံနေရတာပါ