"လီဆာ ဒါဘယ်သူလဲ"
_လီဆာ့ဖုန်းထဲက မက်ဆေ့တစ်ခုကို ဂျန်းနီဖတ်မိတယ်
လီဆာ,အဲ့တာက
ဂျီဆူး,ဘယ်ဟာလဲ ဂျန်းနီ
_ဂျန်းနီ ဂျီဆူးကို ဖုန်းပြလိုက်တယ်
_ချယ်ယောင်းနဲ့လီဆာ အပြန်အလှန် ကြင်ကြင်နာနာပို့ထားတဲ့စာများ
ဂျီဆူး,မာနိုဘန်း ဒါ ပတ်ချယ်ယောင်းမလား
_လီဆာ ကုတင်ပေါ်မှာ ငြိမ်လို့သာနေတယ်
ဂျန်းနီ,ပတ်ချယ်ယောင်းဆိုတာ ဟိုဂစ်တာလွယ်လွယ်ထားတဲ့ရွှေအိုရောင်ဆံပင်နဲ့ကောင်မလေးမလား
ဂျီဆူး,သိပ်ဟုတ်တာပေါ့ ငါတို့နဲ့ပြတ်တဲ့ခဏမှာ နင်က သူနဲ့ငြိသွားတာပေါ့ ဟုတ်လား
လီဆာ,ဟုတ်တယ် နင်တို့ငါ့ကိုစွန့်ပစ်လိုက်တဲ့အချိန် သူက ငါ့ကိုထွေးပွေ့ပေးခဲ့တာ
"သူကလည်း နောက်ထပ်ချစ်သူတစ်ယောက်ပဲ"
_ဂျီဆူးနဲ့ ဂျန်းနီ တိတ်ဆိတ်သွားတယ်
ဂျီဆူး,ငါတစ်ကယ်မွန်းကြပ်လာပြီ နင်ဘာလို့အဲ့လောက် ရည်းစားတေရှုပ်နေရတာလဲ
_ဂျီဆူး လီဆာ့ကိုအော်ဟစ်ဆူငေါက်တယ်
ဂျန်းနီ,သူက အခုဘယ်မှာလဲ ဒီစာထဲမှာ ပြောထားပုံအရဆို သူထွက်သွားတာလား
လီဆာ,အင်း သူထွက်သွားပြီ
ဂျန်းနီ,လီဆာ ရှင်တစ်ကယ့်ငရှုပ်ပဲ
_ဂျန်းနီနဲ့ ဂျီဆူး အခန်းထဲကနေ တံခါးကိုတွန်းဖွင့် ဆောင့်ပိတ်ပြီးအပြင်ထွက်သွားကြတယ်
_လီဆာကတော့ ကုတင်ပေါ်မှာ ငုတ်တုပ်လေးကျန်ခဲ့တယ်
.....................................ဂျန်းနီ,ဆူး လီဆာကနောက်ထပ် ရည်းစားတေ မှိုလိုပေါက်နေအုန်းမှာလား ကျွန်မတစ်ကယ် စိတ်ရှုပ်မိတယ်
ဂျီဆူး,တစ်ကယ်တော့ ဒါက ငါတို့အပြစ်မကင်းဖူး
ဂျန်းနီ,ရှင်
ဂျီဆူး,ငါတို့နှစ်ယောက်က တစ်ပြိုင်ထဲသူ့အနားကထွက်သွားမိတာလေ အဲ့ဒိတော့ ချယ်ယောင်းနဲ့သူငြိသွားတာ လီဆာကချုပ်ထားမှရတဲ့လူမျိုး