42🎁

3.4K 232 27
                                    

_ချယ်ယောင်းနဲ့ဂျန်းနီက မြို့ထဲသွားကြပြီး
ဂျီဆူးက လယ်သမား အစည်းအဝေးပွဲမှာပါ

_လီဆာကတော့ သူ့လယ်ထဲကအပင်တေစစ်ဆေးနေတယ်

"ဝေ့ သူဌေးလေး ကျေးဇူးတော်နေ့ရောက်တော့မယ်နော် မိန်းမတေအတွက် လက်ဆောင်၀ယ်ပြီးပြီလား"

_ယာထဲမှ အမျိုးသမီးကြီးများက လီဆာ့ကို လှန်းအော်ပြောကြတယ်

လီဆာ,၀ယ်ပြီးပြီ‌ဗျို့

"ကျုပ်တို့အတွက်ကကော သူဌေးလေး"

လီဆာ,ခင်ဗျားတို့က ကျွန်မ မိန်းမတေမှ မဟုတ်တာ

"ဒါဆို ကျုပ်တိူ့ကိုအမြန်လက်ထပ်ယူပါ အေ"

_လီဆာ့ကို တမင်စနောက်နေခြင်းဖြစ်သည်

လီဆာ,မယူနိုင်သေးဖူးဗျိူ့ သုံးယောက်တောင် မနည်းထိန်းရတယ်

"ကဲ သွားပြီ သွားပြီ"

_လီဆာ ဂျုံခင်းဘက်ကို ဦးတည်ထွက်သွားတယ်

"လီဆာ!!!"

_ဂျန်းနီနဲ့ ချယ်ယောင်းရဲ့ခေါ်သံကို လီဆာကြားလိုက်တယ် သူတို့နဲ့အတူ ခွေးလေး
နှစ်ကောင်ပါလာတာကိုလည်းလီဆာ သတိထားမိတယ်

လီဆာ,ချယ် နီနီ ကိတ်မုန့်တေပို့ခဲ့ပြီလား

ဂျန်းနီ,အင်း ဒီမှာ အိမ်မှာစားဖို့ ချိစ်ကိတ်တစ်လုံးတောင်ပြန်သယ်ခဲ့တယ်

လီဆာ,ဒီခွေးတေက

_ကော်ဖီရောင်အမွေးစုတ်ဖွားလေးရယ်
အဖြူရောင် ခွေးသေးသေးလေးရယ်

ချယ်ယောင်း,သူတို့သခင်တေက သူတို့ကိုပစ်သွားတယ်လို့ပြောတယ် အရမ်းသနားဖို့ကောင်းတယ် အဲ့ဒါကြောင်းမွေးဖို့ခေါ်လာတာ

_တစ်ယောက် တစ်ကောင် လက်ထဲပိုက်ထားကြတယ်

လီဆာ,မဖြစ်ပါဖူး အိမ်မှာ Leoတို့loveတို့ရှိနေတာ မတည့်လောက်ဖူး

ဂျန်းနီ,တည့်ပါတယ် ၀က်နဲ့ခွေးဆိုတာ သူငယ်ချင်းတေပဲဉစ္စာ

လီဆာ,ဘယ်မှာလဲ၀က် အိမ်မှာ ၀က်မရှိဖူး

_လီဆာ့ကြောင်ကို ရွှဲ့ပြောခြင်းဖြစ်သည်

FourWhere stories live. Discover now