"ကို မင်းကိုအိမ်အထိလိုက်ပို့ပါ့မယ်"
ဂျန်းနီ,ရပါတယ် လီဆာ ဟို
လီဆာ,ဘာလဲ မင်းမိဘတေကို ကိုတို့အကြောင်းသိမှာစိုးလို့လား ကိုမပြောပါဖူး
_လီဆာ ပြုံးစိစိနဲ့
ဂျန်းနီ,အဲ့လိုမဟုတ်ဖူး လီဆာရဲ့ ကျွန်မတို့ရပ်ကွက်ထဲကို ရှင့်ရဲ့ကားနဲ့သွား၀င်လိုက်ရင် မဖြစ်ပါဖူး
လီဆာ,ကို ကားကိုခပ်ဝေးဝေးမှာရပ်ထားမယ် ဟုတ်ပြီလား
_လီဆာ အတင်းအိမ်ပြန်လိုက်ပို့နေတာကြောင့်ငြင်းမရတော့ပါ
ဂျန်းနီ,ရပြီ ဒီကနေလမ်းလျှောက်သွားလိုက်တော့မယ်နော်
လီဆာ,ဟေး နေပါအုန်း ကိုတစ်ကယ် အိမ်အထိလိုက်ပို့ပေးမယ်
_လီဆာကားထဲကထွက်လာပြီး ဂျန်းနီလက်ကိုတွဲလိုက်တယ်
လီဆာ,ကိုကလေ ချစ်သူလက်လေးကိုတွဲပြီး ညဘက်ကောင်ကင်ပြာကြီးအောက်မှာ လမ်းလျှောက်ချင်တာ ပြီးတော့ ချစ်သူရဲ့ အိမ်ရှေ့အထိကိုလိုက်ပို့ပေးတဲ့ချာတိတ်လေး လုပ်ချင်တာ
_ဒါတေက လီဆာ့ရင်ထဲကဆန္ဒတေပါ
_ဂျန်းနီလည်းထွေထွေထူးထူးငြင်းမနေတော့ပဲ လီဆာ့ လက်နွေးနွေးလေးကို ဆုပ်ကိုင်ထားလိုက်တော့တယ်
ဂျန်းနီ,လီလီ ဆိုပြီးခေါ်လို့ရလားဟင်
လီဆာ,ရတာပေါ့ ဒါဆို ကိုက နီနီလို့ပြန်ခေါ်မယ်
ဂျန်းနီ,လီလီ ရှင့်ရဲ့အကြောင်းတေကျွန်မကို ပြောပြအုန်းလေ
လီဆာ,ကိုကအားငယ်တတ်တယ် ပြီးတော့ ချစ်မိရင်ဖက်တွယ်တတ်တယ် ကို့ဆီမှာလိုအပ်ချက်တေများတယ်
ဂျန်းနီ,မနက်ခင်းသတင်းစာနဲ့ ညနေခင်းသတင်းတေမှာတော့ ရှင်ဘယ်လောက်တော်တဲ့အကြောင်း ရှင်ကြောင့်ရှယ်ယာဈေးတေဘယ်လိုမြင့်လာတဲ့အကြောင်း လာလီဆာဆိုတာက နိုင်ငံရတနာနဲ့တူတယ်တဲ့
လီဆာ,အဲ့ဒါတေက လူတေမြင်တဲ့ဘက်အခြမ်းပေါ့ ကို့ရဲ့အားငယ်နေတဲ့အပိုင်းကိုကျဘယ်သူမှစိတ်မ၀င်စားကြဖူးလေ
ဂျန်းနီ,ကျွန်မရှိနေပြီမို့ ရှင်အားမငယ်နဲ့နော်
_သူမက ဒီလိုလည်းဖေးမတတ်သေးတယ်