Start Of The Story!

2.6K 100 3
                                    

Unicode

မှုန်ဝါးဝါးမြင်ကွင်းတွေကတစ်ဆင့် တဖြေးဖြေးကြည်လင်လာပြီး အေးစက်စက်မွေ့ယာတစ်ခုရဲ့အထိတွေ့ကနေရုန်းထွက်လိုက်ပြီး ဆူညံသံတွေကိုနားစွင့်လိုက်မိသည်။ အမျိုးသမီးသုံးဦးကငြင်းခုန်နေကြဟန်တူသည်။

"သူကဘယ်လိုဖြစ်လို့ပြန်ရှင်လာတာလဲ"

"အေးလေ သူ့ကိုကယ်မရတော့ဘူးဆို"

"တိတ်ကြစမ်း! ထွက်သွားကြတော့"

ဒေါက် ဒေါက် ဒေါက် ကျွီ........

ဒေါက်ဖိနပ်သံအဆုံးမှာတော့သူရှိနေတဲ့အခန်းတံခါးဖွင့်ဟသွားပြီး လှပတဲ့အမျိုးသမီးတစ်ဦးက သူ့ဆီလျှောက်လာပြီး သူ့ဘေးမှာလာထိုင်နေသည်။ ဒီအမျိုးသမီးက သူ့ဆီကအရာအားလုံးလုယူခဲ့တဲ့သူ၊ သူမုန်းတီးနာကျဉ်းမိတဲ့သူ ကံကြမ္မာက သူ့ကိုတဖန်ပြန်လည်ရှင်သန်စေခဲ့ပြီ သူ့ရဲ့ဆန္ဒတွေကိုဖြည့်စည်းဖို့လောကကြီးကအခွင့်ရေးပေးခဲ့ပြီ။

"ပေါ်တိ သက်သာနေပြီပဲ ဒါဆိုလည်းနောက်တစ်ပတ်အစ်မနဲ့မင်းရဲ့အဟင်းးးး မင်းရဲ့ကျန့်ကောရဲ့လက်ထက်ပွဲအတွက်မင်းကတာဝန်ယူဆောင်ရွက်ပေးပေါ့ အစ်မသွားပြီနော်"

လှောင်ရယ်သံနဲ့ ရန်စွသွားတဲ့ထိုမိန်းမက သူတစ်ဖန်ပြန်လည်ရှင်သန်လာသည်ကိုမသိတာကြောင့် လှောင်ရယ်နိုင်ပေမဲ့ အနာဂါတ်ကိုကြိုသိနေတဲ့သူ့အတွက်ကတော့ သိပ်လှပတဲ့ကစားပွဲတစ်ခုပဲဖြစ်နေလိမ့်မည်။

'ဝမ်ရိပေါ် ဒီဘဝမှာအကောင်းဆုံးပြန်ရှင်သန်ပါ မင်းအတွက်စတေးပေးခဲ့တဲ့အသက်တစ်သက်ရဲ့တန်ဖိုးကိုသိတတ်ပါစေ အကူညီလိုအပ်တဲ့အခါ ငါ့ကိုခေါ်လိုက်ပါ'

'ဘယ်လို စတေးခဲ့တယ် အသက်တစ်သက်? ဘယ်သူကလဲ?'

'ငါ့မှာဖြေဆိုခွင့်မရှိဘူး အချိန်တန်ရင်မင်းသိရလိမ့်မယ် အကူညီလိုအပ်ရင် ဖူယွမ်လို့ခေါ်လိုက်'

'ကျေးဇူးပါ'

ဘာကြောင့်စတေးပေးခဲ့လဲ ဘယ်သူလဲမသိပေမဲ့ ကျေးဇူးတင်ပါတယ် ခင်ဗျားရဲ့စတေးမှုကိုအလကားမဖြစ်စေရပါဘူး။

*****

ဟွားဟွားis backပါနော်။ Intoရေးထားတာကြာပြီမတင်ဖြစ်လို့ တစ်ပတ်တစ်ပိုင်းပါ။ အဆင်ပြေရင်upပေးပါ့မယ် ဖတ်ကြမယ်ဟုတ်။

Zawgyi





ဒေါက် ဒေါက် ဒေါက် ကျွီ........







'ကျေးဇူးပါ'


*****


If The Worst Comes To The WorstWhere stories live. Discover now