Unicode
"အိမ်မှာ"
"ဟင်"
"ဟုတ်တယ်ကော အိမ်ရဲ့စာကြည့်ခန်းနံရံမှာချိတ်ထားတာ ပါးကိုမင်အိမ်တော်ကလက်ဆောင်အဖြစ်ပေးတယ်လို့ပြောသံကြားဖူးတယ်"
"မင်အိမ်တော်ကတကယ်ကိုဥာဏ်များတာပဲ"
"ကျွန်တော့်မှာ ပါးရဲ့ဒိုင်ယာရီစာအုပ်ရှိတယ်"
ရိပေါ်သူ့အတွက်ပြင်ဆင်ပေးထားတဲ့အခန်းထဲပြေးဝင်သွားပြီး သူ့အဝတ်ထုပ်ထဲထည့်ယူလာသည့်ဒိုင်ယာရီစာအုပ်ကိုထုတ်ယူလိုက်ပြီး နောက်ဆုံးစာမျက်နှာတွေဆီလှန်လောကြည့်မိသည်။ ရိပေါ်လက်ထဲကစာအုပ်က ဖတ်နေရင်းခဏအကြာမြေပြင်သို့ပြုတ်ကျသွားရသည်။ ရိပေါ်ဒူးပင်မခိုင်တော့ဘဲခွေလဲကျသွားသည်။ မျက်နှာပေါ်လက်အုပ်ကာ ရှိုက်ကြီးတငင်ငိုကျွေးမိသည်။မင်ဟွမ် ဒူးထောက်ကာငိုနေသည့်ရိပေါ်အနားသွားကာ နောက်ကျောကိုပုတ်ပေးရင်းမှောက်ရက်ကျနေသည့်စာအုပ်ကိုယူကာနောက်ဆုံးစာမျက်နှာကိုဖတ်လိုက်ချိန် မင်ဟွမ်ပင်မျက်ရည်ဝဲလို့လာသည်။ ရိပေါ်ငိုနေသည် ရှိုက်ကြီးတငင်ငိုကျွေးနေပေမဲ့ မင်ဟွမ်မတားမိ ငိုလိုက်တာကမှသူ့စိတ်ကိုပေါ့စေမည်ထင်သည်။
အတန်ငယ်ကြာအောင်ငိုပြီးမှ ရိပေါ်မျက်ရည်တွေကိုသုတ်လိုက်ပြီး မင်ဟွမ်လက်ထဲကစာအုပ်ကိုယူကာသူ့အဝတ်ထုပ်ထဲပြန်ထည့်သိမ်းသည်။
"ကျွန်တော်မသိခဲ့ဘူး ကျွန်တော်တောင်းပန်ပါတယ်ပါးနဲ့မား ကျွန်တော်......ပါးနဲ့မားကိုကျွန်တော်မမုန်းခဲ့ပါဘူး စိတ်ချပါ ကျွန်တော့်ကိုယုံပါ ပါး"
ရိပေါ်ဆုံးဖြတ်ချက်တွေပိုလို့ပင်ပြတ်သားလာခဲ့ရသည်။ တဆက်တည်းမှာပဲ ပါးနဲ့မားကိုလဲအားနာမိသည်။ တကယ်ဆိုရိပေါ်သိသင့်ခဲ့တာ ပါးနဲ့မားရဲ့မေတ္တာအပေါ်ယုံကြည်ပေးခဲ့သင့်တာ။
"ရိပေါ်"
တွေးတောနေတဲ့အတွေးစတွေကမင်ဟွမ်ရဲ့ခေါ်သံအောက်မှာပျယ်လွင့်သွားရသည်။ ရိပေါ်မျက်ရည်တွေကိုသုတ်လိုက်ပြီး ခေါင်းကိုမော့ကာအသက်ဝဝရူလိုက်ပြီး မင်ဟွမ်ကိုလှည့်ကြည့်လိုက်သည်။
YOU ARE READING
If The Worst Comes To The Worst
Fanfictionငါကပြန်လည်ရှင်သန်လာခဲ့တာပဲ မင်းတို့အားလုံးရဲ့လုပ်ရပ်တိုင်းကိုငါသိနေခဲ့ပြီးသားပဲ ဒီကစားပွဲမှာ အောင်နိုင်သူကသေချာပေါက်ငါဖြစ်စေရမယ်။ ငါကပြန်လည်ရှင်သန်လာခဲ့တာပဲ မင်းတို့အားလုံးရဲ့လုပ်ရပ်တိုင်းကိုငါသိနေခဲ့ပြီးသားပဲ ဒီကစားပွဲမှာ အောင်နိုင်သူကသေချာပေါက်ငြါ...