You Don't Know-[Part 1]

902 63 6
                                    

Unicode

ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာတဲ့သေနတ်သံများအဆုံး လူနှစ်ယောက်လဲကျသွားတော့သည်။ တစ်ယောက်ကကြမ်းပြင်ထက်လဲကျသွားပြီး နောက်တစ်ယောက်ကတစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲလဲကျသွားသည်။ မင်စုစုသေနတ်ကိုယူလိုက်တာကြောင့် ရှောင်ကျန့်လဲခါးကြားမှာဝှက်ထားတဲ့သေနတ်ကိုထုတ်ပြီးဟန့်တားဖို့ပြင်လိုက်ပေမဲ့သူမကပစ်လိုက်ပြီဖြစ်ပြီး ရိပေါ်ရဲ့ဘယ်ဘက်ရင်အုံကိုသွားပြီးထိမှန်သွားသည်။ လဲကျမလိုဖြစ်သွားတဲ့ရိပေါ်ကိုလက်တစ်ဖက်ကပွေ့လိုက်ပြီးမင်စုစုကိုသေနတ်နဲ့ပစ်လိုက်တော့သည်။ အစကဟန့်တားရုံကြံရွယ်ခဲ့ပေမဲ့ သူမလုပ်ရပ်ကစာနာဖို့မထိုက်တန်ပေ။ ထို့ကြောင့်သုံးချက်ဆင့်ပစ်လိုက်ရာကသူမကနေရာမှာတင်အသက်မဲ့ကာလဲကျသွားသည်။

"ရိပေါ် သတိထားအုံးရိပေါ်ကိုယ်ပြောတာကြားလား"

"ကျန့်ကော ကျွန်တော်နာတယ်"

"အင်း ကိုယ်တို့ဆေးရုံသွားကြမယ်နော် မင်ဟွမ်"

"အင်းငါကားထုတ်လိုက်မယ်ရှောင်ကျန့်"

"ရိပေါ်သတိမလွတ်စေနဲ့နော်"

ဝရုန်းသုန်းကားဖြစ်နေတဲ့အခြေနေမှာဧည့်သည်တွေကိုဘယ်သူမှသတိမထားအားပေ။ ရှောင်ကျန့်တို့ထွက်သွားတာနဲ့ဧည့်သည်တွေလဲအသီးသီးပြန်သွားကြကာမင်စုစုကတော့နေရာမှာတင်သေဆုံးသွားတာကြောင့်သူ့မိသားစုကခန္ဓာကိုယ်ကိုလာသယ်သွားကြသည်။

ဆေးရုံရောက်တာနဲ့ရိပေါ်ကိုချီပြီး သူငယ်ချင်းဖြစ်သူရဲ့နားနေခန်းကိုပြေးသွားမိသည်။ ယွီယွီကလဲရိပေါ်ကိုမြင်သည်နှင့်အရေးပေါ်ခန်းသို့ခေါ်ဆောင်သွားကာ ချက်ချင်းခွဲစိတ်ခန်းဝင်ကြသည်။ အချိန်ငါးနာရီကြာပြီးနောက်မှာတော့ ခွဲခန်းတံခါးဖွင့်လာပြီးယွီယွီထွက်လာတာကြောင့်ရှောင်ကျန့်အမြန်ပြေးသွားလိုက်သည်။

"အားယွီ"

"စိတ်အေးအေးထား အားကျန့် ရိပေါ်ကသန်မာပါတယ်သူကျော်ဖြတ်နိုင်ခဲ့တယ် ဒါပေမဲ့ကျည်ဆံကနှလုံးနဲ့အနီးဆုံးနေရာထိဝင်သွားခဲ့တော့သူသတိရဖို့ကြာအုံးမယ် ကျန်တဲ့အခြေနေတွေကိုလဲသူသတိရလာမှဆက်ပြီးစစ်ဆေးလို့ရမှာ အခုလောလောဆယ်တော့စိုးရိမ်စရာအခြေနေကလွတ်မြှောက်သွားပါပြီ"

If The Worst Comes To The Worstحيث تعيش القصص. اكتشف الآن