You Gonna Be Hurt-1

1K 83 8
                                    

Unicode

ရှောင်ကျန့် အားယွီဆီမှ ရိပေါ်လေးသတိရနေပြီဆိုတဲ့အမှာစကားကြောင့် အလုပ်တွေထားခဲ့ပြီး ဆေးရုံကိုသာအမြန်ရောက်အောင်လာခဲ့လိုက်သည်။ ရှောင်ကျန့်ရောက်သွားတော့ရိပေါ်က ကုတင်ပေါ်မှာထိုင်နေကာ မင်ဟွမ်နဲ့စကားပြောနေလေသည်။

"ရိပေါ်"

ရှောင်ကျန့်ခေါ်သံကြားကိုကြားတော့ ရိပေါ်ကလှည့်ကြည့်လာပေမဲ့ မျက်ဝန်းတွေကစိမ်းသက်နေသည်။ အနားသွားကာ လက်ဖျားလေးတွေကိုထိကိုင်လိုက်တော့ ရှောင်ဖယ်သွားကာအံ့ဩသွားဟန်ဖြင့်ကြည့်လာသည်။

"ဘယ်သူလဲ"

"ဟင်"

ရှောင်ကျန့်နေရာမှာတင်ခွေကျသွားမတတ်လန့်သွားရသည်။ ရိပေါ်ကသူ့ကိုမမှတ်မိတာလား။ မင်ဟွမ်ကရှောင်ကျန့်ကိုကြည့်ကာခေါင်းခါပြလာသည်။ ထိုအချိန်အားယွီကတံခါးဖွင့်ကာဝင်လာသည်ကြောင့်အားကိုးတကြီးကြည့်လိုက်ပေမဲ့အားယွီကပါခေါင်းခါပြကာ အနားထိလျှောက်လာပြီးပုခုံးကိုပုတ်လာသည်။

"ရိပေါ်ကအားလုံးကိုမေ့ပစ်လိုက်ပြီ နှလုံးကိုမထိလိုက်ပေမဲ့သူက သူ့စိတ်ကိုနာကျင်စေတဲ့အရာတွေကိုမေ့ပစ်လိုက်ပြီ နင့်ကိုရောငါ့ကိုရောမေ့သွားပြီ ဒါပေမဲ့"

စကားဆက်မပြောတဲ့အားယွီကြောင့် ရှောင်ကျန့်သိလိုစိတ်ပိုများလာရသည်။

"ဒါပေမဲ့ဘာဖြစ်လဲအားယွီ"

"သူကငါ့ကိုပဲမှတ်မိတယ် စတွေ့တဲ့အကြောင်းအရာတွေကိုတော့မမှတ်မိပေမဲ့ငါ့ကိုတော့မင်ဟွမ်ကောကိုသိတယ်ဆိုပြီး​ပြောလာတယ်ဒါပေမဲ့ဘာမေးမေးသူမမှတ်မိဘူးတဲ့သူမှတ်မိတာငါ့နာမည်တစ်ခုပဲ"

"သူနာကျင်ရချိန်မှာမင်းကသူ့အနားအားပေးခဲ့လို့မှတ်မိနေတာဖြစ်မယ်"

"အင်း မင်းဘာဆက်လုပ်မလဲရှောင်ကျန့်"

ရှောင်ကျန့် မင်ဟွမ်ကိုပြုံးပြလိုက်ပြီးရိပေါ်အနားသွားကာ ကုတင်ဘေးကခုံမှာဝင်ထိုင်လိုက်သည်။

"ကိုကိုကရှောင်ကျန့်ပါ ကလေးရဲ့မွေးစားအစ်ကို"

"အစ်ကို?"

If The Worst Comes To The WorstDonde viven las historias. Descúbrelo ahora