Unicode
Xiao Zhan's Point Of View(POV)
ရှောင်ကျန့် မင်စုစုနှင့်လက်ထက်ရမည့်နေ့.....
စိတ်မပါစွာဘဲပြင်ဆင်နေရတဲ့ရှောင်ကျန့်က ရိပေါ်ကိုသာမျှော်နေခဲ့မိတယ်ဆိုလျှင် ဝိုင်းရယ်ကြလိမ့်မည်ထင်ပါသည်။ လက်ထက်ရမည့်နေ့မှာ သတို့သမီးအစားတစ်စုံတစ်ယောက်ကိုသာမျှော်လင့်နေမိခြင်းကမှားယွင်းမှုတစ်ခုပေလား။ မှားယွင်းမှုဆိုလျှင်တောင်သူ့အနေနဲ့ပြင်ဆင်လိုခြင်းမရှိပါ။ ဆက်ပြီးမှားယွင်းနေအုံးမည်ဖြစ်သည်။ အကြောင်းပြချက်ပေးရမည်ဆိုလျှင် သူ့နှလုံးသားကငယ်စဥ်ကတည်းကဝမ်ရိပေါ်ဆိုတဲ့လူသားလေးရဲ့အပိုင်ဖြစ်နေရခြင်းဟုသာဝန်ခံမိလိမ့်မည်။ ဒါဆိုရင်ဒီလက်ထက်ပွဲကဘာအတွက်ကြောင့်လဲ။ ရိုးရှင်းစွာပဲဖြေဆိုရမည်ဆိုလျှင် လိုအပ်ချက်တစ်ခုအပြင်မပိုတဲ့ပွဲပါပေ။ ဘာကြောင့်လိုအပ်ပါသလဲ?
လူတစ်ယောက်ကိုကယ်တင်ဖို့မိသားစုတစ်စုကိုဖျက်ဆီးဖို့လိုအပ်တဲ့အခါ ဘဝနဲ့ရင်းပြီးဆုံးဖြတ်ချက်ချရတတ်သည်။ သူ့တွင်လဲထိုကဲ့သို့သောအခြေအနေဖြစ်ပေါ်နေခြင်းသာဖြစ်သည်။ ချစ်ရသူကိုကယ်တင်ဖို့မချစ်သူကိုလက်ထက်ရသည်ကိုသူလက်ခံခဲ့သည်။ ချစ်လွန်း၍သာထိုသို့ရွေးချယ်ရခြင်းဖြစ်သည်ကို ကြင်နာသူကနားလည်နိုင်ပါမည်လား။
အတွေးစတို့လွင့်မျောနေစဥ် အခန်းတံခါးမှာကျယ်လောင်စွာပွင့်ဟသွားပြီး လက်အောက်ငယ်သားလေးမှာထိတ်လန့်စွာပြေးဝင်လာလေသည်။
"မြို့စားမင်း"
"..."
"သ...သခင်လေး.."
"ရိပေါ်! ရိပေါ်ဘာဖြစ်လို့လဲ"
"သခင်လေးအိမ်တော်နောက်ကရေကန်ထဲပြုတ်ကျပြီး.."
စကားဆုံးသည်ကိုပင်မစောင့်နိုင်ပဲ အလျင်စလိုထွက်သွားမိတဲ့မြို့စားမင်းက လက်ထက်ပွဲအားကျောခိုင်းလို့အိမ်တော်ဆီသို့အပြေးပြန်လေတော့သည်။
ရှောင်ကျန့်ရောက်သွားချိန်မှာတော့ သူ့အားကြိုဆိုနေသည်က ခေါင်းငိုက်စိုက်ကျနေသည့်အိမ်တော်ထိန်းနှင့်ငိုယိုနေသည့်အစေခံများသာ။
VOUS LISEZ
If The Worst Comes To The Worst
Fanfictionငါကပြန်လည်ရှင်သန်လာခဲ့တာပဲ မင်းတို့အားလုံးရဲ့လုပ်ရပ်တိုင်းကိုငါသိနေခဲ့ပြီးသားပဲ ဒီကစားပွဲမှာ အောင်နိုင်သူကသေချာပေါက်ငါဖြစ်စေရမယ်။ ငါကပြန်လည်ရှင်သန်လာခဲ့တာပဲ မင်းတို့အားလုံးရဲ့လုပ်ရပ်တိုင်းကိုငါသိနေခဲ့ပြီးသားပဲ ဒီကစားပွဲမှာ အောင်နိုင်သူကသေချာပေါက်ငြါ...