Unicode
ရိပေါ်ဒီနေ့မနက်အစောကတည်းက ချန်ကောနဲ့တွေ့ဖို့စီစဥ်ထားတာဖြစ်သည်။ ချန်ကောနဲ့မင်စုစုကြားကပြဿနာကိုမသိပေမဲ့ ရန်သူရဲ့ရန်သူကမိတ်ဆွေလို့ပြောကြသလိုပဲပေါ့၊ ပြီး ချန်ကောကလူကောင်းတစ်ယောက်ဖြစ်လိမ့်မည်ဟုယုံကြည်နေမိသည်။ ချန်မင်ဟွမ်ဆိုတဲ့ဒုတိယအချမ်းသာဆုံးအိမ်တော်ရဲ့သားအကြောင်းကြားဖူးနားဝရှိသလောက်ပြောရရင်အကျင့်သိက္ခာရှိပြီးဖြောင့်မှတ်တဲ့သူသာဖြစ်သည်။ ဒါကြောင့်လဲရိပေါ်ချန်ကောကိုယုံကြည်နေမိတာဖြစ်သည်။
"ရိပေါ်"
စားသောက်ဆိုင်ရဲ့ထောင့်ဆုံးဝိုင်းမှာထိုင်ကာ လက်ဝှေ့ရမ်းပြရင်း ရိပေါ်အားပြုံးပြနေလေသည်။ ဘာကြောင့်မှန်းမသိချန်ကောဟာရိပေါ်စိတ်ထဲသူနဲ့ရင်းနှီးခဲ့ဖူးသလိုခံစားနေရသည်။ မျက်နှာချင်းဆိုင်ကခုံမှာဝင်ထိုင်လိုက်တော့ ကော်ဖီခွက်ကိုအနားတိုးပေးလာသည်။
"ဘာကြိုက်တတ်မှန်းမသိလို့အဆင်ပြေတာလေးမှာပေးထားတယ်"
"ကျေးဇူးပါ"
"ရိပေါ်"
"ဟင်"
ရိပေါ်ရှေ့ကိုရောက်လာသည့်စာအိတ်လေးနှစ်လုံးကြောင့် ရိပေါ်ချန်ကောအားမော့ကြည့်လိုက်တော့ ချန်ကောမျက်ဝန်းမှာ နှမြောတသခြင်းတွေအပြည့်နဲ့အတူယူကျိုးမရခြင်းတွေကိန်းအောင်းနေလေသည်။ စာအိတ်ကိုဖောက်ကြည့်လိုက်တော့ ပထမစာအိတ်တွင်ဓာတ်ပုံတစ်ပုံတည်းသာပါရှိသည်။ ချန်ကောနဲ့မင်စုစုရဲ့အလယ်တွင် ကျက်သရေရှိကာ အေးချမ်းလှသည့်အပြုံးလေးနှင့်မိန်းကလေးတစ်ဦးတို့အတူရိုက်ထားသည့်ပုံလေးဖြစ်သည်။ ရိပေါ်ဓာတ်ပုံရဲ့ကျောဘက်ကိုလှန်ကြည့်လိုက်ချိန်စွန်းထင်းနေတဲ့သွေးစများကြောင့်ဓာတ်ပုံကိုပင်လွတ်ချလိုက်မိသည်။ နောက်ထပ်စာအိတ်ကိုမဖောက်ခင်သက်ပြင်းတစ်ချက်ရှိုက်လိုက်ရသေးသည်။ နောက်စာအိတ်တစ်ခုတွင်တော့စာတစ်ဆောင်နှင့်အတူလက်စွပ်လေးရှိနေသည်။
'မင်ဟွမ် သူမကမျိုးရိုးရဲ့ရတနာနှစ်ခုကိုယူသွားပြီ သားကိုလဲသတ်ခဲ့တယ် သူမကိုသတိထားပါ ရှင်းရဲ့သေဆုံးမှုအတွက်တရားခံကသူမတစ်ဦးတည်းပါပဲ။ နှုတ်ဆက်ခဲ့ပါတယ် ရှင်းရဲ့အချစ်'
YOU ARE READING
If The Worst Comes To The Worst
Fanfictionငါကပြန်လည်ရှင်သန်လာခဲ့တာပဲ မင်းတို့အားလုံးရဲ့လုပ်ရပ်တိုင်းကိုငါသိနေခဲ့ပြီးသားပဲ ဒီကစားပွဲမှာ အောင်နိုင်သူကသေချာပေါက်ငါဖြစ်စေရမယ်။ ငါကပြန်လည်ရှင်သန်လာခဲ့တာပဲ မင်းတို့အားလုံးရဲ့လုပ်ရပ်တိုင်းကိုငါသိနေခဲ့ပြီးသားပဲ ဒီကစားပွဲမှာ အောင်နိုင်သူကသေချာပေါက်ငြါ...