Unicode
ညရောက်သည့်တိုင် ရှောင်ကျန့်ကရိပေါ်အားသူ့အခန်းမှပြန်ခွင့်မပေးဘဲတစ်ချိန်လုံးအနားတွင်ကပ်နေသည်ကြောင့် ရိပေါ်ရဲ့နောက်အစီစဥ်အတွက်မလှုပ်ရှားရသေးပေ။ ဓာတ်မတည့်တာကြောင့်ဖြစ်တဲ့နေမကောင်းခြင်းကသက်သာပျောက်ကင်းသွားသော်ငြားရှောင်ကျန့်ကစိတ်မချရသေးဘူးဆိုကာ မျက်စိဒေါက်ထောက်ကြည့်နေပုံမှာ ရိပေါ်မြင်ပြင်းကပ်လာရလေပြီ။ လူကိုသူမွေးထားတဲ့၁နှစ်သားများမှတ်နေသလားမသိ။
"ကျွန်တော့်အခန်းကိုပြန်မယ်"
"မရဘူး"
"ပြန်မှာပဲ"
"မပြန်ရဘူးလို့ပြောပြီးပြီမဟုတ်လား"
"ပြန်ပါမယ်လို့ပြောနေတယ်လေ"
ရိပေါ်စိတ်မရှည်တော့ဘဲ ခြုံစောင်အားဖယ်ကာကုတင်ပေါ်မှဆင်းလိုက်တော့ စာကြည့်စားပွဲမှာထိုင်နေတဲ့ရှောင်ကျန့်ကလဲရိပေါ်အနောက်ထလိုက်လာသည်။ ရိပေါ်အခန်းတံခါးကိုဖွင့်မည့်ဆဲဆဲမှာပါ ခန္ဓာကိုယ်လေးမြှောက်တက်သွားရသည်။ အကြောင်းမှာတော့ရှောင်ကျန့်ကပွေ့ချီလိုက်တာကြောင့်ပင်ဖြစ်သည်။
ရှောင်ကျန့်ရိပေါ်ကိုစိတ်မရှည်ချင်တော့ပေ။ စိတ်ပူရလွန်းလို့ရူးမတက်ဖြစ်ခဲ့ရတာကြောင့်ဒီနေ့တစ်ညစောင့်ကြည့်နေချင်ပေမဲ့ သင်းလေးကဂျစ်တိုက်နေသည်မဟုတ်ပါလား။ ဟင်းချိုကိစ္စနဲ့ပတ်သက်ပြီးလဲအိမ်စေများကိုအပြစ်ပေးသင့်တန်ပေးကာ မင်စုစုနှင့်ပါစကားများထားရလေသည်။ ဒါကိုသင်းလေးကအလိုက်ကမ်းဆိုးတစ်စက်မှမသိတာမခက်ပေဘူးလား။
"အ့! ခင်ဗျား"
ရှောင်ကျန့်ကကုတင်ပေါ်ပစ်ချလိုက်တာကြောင့်ရိပေါ်အလန့်တကြားအော်လိုက်တော့ သူ့အပေါ်အုပ်မိုးလာသည့်ရှောင်ကျန့်ကြောင့်စကားပင်ဆက်မပြောနိုင်တော့ပေ။ ရင်မခုန်ဘူးဆိုလိမ်ရာကျတာပေါ့ဗျာ ရူးခါနေအောင်ချစ်မိတဲ့လူသားကိုရင်မခုန်ရင်ကျွန်တော့်အချစ်ဟာဘယ်စစ်မှန်လိမ့်မလဲလေ။
"ပါးစပ်ကလေးပိတ်ပြီးအိပ်လိုက်တော့ကလေး
ကိုယ်မကြမ်းချင်ဘူးနော်"
YOU ARE READING
If The Worst Comes To The Worst
Fanfictionငါကပြန်လည်ရှင်သန်လာခဲ့တာပဲ မင်းတို့အားလုံးရဲ့လုပ်ရပ်တိုင်းကိုငါသိနေခဲ့ပြီးသားပဲ ဒီကစားပွဲမှာ အောင်နိုင်သူကသေချာပေါက်ငါဖြစ်စေရမယ်။ ငါကပြန်လည်ရှင်သန်လာခဲ့တာပဲ မင်းတို့အားလုံးရဲ့လုပ်ရပ်တိုင်းကိုငါသိနေခဲ့ပြီးသားပဲ ဒီကစားပွဲမှာ အောင်နိုင်သူကသေချာပေါက်ငြါ...