Still Loving You

519 40 1
                                    

Unicode

ရိပေါ်ကိုရှောင်ကျန့်က ကိစ္စတွေရှင်းလင်းပြီးနောက်လမှာပဲ တရားဝင်လက်ထက်ယူခဲ့သည်။ ကန့်ကွက်လိုကြသူတွေကလဲ မြို့စားရှောင်ရဲ့အရည်အချင်းတွေကြောင့်နှုတ်ဆိတ်နေခဲ့ကြသည်။ လက်ထက်ပြီးတစ်နှစ်အကြာမှသိလိုက်ရသည်က ရိပေါ်တွင်ထူးခြားစွာပဲသားအိမ်ပါနေခြင်းဖြစ်သည်။ သိသိခြင်းအံ့ဩထိတ်လန့်ခဲ့ပေမဲ့ ကလေးလေးကိုလူ့လောကထဲခေါ်ဆောင်လာရမည်ကိုတွေးမိတော့အရာရာကိုရင်ဆိုင်ရဲခဲ့သည်။ အခုဆိုရင်ရှောင်ရိကျန့်လေးပင်အသက်၃နှစ်တင်းတင်းပြည့်ပြီးပြီဖြစ်သည်။

သားလေးကိုမွေးတုန်းကရှောင်ကျန့်ရဲ့အပြုံးတွေကသိပ်ကိုခန့်ညားလွန်းခဲ့သည်။ ပျော်လွန်း၍ရိပေါ်ကိုဖက်ကာငိုနေခဲ့လေသည်။ ရိပေါ်ကျေနပ်ပါပြီ ဒီလောက်ဆိုရင်ပဲသူအားလုံးကိုမေ့ပစ်လိုက်ဖို့ဆုံးဖြတ်ချက်ကမှန်ကန်ကြောင်းသက်သေခိုင်လုံခဲ့ပါပြီ။

"ကလေး ဘာတွေတွေးနေတာလဲ"

ခါးပေါ်သို့ရစ်ပတ်လာသောလက်တစ်စုံနှင့် ပုခုံးပေါ်ကအထိတွေ့ကြောင့်အတွေးတို့မှလက်ရှိအခြေနေသို့ပြန်လည်ရောက်ရရှိလာသည်။

"ဒီလိုပါပဲ အရင်အချိန်တွေကိုပြန်တွေးမိသွားလို့"

"နာကျင်စရာတွေကိုပြန်မတွေးဘဲနေကြရအောင်လား"

"နာကျင်စရာတွေကိုပဲတွေးနေတာတော့မဟုတ်ပါဘူး"

ခါးပေါ်ကလက်တစ်စုံကပြေလျော့သွားပြီးပုခုံးထက်ကလေးလံမှုလဲမရှိတော့သည်မို့မော့ကြည့်မိတော့ ထိုလူသားကရိပေါ်ပခုံးနှစ်ဖက်ကိုကိုင်ကာ သူ့ဘက်လှည့်စေပြီးမျက်နှာကိုခပ်ဖွဖွထိတွေ့လာသည်။

"ဖြစ်နိုင်ရင် အတိတ်ကအချိန်တွေကိုမင်းရဲ့မှတ်ဥာဏ်ထဲကနေပျောက်ကွယ်သွားစေချင်တယ် အဲဒီမှတ်ဥာဏ်တွေကကောင်းတာတွေမဟုတ်ဘူး ကိုယ်ဒီတစ်ခါပါမင်းကိုလက်လွှတ်ရရင်ကိုယ်သေမှာ"

"ဟင်! ဒီတစ်ခါပါ"

ရိပေါ်မျက်လုံးအိမ်လေးများပင်ကိုထက်ပို၍ကျယ်ပြန့်သွားရသည်။ ဒီတစ်ခါပါ....ဒါကဘာအဓိပ္ပါယ်တဲ့လဲ။ ရိပေါ်တုံ့ပြန်မှုကိုမြင်တော့ ကိုကိုဆီကခပ်လွင်လွင်ရယ်သံလေးထွက်ပေါ်လာပြီး ရိပေါ်နှာတံလုံးလုံးကိုဆွဲညစ်လာသည်။

If The Worst Comes To The WorstWhere stories live. Discover now