Unicode
ညစာစားချိန်ပြီးတော့ ရိပေါ် ရှောင်ကျန့်အခန်းထဲခိုးဝင်ကာ မင်စုစုထားနေကြဖြစ်တဲ့အမွှေးအိုးကိုဖယ်ကာ ပုံစံတူအနံ့ကွဲတဲ့အိုးလေးနဲ့လဲလှယ်ခဲ့လိုက်သည်။ ရှောင်ကျန့်မနှစ်မြို့တဲ့အနံ့တစ်ခု ပြဿနာတစ်ခုကိုသယ်ဆောင်လာနိုင်တယ်ဆိုတာရိပေါ်အတတ်သိနေလို့ဖြစ်သည်။ အခန်းပြင်ကိုမင်စုစုမြင်အောင်တမင်ထွက်လာလိုက်သည်။ အမွှေးအိုးကိုတော့သူမမမြင်အောင်ဖွက်ကာယူလာခဲ့လိုက်သည်။ ခဏအကြာမှာရှောင်ကျန့်အခန်းထဲကပစ္စည်းကျကွဲသံကြောင့်ရိပေါ်အခန်းထဲကထွက်လာကာဘာမှမသိဟန်ဖြင့်ရှောင်ကျန့်အခန်းပေါက်မှာရပ်ကြည့်နေလိုက်သည်။
"မင်စု မင်းဘယ်လိုတောင်ပေါ့လျော့ရတာလဲ ဒီအနံ့ကငါ့ကိုခေါင်းကိုက်စေတာမင်းမသိဘူးလား!"
"မောင် အဲ့ဒါကဝယ်နေကြအနံ့မရခဲ့လို့အသစ်ဝယ်လာပေမဲ့ဒီအနံ့မဟုတ်တာတော့သေချာပါတယ်"
"အဲ့တော့မင်းပြောချင်တာက အမွှေးအိုးကအလဲခံလိုက်ရပါတယ်ပေါ့"
ရုတ်တရက်ပဲမင်စုစုက ရိပေါ်ရှောင်ကျန့်အခန်းထဲကထွက်လာတာကိုသတိရသွားကာ ရိပေါ်ကိုလှမ်းကြည့်တော့ ရိပေါ်ကမျက်နှာသေနဲ့ပြန်ကြည့်လာသည်။
"ဟုတ်သားပဲ ရိပေါ်လဲလိုက်တာမလား အစ်မနဲ့မောင့်ကိုရန်ဖြစ်စေချင်လို့တမင်လုပ်တာမလား"
"စောက်ရေးပါမနေဘူးဗျ အစ်မတို့ဘာသာတည့်တည့်မတည့်တည့် ကျွန်တော်ကဘေးကပဲရပ်ကြည့်နေမှာ အရေးပေးရလောက်တဲ့ထိအရေးပါနေကြတဲ့သူတွေမှမဟုတ်ဘဲ"
"မင်း! "
"တော်တော့မင်စု မင်းရိပေါ်ကိုပြဿနာရှာတာများနေပြီ သူ့ဘာသာနေနေတဲ့သူကိုရန်လိုက်မရှာစမ်းနဲ့ မင်းအဲ့လိုစိတ်ဓာတ်ဆိုရင်ငါတို့စေ့စပ်ထားတာကိုပြန်စဥ်းစားဖို့လိုအပ်နေပြီ"
"မောင်"
"ညဥ့်နက်နေပြီမင်းအခန်းမင်းပြန်တော့"
မင်စုစုကရိပေါ်ကိုဒေါသတကြီးစိုက်ကြည့်ပြီးအပြင်ကိုထွက်သွားတာကြောင့်ရိပေါ်ခပ်မဲ့မဲ့လေးပြုံးကာသူ့အခန်းကိုပြန်ဖို့လှည့်ထွက်လိုက်ချိန် အနောက်ကနေသူ့ခါးကိုလာဖက်တာကြောင့်ရုန်းကန်တော့ပိုလို့တောင်ဖက်ထားလေသည်။
YOU ARE READING
If The Worst Comes To The Worst
Fanfictionငါကပြန်လည်ရှင်သန်လာခဲ့တာပဲ မင်းတို့အားလုံးရဲ့လုပ်ရပ်တိုင်းကိုငါသိနေခဲ့ပြီးသားပဲ ဒီကစားပွဲမှာ အောင်နိုင်သူကသေချာပေါက်ငါဖြစ်စေရမယ်။ ငါကပြန်လည်ရှင်သန်လာခဲ့တာပဲ မင်းတို့အားလုံးရဲ့လုပ်ရပ်တိုင်းကိုငါသိနေခဲ့ပြီးသားပဲ ဒီကစားပွဲမှာ အောင်နိုင်သူကသေချာပေါက်ငြါ...