The avenge!!!

985 85 17
                                    

Unicode

Wedding မလာခင် ၄ရက်အလို....

ရိပေါ်ဒီနေ့ကိုကောင်းကောင်းမှတ်မိနေသည်။ မင်စုစုကလက်စွပ်တွေကိုရိပေါ်ကိုသွားယူစေခဲ့ပြီး ရိပေါ်ထံအပ်ထားသယောင်ဆောင်ကာ တစ်ဖက်လက်နဲ့ခိုးယူခိုင်းခဲ့သည်။ ရှောင်ကျန့်အမြင်မှာရိပေါ်ဟာပွဲကိုပျက်စေချင်သည့်အပြင်ရတနာကိုမက်မောသူပါဖြစ်ခဲ့ရသည်။

"This time would be My time......
I will show you what is avenge"

'ဖူးယွမ်'

'ဘာလိုအပ်လဲရိပေါ်'

'လက်စွပ်တွေကို ရှောင်ကျန့်ကျွန်တော့်အတွက်ဆွဲဖူးတဲ့ပုံစံအဖြစ်ပြောင်းပေးလို့ရလား'

'ရတယ်ရိပေါ် ငါလုပ်ပေးမယ် တခြားဘာကူညီရအုံးမလဲ'

'လိုအပ်ရင်ခေါ်လိုက်ပါ့မယ်'

'အင်း ဒါဆိုငါပြန်မယ်'

ဒီနေ့က မင်စုစုအတွက်အမှတ်တရလေးဖြစ်စေဖို့ရိပေါ်ကြိုးစားပေးမည်။ သေချာပေါက်ကောင်းသောအမှတ်တရတော့မဟုတ်ဘူးပေါ့။ ရိပေါ်ယူဆထားသည့်အတိုင်းပင် မင်စုစုကလက်စွပ်တွေကိုရိပေါ်ကိုသွားယူခိုင်းသည်။

"ရိပေါ် ဂရုစိုက်ပြီးယူခဲ့နော် အဟင်းးး"

"သေချာတာပေါ့ အစ်မမင်စုစု"

ရိပေါ် ရှောင်ကျန့်လက်ထဲက ကားသော့ကိုယူကာလက်ဝတ်ရတနာဆိုင်ကိုမောင်းလာခဲ့လိုက်သည်။ ဆိုင်ကလက်စွပ်ကိုသေချာထုပ်ပိုးပေးလိုက်တာကြောင့် ရိပေါ်လည်းဖူးယွမ်ကိုယုံပြီးဖွင့်မကြည့်ဘဲ ယူလာလိုက်တော့သည်။ အိမ်ရောက်တော့ရှောင်ကျန့်နဲ့မင်စုကဧည့်ခန်းမှာထိုင်နေလေသည်။

"ရိပေါ်ကပဲအစ်မတို့လက်စွပ်တွေကိုသိမ်းထားပေးပါအုံး"

ရိပေါ်ပြုံးလိုက်ပြီး ရှောင်ကျန့်နဲ့မင်စုစုရဲ့ရှေ့ကခုံမှာဝင်ထိုင်လိုက်သည်။ ဖြစ်လာမည့်အရာတွေကိုသိနေမှတော့ဇာတ်အိမ်ကိုပြောင်းလဲပေးရမှာပေါ့ ဒါမှကစားပွဲကလှမည်မဟုတ်လား။

"ကျွန်တော်သိမ်းထားပေးလို့ရပါတယ် လက်စွပ်ကိုအရင်စစ်ကြည့်ပါအုံး မှားယူလာမိရင်ပြန်လဲလို့ရအောင်လေ"

If The Worst Comes To The WorstWaar verhalen tot leven komen. Ontdek het nu