Unicode
ရှောင်ကျန့် အစည်းအဝေးကအရေးကြီးတာကြောင့်မလာမဖြစ်ထွက်လာရပေမဲ့ စိတ်ကတော့လေးလံနေစဲဖြစ်ကာ ရိပေါ်ကိုစိတ်မချသလိုခံစားနေရသည်။ ရိပေါ်ကသူ့ကိုပြောခဲ့တဲ့အတိုင်းစောင့်နေမယ်ဆိုတာယုံကြည်ပေမဲ့လဲစိတ်ကတော့မအေးနိုင်ဖြစ်နေရသည်။ အတွေးလွန်နေချိန် ရှောင်ကျန့်ရဲ့လက်အောက်ငယ်သားမှစာအိတ်တစ်အိတ်လာပေးတာကြောင့် ယူကာပို့သူနာမည်ကြည့်လိုက်ချိန် ရှောင်ကျန့်မျက်နှာမှာထင်မှတ်မထားမှုနှင့်အတူ စိတ်ရှုပ်မှုတွေဟာလည်းအထင်းသား။
'မင်ရီရီ'
သူမဟာမင်စုစုရဲ့ညီမဖြစ်ကာ နိုင်ငံရပ်ခြားမှာပညာသင်ယူနေတာကြောင့် မင်အိမ်တော်ပြဿနာများတက်နေချိန် မင်ကတော်နှင့်အတူသူမပါထိုအမှုမှလွတ်မြောက်ခဲ့သည်။ သို့သော်အခုတော့လွတ်မြောက်ဟန်မတူ။ မင်ရီရီကမင်စုစုလိုမဟုတ်ဘဲအနေတည်သော်လည်းမင်စုစုလိုပင်ကောက်ကျစ်ယုတ်မာသူဖြစ်သည်။ စာကိုဖွင့်ဖတ်လိုက်ချိန်မှာတော့ ရှောင်ကျန့်ရုံးခန်းထဲမှလျင်မြန်စွာထွက်သွားခဲ့တော့သည်။ ရုံးခန်းကစားပွဲထဲရှိစာတွင်......
'ရှင့်လူကရှင့်အသက်ဆိုမှတော့ အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်းအနေနဲ့ ရှင့်အသက်လေးကိုခြွေပေးရမှာပေါ့'
..........
ရိပေါ်စာကြည့်ခန်းထဲကထွက်လာချိန် သူမသိတဲ့လူသုံးဦးကသူ့ရှေ့တွင်ပိတ်ရပ်နေသည်။ ရိပေါ်မျက်ခုံးတစ်စုံကတွန့်ချိုးသွားပြီး အောက်ထပ်ကိုလှေကားမှတစ်ဆင့်အမြန်ဆင်းပြေးတော့ ထိုလူသုံးယောက်ကထပ်ချက်မခွာပြေးလိုက်လာကြသည်။ တံခါးမကြီးနားအရောက်တွင်တော့ ရိပေါ်ဘယ်ဘက်လက်အား အားပြင်းပြင်းဖြင့်အဆွဲခံလိုက်ရကာ နောက်သို့လဲကျသွားတော့သည်။
"မြို့စားမင်းရဲ့အသက်လေးက သိပ်လှတော့သတ်ပစ်ရမှာနှမြောစရာပဲကွာ"
"ခင်ဗျားတို့ကို ဘယ်သူလွှတ်လိုက်တာလဲ"
"အသံတောင်တစ်စက်မတုန်ပါလား ကြားထားတဲ့အတိုင်းသတ္တိခဲလေးပဲ"
"ကျုပ်အကြောင်းရှိလို့ရှောင်ပြေးနေတာကိုသေရမှာကြောက်လို့မှတ်ပြီးထင်ယောင်မှားမနေနဲ့"
YOU ARE READING
If The Worst Comes To The Worst
Fanfictionငါကပြန်လည်ရှင်သန်လာခဲ့တာပဲ မင်းတို့အားလုံးရဲ့လုပ်ရပ်တိုင်းကိုငါသိနေခဲ့ပြီးသားပဲ ဒီကစားပွဲမှာ အောင်နိုင်သူကသေချာပေါက်ငါဖြစ်စေရမယ်။ ငါကပြန်လည်ရှင်သန်လာခဲ့တာပဲ မင်းတို့အားလုံးရဲ့လုပ်ရပ်တိုင်းကိုငါသိနေခဲ့ပြီးသားပဲ ဒီကစားပွဲမှာ အောင်နိုင်သူကသေချာပေါက်ငြါ...