The Past(အတိတ်အချိန်)

1.6K 97 4
                                    

Unicode

လွန်ခဲ့သော ၁၈နှစ်

ခမ်းနားထည်ဝါတဲ့ အဆောက်အဦးကြီးထဲကို ပေါင်မုန့်ပိုင်းလေးတစ်ခုကိုင်ကာ အသက်ကြီးကြီးအဖိုးအိုတစ်ယောက်လက်ကိုဆွဲပြီးဝင်လာခဲ့တဲ့၅နှစ်အရွယ်ကကောင်ငယ်လေးတစ်ယောက်။ ခပ်နွမ်းနွမ်းအင်္ကျီအပါးလေးနဲ့ဒူးလောက်ဘောင်းဘီအနွမ်းလေးကိုဝတ်ဆင်ထားတဲ့ကောင်လေးက နွမ်းပါးပုံရပေမဲ့ ချစ်စဖွယ်အတိပြီးသည်။ နှာခေါင်းလုံးလုံး ပါးဖောင်းဖောင်းလေးတွေကိုပိုင်ဆိုင်ထားပြီး ပြုံးလိုက်တိုင်း အသည်းပုံနှုတ်ခမ်းလေးကပုံစံပေါ်လာသည်။

"ဖိုးဖိုးကြီး သားတို့ဘယ်သွားနေကြတာလဲဟင်"

"သားနေရမယ့်အိမ်အသစ်ဆီကိုပေါ့"

"အိမ်အသစ်...ဖိုးဖိုးကြီးရောနေမှာလား"

ထိုကောင်လေးရဲ့စကားကိုကြားတော့ အဖိုးအိုရဲ့မျက်နှာကဝမ်းနည်းကြေကွဲရိပ်တွေနဲ့ပြည့်နက်သွားသည်။ ကောင်လေးရဲ့အရှေ့မှာဖြေးညင်းစွာထိုင်ချလိုက်ပြီး ပုခုံးလေးကိုတုန်ရီနေပြီဖြစ်တဲ့လက်တစ်စုံနဲ့ကိုင်လိုက်လေသည်။

"သား မိုးပေါ်ကကြယ်ကလေးတွေကိုတွေ့လား"

"ဟုတ်တွေ့တယ် ပါပါးနဲ့မာမားလဲရှိတယ်"

"အင်း ဖိုးဖိုးကလည်းသားရဲ့ပါပါးနဲ့မာမားလို ကြယ်လေးအဖြစ်နဲ့ပဲသားကိုလိုက်စောင့်ရှောက်နေတော့မှာ ဒါကြောင့်သားကဒီအိမ်ကြီးမှာလိမ်လိမ်မာမာနေပြီးအကြီးတွေစကားကိုနားထောင်ရမယ်"

"ဟုတ် သားလိမ္မာပါ့မယ်ဗျ"

"လာပါအုံးကွယ် ဖိုးဖိုးမြေးလေးကိုနမ်းရအောင်"

ကောင်ငယ်လေးကတောက်ပစွာပြုံးပြလာပြီးအဖိုးအိုရှေ့နှဖူးလေးတိုးပေးလေသည်။ ကောင်လေးရဲ့နှဖူးလေးကိုနမ်းပြီးတာနဲ့ စံအိမ်ရှေ့ရောက်နှင့်နေပြီဖြစ်တဲ့ ရှောင်မြို့စားမင်းတို့ဇနီးမောင်နှံလက်ထဲ ၅နှစ်အရွယ်ဖြူဖြူလုံးလုံးကလေးငယ်လေးကိုအပ်နှံကာ နေရာမှာတင်လဲကျသွားလေတော့သည်။
ဘာမှမသိနားမလည်သေးတဲ့၅နှစ်အရွယ်ကောင်လေးကတော့ အဖိုးအိုရဲ့ဇာပနာပွဲမှာပင် အဖိုးအိုရဲ့ပုံကိုကြည့်ပြီး ပြုံးကာစကားတွေပြောနေခဲ့သည်။

If The Worst Comes To The WorstWhere stories live. Discover now