You Don't Know-[Part 2]

833 61 9
                                    

Unicode

အတိတ်တွေက နာကျင်ခြင်းအပိုင်းအစတွေဖြစ်နေပေမဲ့ လက်မလွတ်နိုင်ခဲ့ဘူး။ နာကျင်ခြင်းတွေကြားက အပြုံးချိုချိုနဲ့ကောင်လေးရဲ့အမှတ်တရတွေက ထိုနာကျင်ခြင်းတွေကိုလက်မလွတ်နိုင်အောင်ချိုမြန်လွန်းနေသည်။

"သားကျန့် မင်စုစုကိုသားလက်ထက်ရလိမ့်မယ်"

"သားလက်မထက်နိုင်ဘူးလို့ပြောပြီးပြီလေမား"

"သားကျန့်မားပြောတာကိုဆုံးအောင်နားထောင် ရိပေါ်လေးကိုဒီကနေအဝေးကိုပို့ရမယ် ရိပေါ်မှာအန္တရာယ်ရှိနေတယ်"

"ဗျာ!"

မားကရှောင်ကျန့်ရဲ့ပါးတစ်ဖက်ကို သူမလက်တစ်ဖက်နှင့်အုပ်ကိုင်လာပြီး ဂရုဏာသက်စွာကြည့်သည်။

"သားကျန့်ရယ် မားကသားတစ်ယောက်တည်းရဲ့မားမဟုတ်ဘူးလေ ရိပေါ်လေးကလဲမားရဲ့သားလေးပါပဲ ဝမ်းနဲ့မလွယ်ခဲ့ရပေမဲ့မားကသားတို့ကိုတန်းတူချစ်ရတဲ့သူပါ"

"ဒါဆိုမားကဘာလို့"

ရှောင်ကျန့်နားမလည်နိုင်တော့ပါ။ ဘာအကြောင်းတွေကြောင့်များ မားကသူတို့ကိုခွဲချင်ရတာတဲ့လဲ။ မားကရှောင်ကျန့်ပါးကိုကိုင်ထားတဲ့လက်ကိုပြန်သိမ်းလိုက်ပြီး သက်ပြင်းသဲ့သဲ့ချသည်။

"ဟင်းးး မားတို့မတတ်နိုင်လို့ပေါ့ကွယ် လွန်ခဲ့တဲ့ရက်တွေက မင်လူကြီးမင်းကသားနဲ့သူ့သမီးရဲ့လက်ထက်ပွဲအတွက်ကမ်းလမ်းလာတယ် မားတို့ငြင်းခဲ့တယ် မားတို့ကသားကိုရိပေါ်လေးနဲ့လက်ထက်ပေးဖို့စဥ်းစားထားပြီးသား"

"ဗျာ!"

"ဟုတ်တယ်သား ဒါပေမဲ့သူတို့ကမားတို့ကိုခြိမ်းခြောက်လာတယ် သားရဲ့ပါးကိုသူတို့ကလက်ဆောင်ဆိုပြီးဓားတစ်လက်ပေးခဲ့ဖူးတယ် မားတို့လဲအဲ့ဒီဓားရဲ့ဇစ်မြစ်ကိုမသိဘဲလက်ခံခဲ့မိတယ် နောက်မှသိရတာကချန်အိမ်တော်ကမျိုးရိုးစဥ်ဆက်ဓားတဲ့လေ အကယ်၍မားတို့ကငြင်းခဲ့ရင်သားရဲ့ပါးကိုအမှုရင်ဆိုင်စေပြီးရိပေါ်လေးကိုသတ်ပစ်မယ်ပြောလာတယ် အမှုရင်ဆိုင်ရမှာကိုမားတို့မကြောက်ဘူး ဒါပေမဲ့အဲ့ဒီလူကြီးကသိပ်ကောက်ကျစ်တာကြောင့်ရိပေါ်အသက်ကိုထိခိုက်မှာစိုးရိမ်တယ် ဒါကြောင့်ရိပေါ်ကိုသားအဖိုးဆီခဏပို့ပြီးဒီက ကိစ္စတွေကိုအရင်ရှင်းရမယ် ပြီးမှသားတို့လက်ထက်လို့ရမယ် မားပြောတာနားလည်လားသားကျန့်"

If The Worst Comes To The WorstWhere stories live. Discover now