Unicode
ရက်သတ္တပတ်ကုန်လွန်သွားပြီး ရှောင်ကျန့်နဲ့ဝမ်ရိပေါ်ကြားက အခြေနေကလဲအရင်လောက်စိမ်းသက်မနေတော့ပေ။ ရိပေါ်ကမမှတ်မိသေးပေမဲ့ သူ့ကိုတော့လက်ခံပေးသည်။ သူ့အချစ်ကိုလက်မခံသေးပေမဲ့သူ့အပေါ်တော့စိမ်းကားခြင်းမပြုပေ။ အခုလည်းသူ့အတွက်နေ့လည်စာပြင်ဆင်ပေးနေလေသည်။
"ရိပေါ် ကိုယ်ဒီနေ့ညပွဲတစ်ခုတက်စရာရှိတယ်"
"အဖော်လုပ်ပေးစေချင်တာလား"
"အင်း လိုက်ခဲ့ပေးနိုင်မလား"
"အင်း"
ရိပေါ်အိမ်အပြင်မထွက်ရတာကြာပြီဖြစ်တာကြောင့် ရှောင်ကျန့်နှင့်အတူလိုက်သွားရန်လက်ခံလိုက်မိသည်။ ရှောင်ကျန့်ကသူ့အပေါ်အရင်ထက်ပိုပြီးအသေးစိတ်ကအစဂရုစိုက်လွန်းတာကြောင့် ရိပေါ်အပြုအမူကိုအရမ်းသတိထားနေရသည်။ သူ့ဘက်ကနည်းနည်းလေးလွှဲမှားမိတာနဲ့ သူအတိတ်မမေ့တာကိုရှောင်ကျန့်သိသွားနိုင်သည်။ ရိပေါ်အတွက်ရှောင်ကျန့်ကိုနာကျင်အောင်လုပ်ရမည်က လွယ်ကူသည့်အရာမဟုတ်ပေ။ မုန်းနေပါသည်ဟု မည်မျှပင်ခံယူထားပါစေ ချစ်နေသည့်စိတ်ကိုဖုံးကွယ်ထားဖို့ကခဲယဥ်းလွန်းသည်။ အသက်ထက်ပိုချစ်ရသူဖြစ်တာကြောင့် ရိပေါ်အတွက်လဲစိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။
**********
မြို့တော်ရဲ့အချမ်းသာဆုံးစာရင်းဝင်မိသားစုနှစ်ခု၏မင်္ဂလာပွဲလမ်းဖြစ်တာကြောင့် ပွဲကစည်ကားလွန်းသည်။ ရိပေါ်အဖြူရောင်ဝတ်စုံကိုသာရိုးရှင်းစွာဝတ်ဆင်ထားပေမဲ့ သူ့ဘေးမှနက်စွေးနေသည့်ဝတ်စုံပိုင်ရှင်ကြောင့် အဝေးကလှမ်းကြည့်လျှင်တောင်ရိပေါ်ကိုသိသိသာသာမြင်နေရမည်ဖြစ်သည်။
လူတွေရဲ့အာရုံစိုက်ခြင်းခံရတာကိုမကြိုက်တဲ့ရိပေါ်အတွက် ရှောင်ကျန့်နှင့်အတူပွဲတက်ရသည်က စိတ်အနှောက်အယှက်ဖြစ်ရသည်။ မြို့စားမင်းရဲ့တွဲဖက်အဖြစ်ပွဲတက်ပေးရသည်ဖြစ်တာကြောင့် ပွဲရှိလူအားလုံးရဲ့အာရုံကသူ့ထံတွင်သာစုပြုံလို့နေသည်။ အထူးသဖြင့်မိန်းကလေးများ၏အဓိပ္ပါယ်ဆန်ဆန်အကြည့်များကရှောင်ကျန့်ထံကျရောက်နေသည်ကိုလုံးဝမနှစ်မြို့ချေ။
YOU ARE READING
If The Worst Comes To The Worst
Fanfictionငါကပြန်လည်ရှင်သန်လာခဲ့တာပဲ မင်းတို့အားလုံးရဲ့လုပ်ရပ်တိုင်းကိုငါသိနေခဲ့ပြီးသားပဲ ဒီကစားပွဲမှာ အောင်နိုင်သူကသေချာပေါက်ငါဖြစ်စေရမယ်။ ငါကပြန်လည်ရှင်သန်လာခဲ့တာပဲ မင်းတို့အားလုံးရဲ့လုပ်ရပ်တိုင်းကိုငါသိနေခဲ့ပြီးသားပဲ ဒီကစားပွဲမှာ အောင်နိုင်သူကသေချာပေါက်ငြါ...