The Present (လက်ရှိအချိန်)

1.3K 98 2
                                    

Unicode

ရိပေါ်အတွေးတွေကိုရုတ်သိမ်းလိုက်ပြီး လက်ရှိအခြေနေနဲ့သဟဇာတဖြစ်ဖို့ စိတ်ကိုပြင်ဆင်ထားလိုက်သည်။ ဒီနေ့ကစပြီးသူ့ဘဝအတွက်အခက်ခဲဆုံးအချိန်တွေစတင်ခဲ့တာ၊ ယူကျိုးမရဖြစ်ပြီး ပြိုလဲခဲ့ရတဲ့နေ့တွေစတင်ခဲ့တာ အခုတော့ဒီနေ့ကစပြီး မင်စုစုဆိုတဲ့မိန်းမအတွက် လက်စားချေခြင်းကိုစတင်လိုက်ပြီ ခံစားခဲ့ရသမျှအတွက်နှစ်ဆပြန်လုပ်ပြမည်။ အရာအားလုံးရှုပ်ထွေးစေပြီး ရှောင်ကျန့်ဆိုတဲ့လူကိုပါ ပြိုလဲအောင်ဖျက်ဆီးပစ်မည်။
ချစ်ခဲ့တဲ့နှလုံးသားတစ်စုံမရှိတော့သလို နူးညံ့ခြင်းတွေဟာလည်းကွယ်ပျောက်သွားခဲ့ပြီ အရာအားလုံးရဲ့အစဖြစ်တဲ့ထိုလူသားကို သေချာပေါက်ပြိုလဲစေမည်။

ရိပေါ်ကုတင်ပေါ်ကထလိုက်ပြီး ရေချိုးခန်းထဲဝင်ကာ ရေမိုးချိုးပြီးအစိမ်းနုရောင်ဖျင်အင်္ကျီနဲ့ဘောင်းဘီအနက်ကိုဝတ်ဆင်လိုက်သည်။ နှဖူးပေါ်က ဒဏ်ရာကရေစိုသွားတာကြောင့်သွေးတွေစိမ့်ထွက်လာပေမဲ့ရိပေါ်မမှုပါ အားငယ်တတ်တဲ့ရိပေါ်ဆိုတာအတိတ်ရဲ့အတိတ်မှာကျန်ခဲ့ပြီ။

"ဟက်~ ကိုကို မင်းကိုငါချစ်တယ် ဒါပေမဲ့ သေချာပေါက်မင်းပြိုလဲရမယ်"

နှဖူးကဒဏ်ရာကိုပတ်တီးပြန်စည်းပြီးအောက်ထပ်ကိုဆင်းလာတော့ ဧည့်ခန်းထဲမှာထိုင်နေတဲ့ရှောင်ကျန့်နဲ့မင်စုစု။ သူ့ကိုမြင်ပုံမရတဲ့ရှောင်ကျန့်ကမင်စုစုကိုရင်ခွင်ထဲထည့်ဖက်ထားပြီး စကားပြောနေပုံက သူ့အတွက်အရင်ကထူးဆန်းခဲ့ပေမဲ့အခုတော့ပုံမှန်အတိုင်းပင်ဖြစ်လို့နေသည်။

*ကိုကို ငါနာကျင်ရပေမဲ့ ငါအရာအားလုံးကိုလျစ်လျူရှုတတ်နေပြီ*

"ဧည့်ခန်းဆိုတာ အိမ်ရဲ့အဓိကနေရာ လူမြင်ကွင်းနေရာတစ်ခုပဲ အနေအထိုင်မဆင်ခြင်တာ တခြားသောသူတွေကိုမလေးစားမှုတစ်မျိုးပဲနော်.....ကိုကို"

သူ့အသံကြားမှ သူရှိနေတာကိုသတိပြုမိသွားတဲ့ကိုကိုက ရင်ခွင်ထဲကမင်စုစုကိုဘေးကိုတွန်းဖယ်လိုက်ပြီး သူ့ကိုကြည့်လာသည်။ သေချာပေါက်အံ့ဩဟန်ထင်ဟပ်နေတဲ့မျက်ဝန်းတစ်စုံနဲ့ပေါ့။ ရိပေါ်ဆိုတာကိုကို့ကိုအခုလိုပြောဖို့မဆိုနဲ့ လေသံတောင်မာဖူးတဲ့သူမဟုတ်ခဲ့။ မင်စုစုကတော့လှောင်ရိပ်သန်းနေတဲ့အပြုံးနဲ့ ခနဲ့တဲ့တဲ့စကားတစ်ချို့ကိုပြောလာသည်။

If The Worst Comes To The WorstWhere stories live. Discover now