Unicode
ရိပေါ်ရှောင်ကျန့်နှင့်အတူ အိမ်တော်အနောက်ဖက်ကအမြဲတမ်းပိတ်ထားလေ့ရှိသည့် ဂိုထောင်ထဲသို့ရောက်နေလေသည်။ ဂိုထောင်တစ်ခုလုံးကရှင်းလင်းနေပြီးသေနတ်နှင့်ဓားတွေသာပုံစံကွဲ၊ အမျိုးအစားများစွာရှိနေလေသည်။ ရိပေါ်ရှောင်ကျန့်ရဲ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်မိသည်။
"ကိုကို"
"ကိုကိုနဲ့အတူတူဧည့်သည်တစ်ယောက်ကိုသွားကြည့်ရအောင်"
ရိပေါ်ခေါင်းပဲညိမ့်ပြလိုက်မိသည်။ ထိုသူဟာဘယ်သူဘယ်ဝါဆိုတာမသိပေမဲ့အဆုံးသတ်မလှတော့မည့်သူတစ်ယောက်ဆိုတာရိပေါ်သိလိုက်သည်။ ဒီလိုနေရာမှာတွေ့ရမယ့်ဧည့်သည်ကကောင်းမွန်တဲ့သူတော့မဟုတ်တန်ဘူးလေ။
ရှောင်ကျန့်ဂိုထောင်ထဲမှာရှိတဲ့တစ်ခန်းထဲသောအခန်းငယ်ရဲ့တံခါးကိုဖွင့်လိုက်ချိန် မနှစ်မြို့ဖွယ်အနံ့တစ်ချို့ကအခန်းအပြင်ကိုထွက်ရှိလာသည်။ ရှောင်ကျန့်မျက်မှောင်ကြုတ်လိုက်ပြီး သူ့အိတ်ကပ်ထဲကအမွှေးနံ့ပါသည့်လက်ကိုင်ပုဝါလေးကိုထုတ်ယူလိုက်ပြီးရိပေါ်လက်ထဲထည့်ပေးလိုက်သည်။ ဒီလိုအနံ့သက်တွေကိုမရူရှိုက်မိစေချင်ပါ။
အခန်းထဲကိုဝင်လိုက်သည်နှင့် သွေးကွက်တို့စွန်းထင်းနေသည့်ကြမ်းပြင်ထက်ခွေလဲကျနေသည့်အမျိုးသမီးတစ်ဦးကိုရိပေါ်တွေ့လိုက်ရသည်။ ကိုကိုကသူ့လူတွေကိုအချက်ပြလိုက်တော့ ရေပုံးဖြင့်ထိုအမျိုးသမီးထံရေများလောင်းချလိုက်တော့ မပီမသအော်သံတစ်ချို့နှင့်အတူထိုအမျိုးသမီးကလဲကျနေရာမှထထိုင်ကာ ရိပေါ်တို့ကိုမြင်သည်နှင့်အနောက်ကိုကြောက်ရွံ့စွာဖြင့်ထပြေးဟန်ပြင်သည်။ သို့သော်ချက်ချင်းပင်ခွေလဲကျရပြန်သည်။
"မင်ရီရီ မင်းကိုတွေ့ဖို့လာတဲ့သူကိုအဲ့လိုပဲရှောင်ပြေးတော့မလို့လား"
"ဟင်!"
ရိပေါ်ကိုကို့ကိုအံ့ဩစွာမော့ကြည့်လိုက်မိသည်။ မင်ရီရီ သူမကမင်အိမ်တော်ရဲ့သမီးအငယ်မဟုတ်လား။ ဒါဆိုရိပေါ်ကိုလုပ်ကြံတဲ့သူကသူမ ဖြစ်နေတာလား။ ကိုကိုကရိပေါ်ပခုံးကိုဖွဖွလေးဖက်ပြီးခပ်တိုးတိုးရယ်သည်။
YOU ARE READING
If The Worst Comes To The Worst
Fanfictionငါကပြန်လည်ရှင်သန်လာခဲ့တာပဲ မင်းတို့အားလုံးရဲ့လုပ်ရပ်တိုင်းကိုငါသိနေခဲ့ပြီးသားပဲ ဒီကစားပွဲမှာ အောင်နိုင်သူကသေချာပေါက်ငါဖြစ်စေရမယ်။ ငါကပြန်လည်ရှင်သန်လာခဲ့တာပဲ မင်းတို့အားလုံးရဲ့လုပ်ရပ်တိုင်းကိုငါသိနေခဲ့ပြီးသားပဲ ဒီကစားပွဲမှာ အောင်နိုင်သူကသေချာပေါက်ငြါ...