It's Start!

865 75 8
                                    

Unicode

"မောင် ဒါဆိုမင်္ဂလာပွဲမှာချယ်ရီပန်းပဲသုံးမယ်နော်"

"အင်း မင်စုသဘောလေ"

ဧည့်ခန်းထဲကိုလှမ်းဝင်နေတဲ့ရိပေါ်ခြေလှမ်းတွေရပ်တန့်သွားသည်။ သူတို့ကပြန်တည့်သွားကြပြီလား ဒီကစားပွဲကအဲ့လောက်မလွယ်ဘူးလေ။ ရိပေါ်ရှောင်ကျန့်ထိုင်နေတဲ့နေရာနားထိလျှောက်သွားလိုက်တော့ ရှောင်ကျန့်ကရိပေါ်ကိုမော့ကြည့်လာသည်။

"ရိပေါ်နေ့လည်စာစားပြီးပြီလား"

"အင်း ကျွန်တော်ပြောစရာရှိတယ်"

"အင်းပြောလေ မင်စုကလည်းရိပေါ်ကိုတောင်းပန်ချင်နေတယ်ပြောတယ်"

"မလိုပါဘူး ခွင့်လွတ်မှာလဲမဟုတ်ဘူး"

"ရိပေါ်!"

"လာမအော်နဲ့ကျန့်ကော ကျွန်တော်လဲပြန်အော်တတ်တယ် ကျွန်တော်ပြောချင်တာကမင်္ဂလာပွဲကိုဆက်မကြီးကြပ်ပေးနိုင်တော့ဘူး"

"ဘာလို့လဲရိပေါ်"

"ကျွန်တော်လုပ်ငန်းခွင်ဝင်တော့မယ် ချန်မိသားစုရဲ့လုပ်ငန်းစုမှာလေ့လာဖို့သွားရမယ် အခုအလုပ်ခရီးအတွက်၃ရက်လောက်ခရီးသွားရမယ်"

"၃ရက်ဆိုမင်္ဂလာဆောင်မည့်နေ့ကိုမမှီတော့ဘူးပေါ့"

ရှောင်ကျန့်မျက်နှာက ခံစားချက်ကိုခန့်မှန်းမရအောင်ညိမ်သက်နေပြီး မင်စုစုကတော့မျက်နှာပျက်နေလေသည်။ ရိပေါ်သိတာပေါ့ ဒီမိန်းမကရိပေါ်ရှေ့မှာကျန့်ကောလက်ကိုဆွဲပြီးဂုဏ်မောက်ပြချင်နေတာလေ။ အခုရိပေါ်ကခရီးသွားမယ်ဆိုတော့သူ့ဆန္ဒမပြီးမြှောက်တော့ဘူးပေါ့။

"မသွားလို့မရဘူးလား"

ရှောင်ကျန့်ဆီမှထွက်ကျလာတဲ့စကားစုကခံစားချက်ကိုခန့်မှန်းမရအောင်တည်ငြိမ်နေတဲ့လေသံနှင့်သာဖြစ်သည်။

"မရဘူး ချန်ကောနဲ့အတူသွားဖို့ပြင်ဆင်ပြီးနေပြီ"

"ချန်ကော ချန်မင်ဟွမ်လား"

"အင်း"

"အဟင်းး ရိပေါ်သူကကောင်းတဲ့သူမဟုတ်ဘူးနော်"

"ကျွန်တော်ကြားသလောက်တော့သူကအစ်မမင်စုရဲ့သူငယ်ချင်းဖြစ်ခဲ့တာဆို"

If The Worst Comes To The WorstHikayelerin yaşadığı yer. Şimdi keşfedin