အခန်း (၄)
1.3K 142 2
သူ့မန်နေဂျာက ထိုပို့စ်တင်သူကို ဆက်သွယ်လိုက်ပြီး မနက်ဖြန် နေ့လည် သူတို့တွေ့လို့ရအောင် စီမံပေးလိုက်သည်။ 
ပို့စ်တင်သူက အတော်လေးကြည့်ကောင်းသည်။ သူ့အသားအရေက ကောင်းပြီးတော့ ငယ်ရွယ်သည့်ကျောင်းသားလေးပုံစံရှိနေသည်။ ရုပ်ရှင်ဧကရာဇ်ကြီးကိုတွေ့တော့ သူလှုပ်ရှားစွာဖြင့် လက်ဖက်ရည်ကိုတောင် ထွေးထုတ်မိသွားတော့သည်။
ရုပ်ရှင်ဧကရာဇ်ကြီးက သူနဲ့ဆန့်ကျင်ဘက်မှာ ထိုင်လိုက်ပြီး ပွင့်လင်းစွာမေးလိုက်သည်။ "မင်းက ပို့စ်တင်တဲ့သူလား"
ထိုမကျော်ကြားတဲ့ကောင်လေးက မေးသည်။ "ဒီပုံကို ဘယ်သူနဲ့ ရိုက်လဲဆိုတာကို ခင်ဗျား မမှတ်မိဘူးလား"
"တောင်းပန်ပါတယ်။ ငါ့မှတ်ဉာဏ်တွေ ပျောက်သွားလို့ မင်းဘယ်သူမှန်း မမှတ်မိဘူးဖြစ်နေတယ်"
မကျော်ကြားတဲ့ကောင်လေးက မပြောခင် ခေတ္တကြာတိတ်ဆိတ်နေပြီးမှ "ရပါတယ်။ ခင်ဗျား မှတ်မိအောင် ကျွန်တော် ကူညီပေးလို့ရပါတယ်"
သူပြောရင်းဖြင့် ရုပ်ရှင်ဧကရာဇ်ကြီး၏လက်ကို ကိုင်လိုက်တော့သည်။
...................
ရုပ်ရှင်ဧကရာဇ်ကြီး ဦးနှောက်ပျက်သွားပြီ || ဘာသာပြန်Where stories live. Discover now