[ နောက်ကြောင်းပြန်ခြင်း ]

374 53 0
                                    

၃၉။

လျန်ရုန် ​​အရင်ကထက်စာရင် သူ့စိတ်တွေ နည်းနည်းတော့ တည်ငြိမ်သွားပုံရသည်။ သူက ရံဖန်ရံခါ စုန်နဉ်ကို  စိုက်ကြည့်ကာ တစ်ခစ်ခစ်ဖြင့်ရူးရူးမိုက်မိုက်ရူးနေတတ်ကာ အလိုလိုက်ခံထားရသည့်အခါ အနီးသို့ကပ်သွားပြီးလည်း ချွဲနေတတ်သည်။

စုန်နဉ်က ​​ဒီလိုဆက်ဆံရေးမျိုး အရင်က တစ်ခါမှ မကြုံဖူးတာကြောင့် မကြာခဏဆိုသလို ရှက်ရွံ့သလို ခံစားခဲ့ရပေမယ့် တစ်ဖက်မှာလည်း ပျော်ရွှင်နေ၏။

လျန်ရုန်ဟာ အစာစားပြီးနောက် သတ်မှတ်ထားသော နေ့စဥ်တစ်နာရီခန့် အိပ်စက်ရမည်ဖြစ်သည်။ အရင်တုန်းကတော့ စုန်နဉ်က ဧည့်ခန်းထဲမှာ စောင့်နေပေမယ့် အခု လျန်ရုန်က စုန်နဉ်နဲ့ အတူရှိနေချိန်မှာပဲ အိပ်လို့ရတယ်လို့ ပြောလေ့ရှိကာ လျန်ရုန်က သူ့ကို ဆွဲခေါ်သွားလေ့ရှိသည်။

စုန်နဉ်က ကလေးဆန်တယ်လို့ ရယ်လျက်ပြောပေမယ့် သူ့ဘေးမှာ လှဲလျောင်းစေသည့် သူ့ရည်ရွယ်ချက်ကို အမြဲလိုက်နာခဲ့သည်။

စုန်နဉ်မှာ တစ်ရေးတစ်မောအိပ်တတ်တဲ့အကျင့်မရှိတာကြောင့် လျန်ရုန်အိပ်ပျော်သွားတဲ့အခါတိုင်း သူ့ရဲ့ချောမောတဲ့မျက်နှာထားကို တစ်နာရီလုံးလုံး တိတ်တဆိတ်ကြည့်နေတတ်သည်။


အံ့ဖွယ်အရာတိုင်းတွင် သက်တမ်းကုန်ဆုံးရက်ရှိသည်ကို သိတာကြောင့် ယခု ပစ္စုပ္ပန်အချိန်တိုင်းကို တန်ဖိုးထား မြတ်နိုးလာခဲ့သည်။

သူ့အကြိုက်ဆုံးစည်သွတ်အဝါရောင်မက်မွန်သီးများကဲ့သို့ပင် အနည်းဆုံး နှစ်နှစ်သာ သိမ်းဆည်းထားနိုင်သည်။

နှစ်နှစ်အတွင်းမှာ သူချစ်ရတဲ့သူဟာ ဒီအချစ်တွေကို သူနဲ့အတူ ယူဆောင်သွားပြီး သူ့အမှတ်တရတွေထဲမှာ ထာဝရ ပျောက်ကွယ်သွားပေလိမ့်မည်။


၄၀။

ဒီနေ့ နာရီဝက်မပြည့်ခင်  လျန်ရုန်နိုးလာသည်။

စုန့်နဉ်က "မင်းဘာလို့ဒီချိန်နိုးလာတာလဲ။ နည်းနည်းကြာကြာမအိပ်ချင်ဘူးလား"

လျန်ရုန်သည် သူ့အနားတွင် လဲလျောင်းနေသော ရှုပ်ထွေးမှုအပြည့်ဖြင့် စုန်နဉ်ကိုကြည့်ကာ "ဒေါက်တာစုန့်?"

ရုပ်ရှင်ဧကရာဇ်ကြီး ဦးနှောက်ပျက်သွားပြီ || ဘာသာပြန်Where stories live. Discover now