အခန်း (၃၆)

725 97 0
                                    

တစ်ချို့လူတွေက နမ်းတဲ့နေရာမှာလိုက်ဖက်ညီဖို့အတွက် မွေးဖွားလာတယ်လို့ ရုပ်ရှင်ဧကရာဇ်ကြီး ခံစားလိုက်ရတယ်။ အခု သူနဲ့စိတ်ရောဂါကုဆရာဝန်လေးလိုပေါ့။

သူတို့နှုတ်ခမ်းတွေထပ်တူညီသွားကြတဲ့အချိန်မှာ လျှာတွေဟာလည်း ချိတ်ဆက်သွားကြတော့တယ်။ သူ့ဆီကနေတုံ့ပြန်မှုက အတော်လေးကိုသဘာဝကျနေတယ်။

နောက်တစ်နေ့ ရုပ်ရှင်ဧကရာဇ်ကြီးနိုးလာချိန်မှာတော့ တစ်ယောက်ယောက်ဆီကနေအထိုးခံထားရသကဲ့သို့ သူ့ခေါင်းတွေက နာကျင်နေခဲ့တယ်။ လက်မြှောက်ပြီး ခေါင်းကိုအနည်းငယ်ပွတ်လိုက်ချင်ပေမဲ့လည်း သူ့ရင်ဘတ်ကနေ အသက်ရှူသံမျှင်းမျှင်းလေးကို ကြားလိုက်ရတယ်။ 

သူမျက်လုံးတွေကို ဖွင့်လိုက်ပြီး ကြည့်လိုက်တယ်။ ချက်ချင်းဆိုသလိုပဲ သူမျက်နှာကြီးတစ်ခုလုံးက အပြုံးတွေနဲ့ဝေဆာလာတော့တယ်။ 

စိတ်ရောဂါကုဆရာဝန်လေးက အိပ်နေဆဲဖြစ်ပြီး သူ့ရင်ခွင်ထဲမှာ ငြိမ်သက်စွာလဲလျောင်းနေကာ သူ၏လက်မောင်းများဖြင့် ထွေးပွေ့ထားတယ်။ သူ့အသားအရည်ပေါ်က နူးနူးညံ့ညံ့ဆံပင်လေးတွေက သူ့ဘဝမှာဘယ်တုန်းကမှမရနိုင်တဲ့ စိတ်ကျေနပ်မှုတွေကို ယူဆောင်လာပေးခဲ့တယ်။

အရင်တုန်းက လုံးဝမခံစားခဲ့ဖူးတာမဟုတ်ပေမဲ့လည်းပေါ့။ အရင်တုန်းကလည်း ဒီလိုပုံရိပ်မျိုးရှိခဲ့ဖူးတယ်လို့ ခံစားနေရပေမဲ့လည်း သူပြန်လည်စဉ်းစားလို့မရနိုင်။

.........







ရုပ်ရှင်ဧကရာဇ်ကြီး ဦးနှောက်ပျက်သွားပြီ || ဘာသာပြန်Where stories live. Discover now