နောက်ရက်တွေမှတော့ ရုပ်ရှင်ဧကရာဇ်ကြီးက outdoor shooting ရိုက်ရတာကြောင့် စိတ်ရောဂါကုဆရာဝန်ကို ချိန်းရန်အချိန်မရပေ။
outdoor scene က တောင်ပေါ်တွင် ရိုက်ရတာဖြစ်သည်။ အတော်လေးကို ငြိမ်သက်သည့်နေရာဖြစ်သည်။ ရှုတင်သိမ်းပြီးချိန်မှာ အဖွဲ့သားများအားလုံးဟာ တောင်ခြေရင်းရှိ တည်းခိုခန်းတွင်သာ အနားယူကြရသည်။ ဒါတောင်မှ သူတို့နားတွင်ရှိသည့် အကောင်းဆုံး တည်းခိုခန်းဖြစ်သည်။
ညတစ်ညတွင် မိုးခြိမ်းသံမြည်ဟည်းလာတော့သည်။ မိုးခြိမ်းသံနှင့်အတူ လျှပ်စီးများလည်း လျှပ်လာတာကို ပြတင်းပေါက်ကနေ လှမ်းမြင်နေရသည်။ ရုပ်ရှင်ဧကရာဇ်ကြီးက အိပ်ရာကနေထကာ Valium ဆေးပြားနှစ်ပြားကို သောက်လိုက်တာတောင်မှ စိတ်မတည်ငြိမ်သေးသလို ခံစားနေရသေးသည်။
သူ စိတ်ရောဂါကုဆရာဝန်ကို ဖုန်းခေါ်လိုက်သည်။
"ညနက်ကြီးမှ မင်းကို ဖုန်းခေါ်ရလို့ အားနာပါတယ်"
တစ်ဖက်သူက ဖုန်းသံကြောင့် နိုးသွားမှန်း သိသာနေသည်။ သူ့အသံက အနည်းငယ် ဝိုးတဝါးဖြစ်နေသည်။ သူပြော၏။ "ရပါတယ်။ ဘာကိစ္စများရှိလို့လဲ"
"အပြင်မှာ မိုးတွေချိန်းနေလို့ ငါအိပ်မရဘူး"
.....................
ေနာက္ရက္ေတြမွေတာ့ ႐ုပ္ရွင္ဧကရာဇ္ႀကီးက outdoor shooting ႐ိုက္ရတာေၾကာင့္ စိတ္ေရာဂါကုဆရာဝန္ကို ခ်ိန္းရန္အခ်ိန္မရေပ။
outdoor scene က ေတာင္ေပၚတြင္ ႐ိုက္ရတာျဖစ္သည္။ အေတာ္ေလးကို ၿငိမ္သက္သည့္ေနရာျဖစ္သည္။ ရႈတင္သိမ္းၿပီးခ်ိန္မွာ အဖြဲ႕သားမ်ားအားလုံးဟာ ေတာင္ေျခရင္းရွိ တည္းခိုခန္းတြင္သာ အနားယူၾကရသည္။ ဒါေတာင္မွ သူတို႔နားတြင္ရွိသည့္ အေကာင္းဆုံး တည္းခိုခန္းျဖစ္သည္။
ညတစ္ညတြင္ မိုးၿခိမ္းသံျမည္ဟည္းလာေတာ့သည္။ မိုးၿခိမ္းသံႏွင့္အတူ လွ်ပ္စီးမ်ားလည္း လွ်ပ္လာတာကို ျပတင္းေပါက္ကေန လွမ္းျမင္ေနရသည္။ ႐ုပ္ရွင္ဧကရာဇ္ႀကီးက အိပ္ရာကေနထကာ Valium ေဆးျပားႏွစ္ျပားကို ေသာက္လိုက္တာေတာင္မွ စိတ္မတည္ၿငိမ္ေသးသလို ခံစားေနရေသးသည္။ သူ စိတ္ေရာဂါကုဆရာဝန္ကို ဖုန္းေခၚလိုက္သည္။
"ညနက္ႀကီးမွ မင္းကို ဖုန္းေခၚရလို႔ အားနာပါတယ္"
တစ္ဖက္သူက ဖုန္းသံေၾကာင့္ ႏိုးသြားမွန္း သိသာေနသည္။ သူ႔အသံက အနည္းငယ္ ဝိုးတဝါးျဖစ္ေနသည္။ သူေျပာ၏။ "ရပါတယ္။ ဘာကိစၥမ်ားရွိလို႔လဲ"
"အျပင္မွာ မိုးေတြခ်ိန္းေနလို႔ ငါအိပ္မရဘူး"
YOU ARE READING
ရုပ်ရှင်ဧကရာဇ်ကြီး ဦးနှောက်ပျက်သွားပြီ || ဘာသာပြန်
RomanceAssociated Name - 影帝的脑子坏了 Original Author - 许半仙 (Xu Banxian) Eng Translator - Foxaholic Chapters - 24 Chapters (Completed) This is not my own. All rights belong to Original Author. Enjoy!