၁။
စုန်နဉ် လျန်ရုန်ကိုစတွေ့တုန်းက လွန်ခဲ့သည့်သုံးနှစ်ကဖြစ်ပြီး ထိုစဉ်က နိုင်ငံခြားမှစိတ်ရောဂါကုဒေါက်တာဘွဲ့ကို ရရှိခဲ့ပြီး တရုတ်ပြည်သို့ စိတ်ရောဂါကုဆရာဝန်အဖြစ် ဆေးခန်းဖွင့်လစ်ရန် ပြန်လာခဲ့သည့်အချိန်ကဖြစ်သည်။
လျန်ရုတ်မဝင်လာခင်လေးတင်မှာပဲ စုန့်နဉ်က ဝေ့ပေါ်ကို အပေါ်အောက်ဆွဲကြည့်နေတုန်းဖြစ်ကာ ရုပ်ရှင်ဧက္ကရာဇ်ကြီး၏ သတင်းဖြစ်သည့် ရုပ်ရှင်ဧက္ကရာဇ်ကြီးဟာ ကားမတော်တဆမှုတွင်ပါဝင်ခဲ့ရပြီး ရိုက်ကူးရေးတွေကို ခေတ္တရပ်နားထားသည့်အကြောင်း ရေးထားခြင်းဖြစ်သည်။ သူမော့ကြည့်လိုက်ချိန်မှာတော့ ရုပ်ရှင်ဧက္ကရာဇ်ကြီးက သူ့အရှေ့တွင် ရပ်နေခဲ့ပြီ။
အသက်နှစ်ဆယ့်ခုနစ်နှစ်သာရှိသေးသည့်ရုပ်ရှင်ဧက္ကရာဇ်ကြီးမှာ အရပ်ရှည်ကာ ယဉ်ကျေးပုံပေါ်သည်။ သူ့ပုံကဖြူထျော့နေပုံပေါ်နေပေမဲ့လည်း သူ့ပုံစံကိုတော့ ထိခိုက်ခြင်းမရှိပါပေ။
စုန်နဉ်အရှေ့မှာရှိတဲ့ဆိုဖာခုံကို သွားလိုက်ပြီး ထိုင်လိုက်တယ်။ သူ့ရဲ့လက်တွေကို တွယ်ချိတ်ထားကာ စိတ်တည်ငြိမ်နေပုံပေါ်သည်။
"ဟယ်လို.. ကျွန်တော့်နာမည်က လျန်ရုန်ပါ"
စုန်နဉ်က ကြောင်နေရာမှအသိပြန်ဝင်လာပြီး သူ့ဖုန်းကိုပိတ်လိုက်ကာ မတ်တတ်ရပ်ပြီး ပြောလိုက်သည်။ "အိုး.. ကျွန်တော်သိပါတယ်။ ဘယ်လိုများ ကူညီပေးရမလဲဗျ"
၂။
"ဒေါက်တာဟော်နာက ထောက်ခံချက်ပေးပြီး ညွှန်းလိုက်လို့ပါ။ သူအနှစ်သက်ဆုံးကျောင်းသားဆိုလို့ပါ" လျန်ရုန်ပြော၏။
စုန်နဉ်က ပြန်ထိုင်လိုက်ပြီး ကျိုးနွံစွာပြောလာသည်။ "ကျွန်တော်တို့ဆရာက အရမ်းတော်တော့ သူသင်ပေးလိုက်တဲ့ကျောင်းသားတိုင်းက ထူးချွန်ကြပါတယ်"
"သူပြောတာက DID (Dissociative identity disorder) ကို ဘယ်လိုကုသရမလဲဆိုတာကို မင်းသိတယ်တဲ့"
စုန်နဉ်ပြန်ဖြေ၏။ "ဟုတ်တယ်။ နိုင်ငံခြားမှာရှိတုန်းက DID ရောဂါဖြစ်နေတဲ့ လူနာတစ်ယောက်ကို ကုသပေးခဲ့ဖူးတယ်။ အသက်ခုနစ်ဆယ်အရွယ်အဘွားအိုတစ်ယောက်လေ.. သူက အသ်ကခုနစ်ဆယ်နဲ့ တစ်ဆယ့်ခုနစ်နှစ်အရွယ်ကို ပြောင်းသွားလိုက် ပြန်ရောက်လာလိုက်နဲ့ ဖြစ်နေတာ.. ပထမကတော့ သူ့မိသားစုက အဲ့လိုဖြစ်နေတာကို ကုသဖို့တောင်းဆိုခဲ့တယ်။ သူ့အခြေအနေပေါ်မူတည်ပြီးတော့ သုံးနှစ်ကြာကုသမှုကြီးကို ပြုလုပ်ခဲ့တယ်။ ကုသမှုက ကောင်းကောင်းမွန်မွန်ဖြစ်နေခဲ့ပေမဲ့လည်း နောက်ဆုံးတော့လည်း သူ့မိသားစုကပဲ လိုလိုလားလားနဲ့ပဲ လက်လျော့ခဲ့တယ်"
YOU ARE READING
ရုပ်ရှင်ဧကရာဇ်ကြီး ဦးနှောက်ပျက်သွားပြီ || ဘာသာပြန်
RomanceAssociated Name - 影帝的脑子坏了 Original Author - 许半仙 (Xu Banxian) Eng Translator - Foxaholic Chapters - 24 Chapters (Completed) This is not my own. All rights belong to Original Author. Enjoy!