[ နောက်ဆုံးအပိုင်း - စ ]

561 76 1
                                    

၁။

ဒီနေ့ဟာ တနင်္ဂနွေနေ့ဖြစ်ပြီး ဆေးခန်းပိတ်သည့်နေ့ဖြစ်တာကြောင့် စုန့်နဉ် နေ့လယ်အထိ တနေကုန် အိပ်နေ၏။

သူ့မျက်လုံးတွေအကုန်လုံးမဖွင့်ခင်မှာ စုန့်နဉ်က သူ့အိပ်ယာဘေးက ဖုန်းကို လှမ်းကိုင်လိုက်ပြီး Weibo မှာ အပေါ်ဆွဲအောက်ဆွဲနည်းနည်းလေးလုပ်နေ၏။

သူ မျက်လုံးတစ်ဖက်မှိတ်လျက်ဖြင့် အချိန်နှင့်တစ်ပြေးညီ ရှာဖွေမှုစာရင်းကို နှိပ်လိုက်ရာ လျန်ရုန်က နံပါတ်တစ် ရေပန်းစားသည့်နေရာသို့ ထပ်မံရောက်ရှိသွားကြောင်းကို သူတွေ့လိုက်ရသည်။

လျန်ရုန်တစ်ကျော့ပြန်စပြီးကတည်းက သူ့ကို အပြင်းအထန်ရှာဖွေမှုများ ဆက်တိုက်ပြုလုပ်လာခဲ့ကြတာကို စုန့်နဉ်တွေ့ရတော့ မအံ့ဩမိတော့ပါချေ။

ယနေ့၏ Hot Search တွင် 'လျန်ရုန် အရှုပ်တော်ပုံကို ဖြေရှင်းပြီ' ဟူ၍ဖြစ်သည်။


၂။

အဆိုပါ အရှုပ်တော်ပုံသည် နာမည်ကြီး နာရီတစ်လုံးကို အင်တာဗျူးပြီး နောက်ကွယ်မှ  စတင်ခဲ့ခြင်းဖြစ်သည်။ လျန်ရုန်သည် အသစ်ခန့်အပ်ခြင်းခံထားရသည့် ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး ထို
နေရာတစ်လျှောက်လုံးတွင် သတင်းထောက်များ၏ ဝန်းရံခြင်းကို ခံခဲ့ရသည်။

ဖျော်ဖြေရေးနယ်ပယ်က သတင်းထောက်တွေအတွက် စိတ်ဝင်စားစရာအကောင်းဆုံးအကြောင်းအရာက အမြဲတမ်း အတင်းအဖျင်းစကားဝိုင်းပါပင်။ သူ့ဇာတ်ကားသစ်ရိုက်ကူးရေး တိုးတက်မှုနှင့်ပတ်သက်၍
မေးခွန်းအနည်းငယ်မေးပြီးနောက် မကြာသေးမီက ရုပ်ရှင်ဧကရာဇ်ကြီး၏သီးသန့်ဆက်ဆံရေးကို မေးမြန်းရန် လှည့်လာခဲ့ကြတော့သည်။

"မစ္စတာလျန် မင်း လက်ရှိနာမည်ကြီးကြယ်ပွင့်အသစ် ချီလုယွမ်နဲ့တွဲနေတာ အမှန်ပဲလား"

"ဘယ်အချိန်ကစတယ်ဆိုတာ ငါတို့သိလို့ရနိုင်မလား"

"မင်းတို့နှစ်ယောက်ကြား ပရောဂျက်တစ်ခု ပူးပေါင်းဆောင်ရွက်ကြမှာလား"

လျန်ရုန်က မိုက်ခရိုဖုန်းကိုယူကာ ယဉ်ယဉ်ကျေးကျေး ပြုံးလျက် "အဲလိုမဟုတ်ပါဘူး၊ ရှောင်ချီနဲ့ ကျွန်တော် သူငယ်ချင်းသက်သက်ပါပဲ"

ရုပ်ရှင်ဧကရာဇ်ကြီး ဦးနှောက်ပျက်သွားပြီ || ဘာသာပြန်Where stories live. Discover now