အခန်း (၂၂)
925 114 0
စိတ်ရောဂါကုဆရာဝန်က ဟင်းသုံးပွဲနဲ့ ဟင်းချိုတစ်ခွက်ကို ချက်ထားတယ်။ စားဖိုမှူးလက်ရာလောက် မကောင်းပေမဲ့လည်း အတော်လေးကောင်းပြီး ရုပ်ရှင်ဧကရာဇ်ကြီးရဲ့အကြိုက်နဲ့ ကိုက်ညီပေသည်။ 
သက်သေပြတဲ့အနေနဲ့ တစ်ပန်ကန်လုံးကို စားလိုက်ပြီးနောက် ပြောင်နေသည့်ပန်းကန်လုံးကို ဂုဏ်ယူစွာဖြင့် စိတ်ရောဂါကုဆရာဝန်ကို ပြလိုက်သည်။
အဲ့ဒါက အတော်လေးကလေးဆန်တဲ့အမူအရာဖြစ်တာကြောင့် စိတ်ရောဂါကုဆရာဝန်ကို ကြောင်အသွားစေတော့သည်။ 
ရုပ်ရှင်ဧကရာဇ်ကြီးလည်း သတိထားမိသွားပြီး ရှက်ရွံ့စွာဖြင့် ပြုံးပြလိုက်သည်။ "ဒါက ငါနဲ့ရင်းနှီးတဲ့သူတွေနဲ့ဆိုရင် အဲ့လိုမျိုးဖြစ်တတ်တယ်။ ငါ့ကို မရယ်နဲ့နော်"
စိတ်ရောဂါကုဆရာဝန်က ချက်ချင်းခေါင်းခါလိုက်ပြီး "ဘာလို့ရယ်ရမှာလဲ"
 ရုပ်ရှင်ဧကရာဇ်ကြီးလည်း မနေသာစွာဘဲ အရင်ကောင်လေးတုန်းကလည်း ဒီလိုပဲ ကလေးဆန်တဲ့လူဖြစ်ခဲ့သလားဆိုတာကို တွေးမိတော့သည်။ 
..................
ရုပ်ရှင်ဧကရာဇ်ကြီး ဦးနှောက်ပျက်သွားပြီ || ဘာသာပြန်Where stories live. Discover now